.. ၁၂၀ ..
16.8K 1.7K 127
《Zawgyi》
အပိုင်း - ၁၂၀
[ယာဉ်မတော်တဆမှု - ၃]
ချန်းစီနျန် လူနာဆောင်ထဲ ဝင်သွားပြီးနောက် ဝမ်ယဉ်းလင်က ချင်းစုယွဲ့ရဲ့ လက်လေးတွေကို ဆွဲကိုင်ကာ သူမဘေးတွင် ထိုင်စေလိုက်သည်။ "မစိုးရိမ်ပါနဲ့ .. အန်တီက အားနျန်အကြောင်းကို ကောင်းကောင်းကြီး သိတယ် ... သူက တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲလွယ်ပြီး ချစ်တတ်တဲ့သူ မဟုတ်ဘူး သမီးရဲ့" ဝမ်ယဉ်းလင်က ချင်းစုယွဲ့ကို အခိုင်အမာ အာမခံပေးလေ၏။
ချင်းစုယွဲ့က အပြုံးတစ်ပွင့်ဖြင့်သာ တုံ့ပြန်ပြီး တိတ်တဆိတ်သာ နေနေသည်။
သူက အဲ့ဒီလိုလူမျိုး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမ ဘာကိုမှ မပြောဝံ့ပါချေ။ ဒါပေမယ့် ချန်းစီနျန်နှင့် ရှန်ဝမ်းယန့်တို့ တစ်ဦးနှင့်တစ်ဦး ပက်သတ်ရင်းနှီးသွားကြမည်အား သူမက လုံးဝကို မနှစ်မြို့ မလိုလားဟု ခံစားနေသည်အား ချင်းစုယွဲ့ ရုတ်တရက် သူမကိုယ်သူမ နားလည် သဘောပေါက်သွားရလေ၏။ သူတို့နှစ်ဦးကြားတွင် ဘာမှ ဖြစ်လာလိမ့်မည် မဟုတ်သည်ကို ချင်းစုယွဲ့က သိနေပေမယ့်လည်း သဘောမကျ ဖြစ်နေမိတုန်းပင်။
ချင်းစုယွဲ့က စိတ်တွင်းမှ ခါးသီးစွာ ပြုံးလိုက်မိ၏။ ငါ ဘယ်အချိန်ထဲကများ ချန်းစီနျန်ကို ဒီလောက်ထိ ပိုင်ဆိုင်ချင်စိတ်တွေ စတင် ခိုင်မာ ဖြစ်ထွန်းလာခဲ့ရတာလဲ?
ချန်းစီနျန်ဟာ ဆေးရုံကုတင်ရှေ့၌ မတ်တပ်ရပ်နေပြီး သူ့ကို မျက်တောင်ခပ်လျက် ကြည့်နေသည့် အားနည်းနေသော ရှန်ဝမ်းယန့်အား ကြည့်လိုက်သည်။ "ကိုယ် ယာဉ်မတော်တဆဖြစ်မှုကို စုံစမ်းစစ်ဆေးပေးမယ် ပြီးတော့ မင်း နေပြန်ကောင်းသည်အထိ ကုန်ကျမယ့်စရိတ်တွေ အကုန်လုံးကို တာဝန်ယူပေးမယ်" သူက ရှန်ဝမ်းယန့်၏ မျက်ဝန်းတွေကို ရှောင်ရှားရင်း ပြောလိုက်၏။
"အားနျန်..."
"ချင်းစုယွဲ့ အတွက်ကတော့ သူလည်း ထိတ်လန့်ခဲ့ရတာပဲလေ .. အသေးစိတ်ကိုတော့ မင်း အပြည့်အဝ နေပြန်ကောင်းသွားမှ ဆွေးနွေးကြတာပေါ့ ဒါမှမဟုတ်ရင် မင်းရဲ့ လက်ထောက်ကို ငါတို့နဲ့ ဆက်သွယ်ခိုင်းလိုက်ပါ"