.. ၁၁၄ ..
15.9K 1.7K 92
《Zawgyi》
အပိုင်း - ၁၁၄
[ဘယ်သူ့ကို ရည်ညွှန်းချင်တာလဲ? - ၁]
ချင်းကွမ်းချန် Aမြို့သို့ ရောက်လာသည့် ညမှာပင် ချင်းစုယွဲ့အား မာမားပိုင်နဉ်းက ဖုန်းခေါ်လာသည်။ ဖုန်းပြောပြီးသည့်နောက် ချင်းစုယွဲ့က ရယ်မောလျက် ချင်းကွမ်းချန်အား ပြောသည်။ "အစကတော့ ညီမလေးက ကိုကို Aမြို့ကို ရောက်လာတာကို လန့်ပြီး တွေးနေမိတာ ဒါပေမယ့် ကြည့်ရတာ ညီမလေး တွေးနေသလောက်တော့ ဟုတ်ပုံမရဘူး"
ချင်းကွမ်းချန်က ရေချိုးပြီးခါစ သူ့ရေစိုနေသည့် ဆံပင်တွေအား သပ်ရပ်ပုံကျစွာ ခြောက်သွေ့စေလိုက်၏။ "ငါတို့ ဒီအကြောင်းကိုပဲ နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးကြမယ်ဆိုရင်လည်း ညီမလေးမှာ တာဝန်ရှိနေတုန်းပဲနော်"
"မာမားက ကိုကို့ကို ကြင်ဖက်တွေ့စေချင်နေတဲ့ ကိစ္စက ညီမလေးနဲ့ ဘာဆိုင်တာမှတ်လို့?" ချင်းစုယွဲ့က ချင်းကွမ်းချန်အား မကျေမနပ် ကြည့်လိုက်သည်။ "ကိုကို အကုန်လုံးကို ညီမလေးအပေါ်ပဲ အပြစ်ပုံချမနေနဲ့နော်"
ချင်းကွမ်းချန်ကတော့ ယုံကြည်မှု အပြည့်နှင့်ပင်။ "ချန်းစီနျန်ရဲ့ သတင်းစာ ရှင်းလင်းပွဲကြောင့်သာ မဟုတ်ရင် ပါးနဲ့မားက သူတို့သမီးမှာ ကောင်လေးရှိတာကို မသိသွားပဲနဲ့ ငါ့ကို အိမ်ထောင်ဖက် အပြေးအလွှား ရှာပေးကြမယ်လို့ ထင်လား? ချင်းစုယွဲ့ မသိချင်ယောင် ဆောင်မနေပဲ ရိုးသားဖြောင့်မတ်စမ်းပါ"
"ဒါက ...  အဲ့တာဆို ကိုကို ချန်းစီနျန်ကို ရှာပြီး သွားပြောလေ" ချင်းစုယွဲ့က ပြန်ချေပ၏။ "သူကမှ ပေါက်ကရ လျှောက်ပြောချင်နေတဲ့သူ .. ညီမလေးက ဘယ်လိုလုပ်ပြီး သူ့ကို တားဆီးနိုင်မှာလဲလို့?!"
ဒါ့အပြင် သူ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ငါလေးကို ဘယ်တုန်းကမှ မပြောခဲ့ပါဘူးနော်။
ချင်းစုယွဲ့မှာ တွေးလေတွေးလေ ချန်းစီနျန် ထိုသို့ လူသိရှင်ကြား ပြောလိုက်တာကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဟု ခံစားရလေလေပင်။
နဂိုထဲက ဗီဒီယိုနဲ့ ဆက်နွှယ်နေတဲ့ သတင်းတွေ အကုန်လုံးက ရှင်းလင်းပြီးသွားပြီပင်။ သူတို့ ကုမ္ပဏီကလည်း ထုတ်ပြန်ကြေငြာချက် တစ်စောင်ကို ထုတ်ပြီးသားပဲကို ဘာလို့ လူတွေရှေ့မှာ သူ့မျက်နှာကို ထွက်ပြပြီး အဓိပ္ပါယ်မရှိတာတွေ ပြောဖို့လိုမှာလဲ!?