Chapter 15

1.5K 255 6
                                    

Mikage ဘဝကူးတော့မည် ဟု ဆုံးဖြတ်ချက်ချပြီးသည့်အချိန်မှစ၍ Touji တို့ နေ့စဉ်နှင့်အမျှ Mikage ရဲ့ ကာလကြာမေ့လျော့နေခဲ့ပြီ ဖြစ်တဲ့ အစွဲတစ်ခုကို အပူတပြင်းရှာဖွေရတော့တယ်! အဖိုးရဲ့ မှတ်တမ်းစာအုပ်အရ အချိန်ကာလဟာ နီးကပ်နေပြီဖြစ်တဲ့အတွက် အရာရာတိုင်း မိနစ်တိုင်း စက္ကန့်တိုင်းဟာ Touji တို့အတွက် အရေးကြီးနေခဲ့သည်!

"Mikage ကျွန်တော်ကတော့ ဒီစာအုပ်လို့ထင်တယ်!"

Touji က စာအုပ်စင်ပေါ်က ယူထားတဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ စာအုပ်တစ်အုပ်ကို ထောင်ပြရင်း တွေးတွေးဆဆပြောနေသည်!

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ Touji ငါ စာအုပ်တွေကို နှစ်သက်တယ်ဆိုပေမယ့် ဒီစာအုပ်တအုပ်ကိုတော့ အကြောင်းမဲ့ စွဲလမ်းပြီး မကျွတ်ပဲ ဖြစ်နေပါ့မလား?"

Mikage က အားလျော့စွာ ခေါင်းခါနေတယ်! သူအားလျော့တာလည်း ဖြစ်နိုင်သည်ပဲ! အရှေ့ရက်တွေမှာ သူတို့ ဖြစ်နိုင်ချေရှိမည်ထင်သမျှ အသေးအဖွဲကအစ ကြိုးစားကြည့်ခဲ့ပေမယ့် တခုမှ အရာမထင် ! Mikage ရဲ့ အစွဲအလမ်းဟာ လျို့ဝှက်စွာ ဖော်ထုတ်မရနိုင်ဖြစ်နေလေသည်!

"အကြောင်းမဲ့မဟုတ်ဖူး Mikage ! ဒီမှာကြည့် ဒီစာအုပ်ဟာ နောက်ဆုံးရောက်ခါနီး သုံးခန်းအလိုမှာ Mikage ဆက်မဖတ်ဘဲ ရပ်ထားခဲ့တာပဲ!"

"ဒါကတော့ ငါလည်း အဲဒီအချိန်က ဆက်မဖတ်ချင်တော့လို့ ဖြစ်မှာပေါ့ကွာ"

"မဖြစ်နိုင်ဘူး"

"ရော်?"

Touji က လက်မလျော့ အတင်းပြောနေတော့ Mikageက ဒီကလေးခက်ရန်ကော ဆိုတဲ့ အကြည့်နဲ့ကြည့်နေတယ်!

"Mikage က စာအုပ်တိုင်းကို အဆုံးထိဖတ်တတ်တဲ့ အကျင့်ရှိတယ်! ဒါကို ကျွန်တော်သိထားတယ်!"

Mikage ခပ်အေးအေးပဲ Touji ကို ကြည့်နေတော့တယ်! သူ့ဟန်ပန်က "ကဲ အဆုံးထိ မင်းပဲ ပြောကြည့်စမ်းပါ" ဆိုတဲ့ အမူအရာ !

"Mikageက စာအုပ်တွေကို အဆုံးထိဖတ်တယ် ပြီးရင် ခံစားမိတာတွေ ထင်မြင်ချက်တွေ သုံးသပ်ချက်တွေကို စာအုပ်နောက်မှာ စာရွက်တစ်ရွက်နဲ့ သေချာရေးပြီး တွဲတွဲထားတတ်တာ ! စင်ပေါ်က စာအုပ်တွေအားလုံးဟာ အဲဒီအတိုင်းချည်းပဲ! ဒါပေမယ့် ဒီတစ်အုပ်မှာ မရှိဘူး ! Bookmarkကလည်း ပြီးခါနီး သုံးခန်းအလိုမှာ ညှပ်ထားတယ် ! ဒီစာအုပ်နောက်မှ ဝယ်တဲ့စာအုပ်တွေအကုန်လုံး ဖတ်ပြီးသား! ဒါကို စာအုပ်ရှေ့ကတပ်ထားတဲ့ နေ့စွဲတွေအရ သိနိုင်တယ်! အဲဒီတော့ ဒီစာအုပ်ကြောင့်ဆိုတာသေချာတယ်!"

Follow by the Wind ~ [Unicode Version]Where stories live. Discover now