At ပေကျင်း....
လျိုအိမ်တော်မှာ ပါတီကျင်းပနေတယ်
လျိုသခင်လေးပြန်လာတဲ့အထိန်းအမှတ်နဲ့ လျိုသခင်လေးနဲ့ကျန်းသခင်လေးတို့ရဲ့ မင်္ဂလာပွဲ... ပြီးတော့ လျိုအိမ်တော်နဲ့ ကျန်းအိမ်တော်တို့ရဲ့ ပေါင်းစည်းခြင်း....စတဲ့ခေါင်းစဉ်တွေအများကြီးအောက်က ခမ်းနားလှတဲ့ပါတီကြီး....
မိသားစုတွေအားလုံးပျော်ရွှင်နေကြတယ်ရှောင်းအိမ်တော်နဲ့ကျန်းအိမ်တော်က မောင်နှမတွေမို့ ရှောင်းနဲ့ဝမ်မိသားစု သခင်ကြီး သခင်မကြီးတွေလဲပွဲကိုတတ်တယ် အင်း ဝမ်သခင်လေး ဝမ်ရိပေါ်ရောပေါ့
.
.
.ပွဲပြီးတော့ မိသားစုတွေပဲ ကျန်တယ် .....
လျိုဟွိုက်ခွမ်းကပဲစပြီး
"အားချန် ပြောလိုက်လေ"ကျန်းချန်ကပြောတယ်
"ဟိုဟာ အဲ့တာကလေ. ကျနော်ပြောချင်တာက... "
ကျန်းချန်က ဧည့်ခန်းဆက်တီမှာ ထိုင်နေကြတဲ့ ကျန်းသူဋ္ဌေးဇနီးမောင်နှံ၊ ရှောင်းဇနီးမောင်နှံ၊ ဝမ်သခင်ကြီး ပြီးတော့ လျိုဟွိုက်ခွမ်း ကိုကြည့်လိုက်တယ်
ရှောင်းရှင်းချန်နဲ့ ရွယ်ယမ်တို့အားလုံးကို ဝေ့ပြီးကြည့်လိုက်တယ်
ဝမ်ရိပေါ်ကို နောက်ဆုံးမှ စူးစူးစိုက်စိုက် ကြည့်ပြီး မျက်လွှာပြန်ချလိုက်တယ် လက်ကလဲလျိုဟွိုက်ခွမ်းလက်ကိုသွားဆုပ်ကိုင်တယ်လျိုသခင်လေးကတော့ သူ့ချစ်လင်လေးကိုအားပေးတဲ့အနေနဲ့ အေးစက်နေတဲ့လက်လေးကို ပြန်လည်ဆုပ်ကိုင် ပြီး ကျန်လက်တစ်ဖက်နဲ့ ခပ်ဖွဖွလေးပုတ်ပေးပြီး ပြုံးပြီးခေါင်းငြိမ့်ပြတယ်
ကျန်းသခင်ကြီးကတော့ စိတ်မရှည်စွာထပြောတယ်
"အားချန် ဘာပြောချင်တာလဲ ပြော..ပါးတို့ ထမင်းစားရအုံးမယ်"(သိတယ်မလား ဖုန်းမြင့်ကထမင်းစားမယ်ဆိုတာကျိပဲ)
ကျန်းချနိကပြောလိုက်တယ်...
"ကျန့်လေး အချိန်ခဏပေးပါအုံးတဲ့ ပြီးတော့ ဝမ်ရိပေါ်သူ့ကိုလက်မခံမှာစိုးနေတယ် အဲ့တာ"ဝမ်ရိပေါ်က ဝုန်းခနဲမတ်တပ်ရပ်ပြီး ကျန်းချန်ကိုလက်ညိုးကြီးထိုးပြီး
"ဘာ! ကိုကိုက မင်းတို့နဲ့ ဟုတ်လား ဘာလို့စထဲက မပြောကြတာလဲ ဘယ်လောက်တောင်စိတ်ပူနေကြလဲမသိပုလား 😭😭😭"
"ဝမ်ရိပေါ်လာပြောနေရင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ငိုပါတော့တယ်"
YOU ARE READING
The Heartbeat for you!(Complete)
Fanfiction................ငါ....မင်းကို..... .........wang yibo ____________________________________ Uni.. ................ငါ....မင်းကို..... .........wang yibo