.. ၁၀၀ ..
18.2K 1.6K 52
《Zawgyi》
အပိုင်း - ၁၀၀
[ငါ သူနဲ့ မရင်းနှီးပါဘူး - ၁]
နောက်တစ်နေ့ ချင်းစုယွဲ့ အလုပ်သွားချိန်မှာ အားအင်တွေ ကုန်ခမ်းနေပြီး နေ့လည်စာ စားပြီးသွားချိန်မှာတော့ လုံးဝကို တရေးအိပ်ပျော်သွားမိ၏။ ထို့နောက် သန့်စင်ခန်းသို့သွားကာ မျက်နှာကို ဆေးကြောသန့်စင်ပြီး မိတ်ကပ် နည်းနည်း ထပ်ပြင်လိုက်သည်။ သူမ ရုံးခန်းထဲ ပြန်ရောက်ချိန်မှာတော့ မိန်းမလှလေး လု ဟာ ၁၀စင်တီမီတာ (၄လက်မနီးပါး) မြင့်သည့် ဒေါက်ဖိနပ်နှင့်အတူ ထီမထင်ဟန်  တင့်တယ်စွာ ချင်းစုယွဲ့၏ ရုံးခန်းတွင်းသို့ ဝင်ရောက်လာပြီး ချင်းစုယွဲ့အား ... "အယ်ဒီတာချုပ်က နင့်ကို လာတွေ့ဖို့ ခေါ်နေတယ်"
"ဘာရယ်?" ချင်းစုယွဲ့မှာ အယ်ဒီတာချုပ်က ဘာလို့ မိန်းမလှလေး လု ကို သူမကို လာခေါ်ခိုင်းရလဲဟူ၍ တွေးကာ စိတ်ရှုပ်သွား၏။ မိန်းမလှလေး လု ဟာ အင်တာဗျူး အစီအစဉ်တွေမှာဆိုရင် ရွှေအဆင့်ရှိသည့် အစီအစဉ် တင်ဆက်သူ တစ်ယောက် ဖြစ်ကြောင်း သိကြလေသည်။ ရုပ်သံလွှင့်ဌာနရှိ ရုပ်ရှင်သရုပ်ဆောင်တွေနှင့် အောင်မြင် ကျော်ကြားသူများ အားလုံး၏ အင်တာဗျူး အကုန်လုံးအား ထိုမိန်းမလှလေး လု ကပဲ တင်ဆက်တာ ဖြစ်သည်။
ချင်းစုယွဲ့က တုပ်တုပ်မျှမလှုပ်သည့် အချိန်မှာတော့ မိန်းမလှလေး လု က  တိုက်တွန်းလေ၏။ "ဟဲ့မြန်မြန်လုပ်လေ .. ဒီလိုဖြုန်းတီးနေဖို့အတွက် ငါ့မှာအချိန်မရှိဘူး!"
ချင်းစုယွဲ့ဟာ ထိုမိန်းကလေးနဲ့ စကား သိပ်မပြောဖူးပေမယ့် အခြားသော လုပ်ဖော်ကိုင်ဖက်တွေထံမှ ထိုမိန်းကလေး အကြောင်းကို ကြားဖူးခဲ့၏။ ထိုမိန်းကလေးက မောက်မာရိုင်းစိုင်းပြီး အကြောင်းအကျိုး တွေးတတ်သူ မဟုတ်ဘူး ဆိုတာကို ချင်းစုယွဲ့က သိပြီးသဖြင့် သူမနှင့် စကားပြိုင်ပြောကာ ငြင်းခုံမနေတော့ပေ။
အယ်ဒီတာချုပ် ရုံးခန်းကို သွားသည့် လမ်းမှာ ချင်းစုယွဲ့က မိန်းမလှလေး လု နှင့် တစ်နေရာထဲကို အတူ သွားနေတာ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။ ချင်းစုယွဲ့မှာ ပိုပိုပြီး သိချင်လာမိတော့သည်။ 'ဘာကိစ္စ ရှိလို့ပါလိမ့်?'