.. ၁၁၆ ..
15.5K 1.5K 48
《Zawgyi》
အပိုင်း - ၁၁၆
[ဘယ်သူ့ကို ရည်ညွှန်းချင်တာလဲ? - ၃]
ဒါပေမယ့် ကျင့်လန်ရဲ့ အံ့ဩစရာကောင်းတဲ့ အချက်ကတော့ သူမဟာ ရုပ်ရှင်ရိုက်ကူးခြင်းကလွဲရင် တစ်ခြား မည်သည့် အနုပညာလှုပ်ရှားမှုမျိုးကိုမှ မလုပ်ခြင်းပင်။ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွေ တက်ရောက်ခြင်းမှအပ  တစ်ခြား ဖျော်ဖြေရေး လှုပ်ရှားမှုတွေ  .. အမျိုးမျိုးသော အနုပညာရပ်တွေနှင့် အင်တာဗျူးတွေမှာပါ ကြုံတောင်ကြုံခဲ ရှားရှားပါးပါး သူမရဲ့မျက်နှာကို ပြသလေ့မရှိပေ။ အတိုပြောရရင်တော့ ကျင့်လန်နှင့် တွေ့ဆုံချိန်းဆိုဖို့ရာမှာ အရမ်းအရမ်းကို ခက်ခဲလွန်းလှချေ၏။
သို့သော်လည်း ထို အရမ်းအရမ်းကို ခက်ခဲသည့်တာဝန်မှာ ချင်းစုယွဲ့ပေါ်သို့ ကျရောက်လာလေသည်။
"စုယွဲ့ .. ကျင့်လန်နဲ့အပိုင်းကို မင်း တင်ဆက်ရမှာ .. ကျင့်လန်က အခု ရှန်ကျင်းမြို့မှာ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေတယ်လို့ ကြားတယ် .. မင်းက ရှန်ကျင်းမြို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားပဲဆိုတော့ အဲဒီကို လေယာဉ်နဲ့သွားပြီး သူနဲ့ လူကိုယ်တိုင်တွေ့ပြီး စကားပြောကြည့်လိုက် ... သူ ငါတို့အစီအစဉ်ကို လက်ခံအောင် မင်း လုပ်ကိုလုပ်ရမှာနော်"
ထောင်ချောက်ပဲ! ထောင်ချောက်ကိုမှ ထောက်ချောက်အကြီးကြီးပဲဟေး!
ချင်းစုယွဲ့မှာ ပါးစပ်ပင် မဟရသေးခင် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မိန်းမလှလေး လု က ချင်းစုယွဲ့ရဲ့ ကံဆိုးမိုးမှောင်ကျမှုကို ရယ်မောလိုက်လေ၏။ "ငါတို့ တင်ဆက်သူချင်းရဲ့ နောက်မှာ အာဏာရှိတဲ့ အကောင်ကြီးကြီး လူတစ်ယောက်က ရှိနေမှတော့ ဒီတာဝန်က သူ့အတွက် နည်းနည်းလေးတောင်မှ ခက်ခဲမှာ မဟုတ်ဘူးပေါ့နော်!"
ချင်းစုယွဲ့ဟာ ထိုမိန်းကလေးက ချန်းစီနျန်ကို ရည်ညွှန်းပြီး ပြောချင်နေတာဆိုတာ သိနေပြီး ထိုမိန်းကလေးမှာ သူမ ဒီအစီအစဉ်တွင် ပါဝင်သည်အား ဆန့်ကျင်လိုသည်ကိုပါ သိရှိလေ၏။ သူမက ချင်းစုယွဲ့ ကျင့်လန်အား ဒီအစီအစဉ်အတွက် သွားရောက်ဖိတ်ကြားတာကို မအောင်မြင်စေချင်ပေ။ ဒါပေမယ့်....