.. ၁၀၇ ..
18.3K 1.8K 242
《Zawgyi》
အပိုင်း - ၁၀၇
[မသပ်မရပ် ဖြစ်နေသည့် ချန်းစီနျန် - ၁]
ချင်းစုယွဲ့မှာ ချန်းစီနျန်၏ အရှက်မရှိတဲ့ အပြုအမူတွေကြောင့် သူ့ကို အရှုံးပေးလိုက်ရတော့သည်။ သူက ချင်းစုယွဲ့ကို အခွင့်အရေးယူပြီး သွားသည့်နောက် ထမင်းစား စားပွဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ကာ သူ့မနက်စာကို စ စားလိုက်ပြီး သူမကို အားပျော့ စိတ်မကောင်းစွာ မေးလိုက်သည်။ "မင်း မစားတော့ဘူးဆိုတာ သေချာလား?"
ချင်းစုယွဲ့က ချန်းစီနျန်ကို စိုက်ကြည့်ကာ သရော်ဟန်ဖြင့် ... "ဥက္ကဌချန်းကို မနက်စာဖိုး ပြန်ပေးဖို့အတွက် ကျွန်မက တွေးထားရအုန်းမှာလားရှင့်?" A ကောလိပ်တွင် ဖြစ်ပျက်ခဲ့သည်တို့အား သူမ ရှင်းရှင်းလင်းကြီးကို မှတ်မိသေး၏။
ချန်းစီနျန်က မော့ကြည့်လိုက်ပြီး ခေါင်းယမ်းပြ၏။ "မင်းက ကိုယ်တစ်ယောက်ထဲကိုပဲ ကွက်ပြီး စိမ်းကားတာကို ကိုယ်သတိထားမိတယ် ... ကိုယ့်လို လူကြီးလူကောင်းတစ်ယောက်ရဲ့ နှလုံးသားကို မင်းရဲ့ ကိုယ်ပိုင်စံနှုန်းတွေနဲ့ တိုင်းတာမပေးနိုင်ဘူးလား?"
ချင်းစုယွဲ့က ရယ်လျက် .. "ကျွန်မ မဝံ့ရဲပါဘူးရှင် .. အဆုံးသတ်ကျရင် ကျွန်မ ဘယ်လိုမျိုး သေဆုံးသွားရမလဲ ဆိုတာတောင် မသိတော့ ကြောက်မိပါတယ်"
ချန်းစီနျန်ဟာ ထိုစကားကိုကြားတော့ သူ့မျက်ခုံးတွေကို ရှုံ့မဲ့လိုက်၏။ ချင်းစုယွဲ့က သေဆုံးသည့်အကြောင်း ပြောသည်အား သူ လုံးဝကို မကြိုက်ပေ။ ဘာလို့ ပြင်းထန်ဆိုးရွားသည့် သေဆုံးမှုနှင့်ပဲ သေဆုံးရမည်လို့ပဲ သူမက အမြဲတမ်း တွေးနေရတာလဲ?
လေထုက ရုတ်တရက် မသက်မသာ ဖြစ်လာ၏။ ချန်းစီနျန်က စကားပြောမလို့ လုပ်ပေမယ့် ထိုအချိန်မှာပဲ တံခါးမှ လူခေါ်ခေါင်းလောင်းက မြည်လာခဲ့သည်။
ချင်းစုယွဲ့ဟာ တံခါးဆီသို့ လျှောက်မသွားခင် ချန်းစီနျန်အား စိုက်ကြည့်လိုက်သေး၏။ သူမက ထုံးစံအတိုင်း ဘယ်သူလဲမေးလိုက်တော့ ရှချောင်း ဖြစ်နေ၏။ ချင်းစုယွဲ့က ရှချောင်းရဲ့အသံကို ကြားတော့ သူ့ကို တံခါးဖွင့်ပေးလိုက်သည်။ ချန်းစီနျန်ကတော့ 'ရှချောင်း'ဟူသည့် အသံကို ကြားလိုက်ချိန်မှာ အကြည့်က နက်မှောင်လာလျက် သူ့ရှပ်အင်္ကျီမှ ကြယ်သီးတို့ကို ဖြုတ်လိုက်သည်။