Spiritual Love 12

1.5K 96 3
                                    

~Spiritual Love~

(Uni)

Part(12)

မြို့လယ်ကောင်လမ်းမနားက စည်ကားစွာ သွားလာနေကြသည့် လူတွေ..။

ဆိုင်တိုင်းမှာလည်း လူအပြည့်ဖြင့် ညသန်းခေါင်ရဲ့ လှပမှုကို ခံစားနေကြသည်..တစ်ချို့ကတော့ ပျော်ရွှင်နေကြသည်..တစ်ချို့ကတော့ အမူးလွန်ပြီးအလဲအကွဲနဲ့ပေါ့...။

ကောင်းကင်ပေါ်က လမင်းကြီးကတော့ လူကောင်းလူဆိုးမှန်သမျှကို သူတတ်နိုင်သည့် အားလေးနဲ့အလင်းရောင်ပေးနေမြဲ.....။

"Kong.."

"ဟင်..M..ပြောလေ.."

အတွေးလွန်နေသည့် Kongကို ကြည့်ပြီး Mသက်ပြင်းချလိုက်သည်..ခုနလေးတင် May ဖုန်းဆက်ပြီးပြောပြတာက "Kong အသဲကွဲနေတယ်"တဲ့...။

သူ သိတာပေါ့ ..သူ သိလို့ကို Kongကို ဒီနေရာခေါ်လာခဲ့တာ...။

"မင်းအဆင်ပြေရဲ့လား..သောက်တာများနေပြီ.."

"အင်း..ပြေပါတယ်..ဒီနေ့မှ သိပ်မမူးသလို့ပဲ ဟင်း.."

မူးနေသည်လို့ ထင်ရပေမဲ့လည်း ထင်သလောက်မမူးသေးသည့်Kong..။

"Kong ငါတို့ အိမ်ပြန်ကြမယ်လေ..."

"အင်း..ခဏနေပြန်ကြမယ်..M.."

သူတို့လာခဲ့တာအချိန်တော်တော်ကြာနေခဲ့ပြီ..သူငယ်ချင်းဆီက ရင်ဖွင့်စကားများ ကြားရမလားလို့ ထင်ခဲ့ပေမဲ့ မြိုသိပ်နိုင်သည့် Kongက တစ်ဖက်သူ၏ အကြောင်းကို ထိထိရောက်ရောက်မပြောပြ..Kong၏ချစ်ခြင်းကိုသာ သူခံစားမိသည်...။

"ဒါဆိုငါ အပေါ့သွားလိုက်အုန်းမယ်နော်..Kong..ပြီးရင် ပြန်ကြမယ်..ညဥ့်နက်နေပြီ.."

"အင်း..."

Mထွက်သွားသည်နှင့် သူ သောက်လက်စကို ဆက်မော့လိုက်သည်..။

တကယ်ပါ..ရင်ထဲက အပူကို ဘယ်လို ငြိမ်းရပါ့မလဲ..သူချစ်ရသူကို ဘယ်လိုများ ရင်ဖွင့်ရမလဲ..။

အခုချိန်ထိ မမူးသေးသည့် အကြောင်းက ပြုံးရယ်နေသည့် ကောင်လေးကြောင့်သာ..။

"တီ..."

Messageသံကြောင့် သူ ဖုန်းကို ကြည့်လိုက်သည်..miss callပေါင်းများစွာ..ပြီးတော့ messageတွေ..ပြီးတော့ လင်းတတ်လာသည့်ပုံလေးက နှင်းဆီတစ်ပွင့်ကို မြတ်မြတ်နိုးနိုးနမ်းရှိုက်နေသည့် P'Arthit ပုံလေး..တစ်နည်းအားဖြင့် သူ ခိုးရိုက်ထားခဲ့သည့် သူချစ်ရသူရဲ့ ပုံလေး..။

~Spiritual Love~(Z/U)Where stories live. Discover now