.. ၁၀၁ ..
17.6K 1.8K 100
《Zawgyi》
အပိုင်း - ၁၀၁
[ငါ သူနဲ့ မရင်းနှီးပါဘူး - ၂]
ရှန်ဝမ်းယန့် ပြောတဲ့ တောင်းဆိုချက်က?
ထိုရှန်ဝမ်းယန့်မှာ ပြန်ရောက်လာထဲက တကယ်ကို နာမည်ကျော်ကြားပြီး လူသိများသည့်အတွက် မရေမတွက်နိုင်သည့် အစီအစဉ်ပေါင်းများစွာအား တက်ရောက်ခဲ့သည်ကို ချင်းစုယွဲ့ သိရှိခဲ့၏။ သို့သော်လည်း ထိုပွဲတွေ အားလုံးက ရှန်ကျင်းမြို့မှာပင် ဖြစ်သည်။ သူက ဘာလို့ ရုတ်တရက်ကြီး Aမြို့ကို ရွှေ့လာရတာလဲ? ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ?
ချင်းစုယွဲ့မှာ ရှန်ဝမ်းယန့်၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်သဖြင့် သူမရဲ့ အရည်အချင်းကို အကောင်းဆုံးဖြစ်အောင် စိတ်ကို ပြင်ဆင်ထားဖို့ရာသာ တတ်နိုင်တော့သည်။ အချိန် ကျရောက်လာရင်တော့ မီးစင်ကြည့်ကရမှာပင်။
လျှင်လျှင်မြန်မြန်ပဲ ညဘက်သို့ ရောက်လာတော့၏။
မိတ်ကပ်ပညာရှင်က ချင်းစုယွဲ့ကို မိတ်ကပ် ပြင်ဆင်ပေးနေချိန်မှာ ချင်းစုယွဲ့ဟာ မျက်လုံးကိုမှိတ်ကာ သူမ မေးမြန်းရမည့် မေးခွန်းတွေကို ပြန် စဉ်းစားကြည့်နေလိုက်သည်။
အရာအားလုံးက အဆင်သင့် ဖြစ်သွားချိန်မှာတော့ သူမကလည်း မှတ်တမ်းတင် ရိုက်ကူးရမည့် နေရာသို့ ရောက်ရှိနေပေပြီ။ ရိုက်ကူးရေး ဝန်ထမ်းတွေကလည်း နေရာတကျ ဖြစ်သွားချိန်မှာ ချင်းစုယွဲ့က အသံနားထောင်မည့် နားကြပ်တို့၏ အသံ အရည်အသွေးကို စစ်ဆေးလိုက်ပြီး မည်သည့်ပြဿနာကိုမှ မတွေ့ပေ။
အရာရာတိုင်းဟာ နေရာတကျဖြစ်နေပြီးတော့ ရှန်ဝမ်းယန့် တစ်ယောက်သာလျှင် ပျောက်နေတာဖြစ်၏။
ချင်းစုယွဲ့နှင့် အခြားသောသူများမှာ အသေအချာကို မိနစ်၂၀အောက် မလျော့တာသာ ရှိမည် ထိုထက်ပို၍ ကြာအောင်ကို ရှန်ဝမ်းယန့်ကို စောင့်လိုက်ရသည်။ ရှန်ဝမ်းယန့်က နောက်ကျမှ ရောက်ရှိလာပြီး အဖြူရောင် အထပ်ထပ်တွေနှင့် အင်္ကျီကို ဝတ်ဆင်ထားကာ တင်ပါးဖုံးရုံ အနက်ရောင် စကပ်ကို ဝတ်ဆင်ထား၏။