.. ၁၁၀ ..
17.3K 1.7K 56
《Zawgyi》
အပိုင်း - ၁၁၀
[သူမက အရမ်း ထူးခြားလွန်းတာလား? ဒါမှမဟုတ် အကြောက်အလန့် မရှိတာလား? - ၁]
ကျွမ်ကျူး တစ်ယောက်တင် Aမြို့ကို ရောက်လာတာ မဟုတ်ပဲ မော့ပေကပါ ရောက်ရှိလာလေ၏။
မော့ပေဟာ ဟိုတယ်၌ မျက်နှာ အမူအယာ ကင်းမဲ့စွာ ရှိနေသည့် ရှန်ဝမ်းယန့်အား ကြည့်နေရင်းမှ ဒေါသထွက်လာမိသည်။ "ဟိုကောင်က ဒီလောက်ထိတောင် သိသိသာသာကြီး လုပ်ခဲ့တာကို မင်းက လမ်းမှားကြီးကိုပဲ ဆက်လျှောက်နေအုန်းမှာလား?"
ရှန်ဝမ်းယန့်က ခါးသီးစွာ ရယ်မောလိုက်၏။ "ကျွန်မက လမ်းမှားကို ဦးတည် မသွားရင်လည်း တခြားဘာများ လုပ်နိုင်အုန်းမှာမို့လဲ? မော့ပေ ဒီနှစ်တွေမှာ ကျွန်မက သူ့အတွက် မဆုတ်မနစ် ကြိုးစားခဲ့ရတာလေ ... အခုအချိန်မှာ ကျွန်မကိုယ်ကျွန်မ အောင်မြင်ပြီး လူသိများအောင် လုပ်နိုင်ခဲ့တော့ သူက ကျွန်မအပိုင် မဟုတ်တော့ဘူးတဲ့ .. အခု ရှင်က ကျွန်မကို လက်လွှတ် အရှုံးပေးခိုင်းနေတာလား? ကျွန်မကိုယ်ကျွန်မ  လက်မခံနိုင်ဘူး ... အဲ့လိုမလုပ်နိုင်ဘူး"
"မင်း အဲ့လို လက်မလွှတ်နိုင်ရင် ဘာလုပ်ဖို့ စီစဉ်ထားတာလဲ? သူတို့နှစ်ယောက်ကြားဝင်ပြီး နှောင့်ယှက်မလို့လား?"
ရှန်ဝမ်းယန့်ဟာ အမြဲတမ်း သူမကို လိုက်လျောနာခံပေးခဲ့သည့် မော့ပေက အခုလို ပြောလာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူမက အပြင်းအထန် တုံ့ပြန်ကာ မတ်တပ်ထရပ်လိုက်ပြီး မော့ပေအား ရန်တွေ့လိုက်သည်။ "ဘယ်သူက နှောင့်ယှက်တဲ့သူလဲ? ဘယ်သူကလဲ! ချန်းစီနျန်က ကျွန်မအပိုင်! ကျွန်မ နိုင်ငံခြား ရောက်နေတုန်း သူ့ကို ဖျားယောင်းခဲ့တဲ့သူကမှ ချင်းစုယွဲ့ပါ! ဝင်နှောင့်ယှက်တဲ့သူက ချင်းစုယွဲ့ပဲ!"
မော့ပေရဲ့ တုံ့ပြန်မှုဟာ ရှန်ဝမ်းယန့်နှင့် ယှဉ်လျှင် လုံးလုံးလျားလျားကို ဆန့်ကျင်ဘက်ပင်။ သူက မီးခိုးရောင် တစ်ယောက်ထိုင် ဆိုဖာထက်တွင် တည်ငြိမ်စွာ ထိုင်နေလျက် ဘာခံစားချက်မှ မပါပဲ .. "ဝမ်းယန့် မင်းက အမြဲတမ်း အကောင်းဆုံးဆိုတာကို မင်းပဲ ပိုင်ဆိုင်ရမယ်လို့ တွေးတယ် ... အဝတ်အစား အလုပ်အကိုင်နဲ့ အခု အချစ်ကိုတောင်မှပဲ .. မင်းက ချန်းစီနျန်ကို လိုချင်နေပေမယ့် သူ့သဘောထားကိုရော မေးကြည့်ခဲ့ဖူးလား? သူ မင်းကို ကြိုက်ရဲ့လားဆိုတာကိုတောင် နိုင်ငံခြားကို မထွက်လာခင်တုန်းက မင်း မမေးကြည့်ခဲ့လောက်ဘူးလို့ ကိုယ်ထင်တယ် ဟုတ်တယ်မလား?"