ဝုဋ်

531 55 7
                                    

"""""""""""""""

ဘိုးဘိုးရဲ့ဒေါသကိုသူစောင့်မျှော်နေပေမယ့်
ဘိုးဘိုးရဲ့မျက်နှာကဘာမှမထူးခြားသွား...

တကယ်ဆို....
ဘိုးဘိုးအံ့ဩသွားရမှာမဟုတ်ဘူးလား......

ပထမ အံ့သြ မယ်....
ဒုတိယ ဒေါသထွက်မယ်....
တတိယ သူ့ကိုလိမ်လည်မှုနဲ့ တရားစွဲမယ်
ဆိုရင်တောင်ရတယ်.....

ဒါပေမယ့်....
သူပြောလိုက်တဲ့စကားက
ဘိုးဘိုးအတွက်ဘာမှမထူးခြားသလိုပဲ...

" ဘိုးဘိုး.......''

"ဘိုးဘိုးသိပြီးသားပါ......''

အံ့သြ လွန်းမက အံ့သြ ရသူက သူကိုယ်တိုင်....

သူက Kongpob မဟုတ်တာကို
ဘိုးဘိုးကသိနေတယ်...
သူတောင် မကြာသေးခင်ကမှသိတာလေ...

" Kentu ကို စိတ်ဆိုးပြီးပစ်ထားတာ
မှန်ပေမယ့် သူ့အကြောင်းမှန်သမျှကို
ဘိုးဘိုးမသိတာတော့မဟုတ်ဘူးလေ
Singto ရဲ့....''

ဗုဒ္ဓေါ......

ဘိုးဘိုးက သူဘယ်သူဆိုတာပါသိနေတယ်....

" ဘိုးဘိုးမှာသားသမီးနှစ်ယောက်ပဲ
ရှိတာ မြေးလည်းသိနေတာပဲ....
သားက နိုင်ငံခြားမှာကျောင်းသွားတက်တယ်.. ပိုက်ဆံဖြုန်းဖို့ပဲသိပြီး
စာလည်းမကြိုးစား မိန်းမကလိုက်စားလိုက်သေး...
မူးယစ်ဆေးဆိုလည်း သူပါတယ်....
အဲ့ဒါကြောင့်မို့ Kentu ကို
ဘိုးဘိုးပစ်ထားခဲ့တာ...သူပြောင်းလဲလာတဲ့တစ်နေ့မှာပြန်ခေါ်မယ်ဆိုတဲ့ဆုံးဖြတ်
ချက်နဲ့ပေါ့....
ဒါပေမယ့် ဘိုးဘိုးတွက်ကိန်းမှားသွားခဲ့တယ်...
သူက ဟိုနိုင်ငံသူနဲ့ယူပြီး အရင်လို
ပေပေတေတေပဲ....
ဇနီးအပေါ်လည်းမကောင်း
သားအပေါ်လည်းတာဝန်မကျေနဲ့....
မြေး Kongpob ဟာ သူ့စားရိတ်သူရှာပြီး
ပဲကျောင်းတက်ရရှာတယ်...''

ဘိုးဘိုးရဲ့မျက်လုံးတွေဟာရီဝေလို့...
မှန်ပြတင်းအပြင်က အမှောင်ထုကို
စိုက်ကြည့်နေလေတယ်...

သူမသိသေးတဲ့အကြောင်းအရာတွေမို့
ဘိုးဘိုးစကားဆက်လာမှာကိုပဲ
သူစောင့်နေလိုက်တယ်....

" မြေး Kongpob မဆုံးခင်ထဲက ဘိုးဘိုး
နဲ့အဆက်သွယ်ရှိတယ်....
ဒါပေမယ့် Kentu ကတော့မသိဘူး...
အဲ့ဒါကြောင့်လည်း လူစားထိုးဖို့အကြံကို
Putawam မိသားစုနဲ့ ပေါင်းကြံခဲ့တာပေါ့.....ဖြစ်ချင်တော့
Kongpob accident ဖြစ်တဲ့နေ့ရဲ့
နောက်နေ့မှာပဲ Singto လည်း
Accident ဖြစ်ခဲ့တာလေ....
အဲ့တိုက်ဆိုင်မှုက Cola Supan
Putawam အတွက်အကွက်ကောင်း
ဖြစ်သွားခဲ့တာပေါ့...
Cola က Singto ကိုတဖက်သတ်သဘောကျနေခဲ့တာကိုး...''

Without YouWhere stories live. Discover now