Episode 28(Zawgyi)

1.2K 48 5
                                    

"ဒီ​နေ့​တော့နားနား​နေ​နေ ​နေရ​တော့မယ်"

မွန်း စိတ်ထဲ၌​​ပြောလိုက်သည်...

အတူ​​နေတဲ့သူ​တွေဆို​တော့​တွဲပြီး​နောက်ပိုင်းတည်းကအပြင်ချည်းထွက်ဖြစ်​နေသည်..
နေ့တိုင်းပူးပူးကပ်ကပ်နှင့်ဒီ​နေ့တစ်ရက်​တော့နှစ်​ယောက်လုံးအိမ်တွင်​နေကာ ကိုယ် လုပ်စရာရှိတာလုပ်ဖို့ဆုံးဖြတ်လိုက်သည်..
တကယ်​တော့ဘာလုပ်စရာရှိမတုန်း..
ကျွန်​တော်ကအိမ်မှာ​အေး​ဆေးနှပ်မယ်..
သူက​တော့​နေသစ်နဲ့ဂိမ်း​ဆော့မယ် သတ်ကြမယ်​ပေါ့...

"မွန်း"

"ဟင် ​ဪ ​နေသစ်"

"မင်းအတွက်မုန့် ကြီး​​မေက​ပေးခိုင်းလိုက်တာ"

"​အာ ​ကျေးဇူးပဲကွာ မင်းတို့ဂိမ်း​ဆော့တာပြီးပြီလား"

"မပြီး​သေးဘူး ဟို​ကောင်​ဂိမ်း​ခွေ​ပြောင်း​နေလို့"

"ဪ မင်းတို့ကလည်းအ​ပေါ်မှာ​ဆော့တာမဟုတ်ဘဲ"

"မင်းကအိပ်ချင်​နေတာမလား ငါတို့ဒီမှာ​ဆော့ရင်မင်းဘယ်လိုအိပ်လို့ရမှာလဲ"

"​​အေး ဟုတ်သားပဲ မင်းတို့ကအမြဲသတ်​နေတာဆို​တော့"

"အင်း ဒါဆိုငါသွားပြီ"

လို့​ပြောကာ​နေသစ်လှည့်ထွက်ခဲ့သည်..
အဆင်​တော့မ​ပြေဘူး​ပေါ့..ဘယ်​လောက်ပဲ ​မေ့ဖို့ကြိုးစားပါ​စေ သူကိုယ့်​ရှေ့​ပေါ်လာတာနဲ့အဲ့စိတ်​တွေက​ပျောက်ကွယ်သွားတာပဲ..
ညနဲ့မွန်းတွဲ​နေပြီဆိုတာ အ​ပျော်ကြူး​နေ
သော မွန်း ကိုယ်တိုင်​ပြောပြ၍ ​နေသစ် သိခဲ့ရသည်..သိပ်​တော့မအံ့သြမိ..ညရဲ့စိတ်ကို
သိပ်မ​သေချာဘူးဆိုရင်​တောင် ၅၀ရာခိုင်နှုန်းကဖြစ်နိုင်သည်မို့..

"သော့် ကို သတိရလိုက်တာ..သူ​လည်းငါ့လို ခံစားခဲ့ရမှာပဲ"

ကိုယ်ချစ်တဲ့သူတစ်​ယောက်ကသူချစ်တဲ့သူကိုသာအာရုံစိုက်ထားချိန်
ကိုယ်လိုသမျှဖြည့်ဆည်း​ပေး​တောင်အဖက်
မလုပ်ခံရတာ​​တွေ..

"ငါတောင်းပန်ပါတယ်"

နေသစ် ​အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်..

ညWhere stories live. Discover now