.. ၁၀၈ ..
16.8K 1.7K 89
《Zawgyi》
အပိုင်း - ၁၀၈
[မသပ်မရပ် ဖြစ်နေသည့် ချန်းစီနျန် - ၂]
ချင်းစုယွဲ့က ချန်းစီနျန်နှင့် ရှချောင်းတို့ နှစ်ဦးကြားမှ ထူးဆန်းသည့် အကြည့်အား သတိထားမိသွားကာ အလျင်အမြန်ပဲ ရှင်းပြလိုက်ရသည်။ "အဆင်ပြေပါတယ် ... ကျွန်မဘာသာ ကျွန်မပဲ ကားမောင်းသွားတာ ပိုအဆင်ပြေမယ် .. ရှချောင်း ကျေးဇူးပါပဲ" ချင်းစုယွဲ့က ထိုသို့ပြောလိုက်ပြီးနောက် ချန်းစီနျန်အား လျစ်လျူရှုလိုက်၏။
ချန်းစီနျန်က တစ်ယောက်ထဲ ရေရွတ်ရင်း သူ့ကိုယ်သူ ပြောလိုက်၏။ "ကိုယ့်မိသားစုကိုယ် ကျေးဇူးတင်တယ်လို့ ပြောစရာမလိုဘူးလေ" သူက ဖြည်းဖြည်းချင်း ခေါင်းကို မော့ချီကာ ရှချောင်းအား ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကြည့်လိုက်လေသည်။
ရှချောင်းမှာ စိတ်မသက်မသာ ဖြစ်သွား၏။ သူတို့နှစ်ယောက်က တကယ်ကြီး ထူးခြားတဲ့ ဆက်ဆံရေး ရှိကြတာလား?
ချင်းစုယွဲ့ အလုပ်သွားတော့မည့် အချိန်မှာပဲ ချန်းစီနျန်က မနက်စာအား သူမလက်ထဲသို့ အတင်းအကျပ်ပဲ ထိုးထည့်ပေးလေ၏။ ချင်းစုယွဲ့က ယူဖို့ ဆန္ဒမရှိနေပေမယ့် သူက .. "ကိုယ့်မျက်စိအောက်တင် ဒါကို ကုန်အောင် စားရမယ် ... ကားထဲမှာစားမလား ရုံးခန်းထဲရောက်မှ စားမလား ကြိုက်တာရွေး"
ချင်းစုယွဲ့က အံကြိတ်မိပေမယ့် နောက်ဆုံးတော့ လက်ခံလိုက်ရသည်။ သူမက ရှချောင်းနှင့် တိုက်ခန်းအပြင်ဘက်သို့ ထွက်လာချိန်မှာ သတိရမိသွားပြီးနောက် ချန်းစီနျန်အား ... "ဥက္ကဌချန်း ... ရှင် စားပြီးသွားရင်တော့ ထွက်သွားနော် ... ရှင် သွားတဲ့အခါကျရင် တံခါးပိတ်ပေးခဲ့ ... ကျွန်မအိမ်မှာနေတဲ့ အဖိုးအခကိုတော့ ကျွန်မ မတောင်းတော့ပါဘူး ... နောက်ဆိုရင် အခြားတစ်နေရာမှာ စားသင့်တယ် ... ကျေးဇူးပြုပြီး ကျွန်မပြောတဲ့အတိုင်း လုပ်ပေးပါ"
ချင်းစုယွဲ့ ထိုစကားတွေကို ပြောလိုက်သည့်အခါတွင် ချန်းစီနျန်၏ မျက်နှာကတော့ မည်းမှောင်သွားလေတော့၏။
တံခါးပိတ်လိုက်ပြီးတော့ ချင်းစုယွဲ့က သိသိသာသာကို အားရကျေနပ်နေသည်အား ရှချောင်းက စိုက်ကြည့်ရင်း မေးလိုက်သည်။ "မင်း ပျော်နေတာလား?"