.. ၁၁၈ ..
15.9K 1.7K 68
《Zawgyi》
အပိုင်း - ၁၁၈
[ယာဉ်မတော်တဆမှု - ၁]
ချင်းစုယွဲ့ဟာ နောက်ဆုံးမှာတော့ ကျင့်လန်က ဘာကို ငြင်းဆန်နေသည်အား နားလည် သဘောပေါက်သွားလေသည်။
ချင်းစုယွဲ့က ဆက်ပြီး ပြုံးလို့သာနေ၏။ "ကျွန်မတို့ရဲ့ မိသားစုနောက်ခံ အကြောင်းအရင်းတွေက ကျွန်မတို့ ဆွေးနွေးပြောဆိုကြမယ့် ခေါင်းစဉ် အကြောင်းအရာတွေကို မဆုံးဖြတ်ပေးနိုင်ပါဘူး .. အစ်မ ခံစားရတာကို ကျွန်မ နားလည်ခံစားနိုင်တာလည်း မဖြစ်နိုင်ဘူးလား? ဘယ်သူ့ရဲ့ အောင်မြင်ထူးချွန်မှုတွေကရော မကြိုးစားပဲနဲ့ ရလာတာရှိလို့လဲ? ဒီနေ့ဒီအချိန်ထိ ကျွန်မရဲ့ အောင်မြင်မှုတွေကလည်း အရမ်း အလုပ်ကို ကြိုးစားခဲ့တာကြောင့်ဆိုတာကို ကျွန်မ လိပ်ပြာသန့်သန့်နဲ့ ပြောနိုင်ပါတယ် ... အစ်မရော ကျွန်မရော ဒီလိုပြောနိုင်သလို ကျန်တဲ့သူတွေကလည်း သူတို့ရဲ့ အောင်မြင်မှုတွေအပေါ် ဒီလိုမျိုး ရဲရဲဝံ့ဝံ့ ပြောနိုင်မှာပါပဲ ..  အစ်မ စတင်ခဲ့ရတဲ့ ဘဝပေး နောက်ခံ အခြေအနေက အစ်မရဲ့ဘဝကို မဆုံးဖြတ်ပေးနိုင်ပါဘူး"
"ဒါပေမယ့် အနည်းနဲ့အများတော့ ပက်သတ်လွှမ်းမိုးမှု ရှိတာပဲလေ ... မင်း လိုချင်တဲ့အရာကို ရရှိဖို့ ဘယ်လောက် ကြိုးစားပြီး အားစိုက်ထုတ်ရမလဲ ဆိုတာကိုတော့ ဆုံးဖြတ်ပေးနိုင်တယ်" ကျင့်လန်က ပြန်ပြောလိုက်သည်။
"ဒါပေမယ့် ကိုယ်ကိုယ်တိုင် ကြိုးစားပြီး ရလာတဲ့ အောင်မြင်မှုတွေကမှ ဘာမှအားထုတ် မကြိုးပမ်းပဲ ရလာတဲ့ အောင်မြင်မှုတွေထက် ပိုပြီးတော့ ကျေနပ်စရာ ကောင်းတာမလား?"
"ချင်းမိန်းကလေး ... မင်းက ချမ်းသာကြွယ်ဝတဲ့ အထက်တန်းလွှာ မိသားစုတွေက ဆင်းသက်လာတဲ့ မိန်းကလေးတွေနဲ့ တော်တော်လေး ကွာခြားတယ်ဆိုတာ အစ်မ ခံစားမိပါတယ်" ကျင့်လန်က ပြုံးလိုက်၏။
"အဲ့တာဆိုရင် ညီမ အင်တာဗျူးတာကို အစ်မ လက်ခံပေးနိုင်မလား? ညီမတို့ စကား ပြောရတာ ကောင်းမွန်လိမ့်မယ်လို့ ထင်ပါတယ်"
"အဲ့အကြောင်းကို စဉ်းစားကြည့်လိုက်ပါအုန်းမယ်" ကျင့်လန်က ချက်ချင်းတော့ လက်မခံသေးပေ။