Chapter (9-3) (zawgyi+unicode)

10.5K 1.5K 45
                                    

Chapter (9-3) (zawgyi+unicode)


"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... "

လူအုပ်ကြီးက ဒီမြင်ကွင်းကြောင့် စိတ်ရှုပ်ထွေးနေကြတယ်။ သူတို့ဘဝမှာ ဒီလိုမျိုး ကောင်းချီးပေးခြင်းကို မကြုံဖူး မကြားဖူးကြဘူး။ ခမည်းတော် က အလင်းဘုန်းကြီး ဂျိုရှုဝါ ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်တာလား။ ဒါဆိုရင်မင်းသားအန်တိုနီက ဒီကုန်းမကြီးမှာ အပျော်ရွှင်ဆုံး ကလေး တစ်ယောက်အဖြစ်ကြီးပြင်းလာမှာသေချာတယ်။ ဂျိုရှုဝါ က သင်္ကေတကို ရေးပြီးနောက် သူ့လက်ကို ရုပ်လိုက်ချိန် မမြင်ရတဲ့ တစုံတယောက်က သူ့နားရွက် အဖျားလေးကို လျှာနဲ့ ငုံလိုက်ပြီး နားနားကပ်လို့ တီးတိုးပြောလိုက်တာကို ကြားလိုက်ရတယ်။

" ကလေးလေး မင်းလို ချင်တာ အားလုံး ဖြည့်ဆည်းပေးဖို့ အသင့်ပဲ။ ဒါပေမယ့် တောင်းဆိုချက်တိုင်းအတွက် မင်းရဲ့ကိုယ်နဲ့ပြန်ပေးဆပ်ရမယ်"

အလင်းနတ်ဘုရားရဲ့လက်တွေက သူ့တင်ပါးတွေကို ဆုပ်နယ်ရင်း နူတ်ခမ်းကို နမ်းရှိုက်လို့ လျှာနဲ့မွှေနှောက်ပြီးနောက် ပျောက်ကွယ်သွားတယ်။

"အရမ်း အရသာရှိတာပဲ... "

ကြည့်စမ်းပါ။ ဒီလူက လူတိုင်း လိုလားတောင့်တနေတဲ့ စိတ်ကူးယဉ်အိပ်မက်ထဲက ချစ်သူပေါ့။ တကယ့်ကိုပဲ အမျိုးသမီး အဝတ်လဲခန်းကို ချောင်းကြည့်တတ်တဲ့နှာဘူးနဲ့ ဘာထူးလို့လဲ။ သူ့ကိုဆို အခွင့်ကောင်းယူဖို့ပဲချောင်းနေတယ်မဟုတ်လား။ ကျိုးယွင်ရှန့်က သူ့ဖင်ကို ဆုပ်နယ်သွားပြီး စိတ်ကြိုက်နမ်းသွားတာ ခံလိုက်ရတဲ့အတွက် အံကြိတ်လိုက်မိပေမယ့် အပြင်ပန်းကတော့ တည်ငြိမ်စွာထိန်းထားရတယ်။ မင်းသမီး အယ်လီနာက သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေလို့  ကျိုးယွင်ရှန့်ပြုံးပြီးပြောလိုက်တယ်။

"ခမည်းတော်က မင်းသားလေး အန်တိုနီကို နှစ်လိုသဘောကျတယ်တဲ့... "

တကယ်ဆိုရင် ခမည်းတော်က မင်းသားလေးကို ဘယ်လိုနှစ်သက်တာ။ ဘယ်လောက်နှစ်သက်တာကို ပြောသင့်ပေမယ့် ကျိုးယွင်ရှန့်က မပြောလိုက်ဘူး။ ဒါပေမယ့် အယ်လီနာက ကလေးကို ပွေ့ရင်း ဘာမှ ပြန်မမေးဝံ့ဘူး။

ံအဲ့ဒီအချိန်မှာ မင်းသားလေး အန်တိုနီက လည်ဆွဲက ဆွဲသီး ကျောက်နီကို ဆုပ်ကိုင်လိုက်တာ မာကြောတဲ့ကျောက်ကနှစ်ခုကွဲသွားတယ်။ ဒီကျောက်က မီးသဘာဝရှိပြီး အရမ်းကို မာကြောတယ်။ ဆောင်းရာသီမှာ အနွေးဓါတ်ကိုပေးနိုင်ပြီး ဘယ်သူမှ မချိုးပြစ်နိုင်ဘူး။ အခုတော့ 3 လသားက လေးတစ်ယောက်က အလွယ်တကူ ချိုးပြစ်လိုက်တယ်ဆိုတော့ ဒီဟာ ခမည်းတော်ရဲ့ အမျက်ဒေါသကြောင့်လား။
 
ဘုရင်ကြီးနဲ့တော်ဝင်မိသားစုက ကြောက်လန့်သွားပေမယ့် ဂျိုရှုဝါက ပြုံးလိုက်ပြီးပြောလိုက်တယ်။

" ဒီမင်းသားလေးက အနာဂါတ်မှာ အဖျက်စွမ်းအားတွှေနဲ့ ပြည့်နေတာပဲ။ သူက နောင်မှာ အင်အားကြီးတဲ့ စစ်ဘုရင်ကြီးတစ်ပါးဖြစ်လာလိမ့်မယ် "

"ဒါဆို မင်းသားလေးရဲ့စွမ်းရည်ကို စမ်းသပ်ကျောက်တုံးနဲ့စမ်းသပ်ကြည့်ရအောင်... "

ဂိုဏ်းချုပ်ကြီးက ပြုံးရွှင်စွာနဲ့ အကြံပြုလိုက်တယ်။ အစေခံတွေက စမ်းသပ်ကျောက်တုံးကို ယူလာပြီး မင်းသားလေးရဲ့လက်ဖဝါးကို ကျောက်တုံးပေါ်တင်လိုက်တယ်။ အညိုရောင်ကျောက်တုံးက မင်းသားလေးရဲ့လက်နဲ့ထိလိုက်ချိန်မှာ အလင်းရောင်တွေဖြာလာပြီး လိမ်မော်ရောင်ကနေ တောက်ပပြီး လိမ်မော်ရင့်ရောင်ထိ ဆက်တိုက်တောက်ပလာတယ်။

ဒီကုန်းမြေကြီးမှာ ကလေးတွေရဲ့မွေးရာပါ စွမ်းရည်ကိုသိနိုင်ဖို့ အသက် 1 နှစ်သားမှာ စမ်းသပ်ကျောက်တုံးတွေနဲ့ စမ်းလေ့ရှိကြတယ်။ စွမ်းအားတွေက သတ္တု၊ သစ်ပင်၊ ရေ၊ မီး၊ မြေ၊ လေ၊ လျှပ်စီးနှင့်အခြားဒြပ်စင်များကိုကိုယ်စားပြုပြီးအဝါရောင်၊ အစိမ်း၊ အပြာ၊ အနီ၊ အညိုရောင်နဲ့ အခြားအရောင်တွေ ထွက်ပေါ်လာတယ်။ အရောင်ရင့်လေလေ စွမ်းအားပိုကြီးလေဖြစ်တယ်။ ဒီကုန်းမကြီးမှာ မင်းသားလေး အန်တိုနီလို အသက် 3 လသားနဲ့ ဒီလောက် အရောင်ရင့်ရင့်လိမ်မော်ရောင်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒါဆိုရင် ဆာဂါပြည်ကြီးက အနာဂါတ်မှာ အန်တိုနီကြောင့် အထွတ်ထိပ်ကို ရောက်နိုင်မယ့် သဘောရှိတယ်။

မင်းမျိုးမင်းနွယ်အားလုံးက ဒီမြင်ကွင်းကို ငေးကြည်ပြီး ရင်ထဲတွေးနေကြတယ်။

" ခမည်းတော်က တကယ်ပဲ ဘုန်းကြီး  ဂျိုရှုဝါကြောင့် အန်တိုနီကို ပုံမှန်မဟုတ်ပဲ လွန်လွန်ကျူးကျူးကို ကောင်းချီးပေးခဲ့တာလား။ အားကျလိုက်တာ။ တကယ်ပဲ ဒီဘုန်းကြီး  ဂျိုရှုဝါကတော့.... "

ဘုရင်ကြီးနဲ့ အယ်လီနာမင်းသမီးက  ဂျိုရှုဝါကို အရမ်းကို ကျေးဇူးတင်စွာနဲ့ကြည့်လိုက်တယ်။ မင်းသားတချို့က  ဂျိုရှုဝါကို ထူးဆန်းစွာကြည့်လိုက်ပြီး သူတို့လက်ရှိကလေးကို ဗိုက်ထဲ ပြန်သွပ်ထည့်ပြီး မွေးဖွားချင်စိတ်ပေါက်နေကြတယ်။ ဒါမှ သူတို့ကလေး 3 လသားမှာ  ဂျိုရှုဝါရဲ့ကောင်းချီးပေးမှုကို ရနိုင်မှာဖြစ်တယ်။

အခုဆိုရင် အန်တိုနီလေးက မကြီးပြင်းလာသေးပေမယ့်  ဂျိုရှုဝါနဲ့ ခမည်းတော်ရဲ့ ကောင်းချီးပေးမှုကြောင့် သူက ထီးနန်းဆက်ခံဖို့ ခိုင်မာသွားပြီဖြစ်တယ်။

"ကျေးဇူးတင်ပါတယ်။ တကယ့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အယ်လီနာက အခုကစပြီး မြင့်မြတ်တဲ့ ဘုန်းတော်ကြီး  ဂျိုရှုဝါရဲ့ နောက်လိုက်ကောင်းဖြစ်သွားပါပြီ။  "

အယ်လီနာက ကလေးကို ပွေ့ပြီး  ဂျိုရှုဝါကို ဒူးထောက်အရိုသေပေးလိုက်တယ်။  ဂျိုရှုဝါက အနာဂါတ်မှာ အလင်းနတ်ဘုရားရဲ့ ကောင်းချီးပေးမှုကို ဆက်လက်ခံရမှာ သေချာနေပြီဖြစ်လို့ သူမ အခုလို သူ့နောက်လိုက်ဖြစ်ဖို့ ဂုဏ်ယူလျက်ရှိတယ်။

ကျိုးယွင်ရှန့်က ကျေးဇူးတင်စွာကြည့်နေတဲ့ ဘုရင်ကို ဘာမှပြန်မပြောပဲ လက်ဝေ့ယမ်းပြီး ထွက်လာခဲ့တယ်။ ဘုရင်ကြီးက ချက်ချင်းပဲ ကြေငြာလိုက်တယ်။

"မင်းသားလေး အန်တိုနီက ဆာဂါပြည်ကြီးရဲ့ နန်းမွေခံဖြစ်စေ။ မင်းသားလေးနေရာကို ဘယ်သူမှ အစားထိုးခြင်း မရှိစေရ "

လူအားလုံးက ဒီသတင်းကို ကြားတော့ ဝမ်းသာအားရ အောင်ပွဲခံကြတော့တယ်။ ဂိုဏ်းချုပ်ဘုန်းကြီးက မင်းသားလေး အန်တိုနီကို ကြင်နာစွာထွေးပွေ့ပြီးနဖူးက အမှတ်တံဆိပ်ကို အသာယာပွတ်လိုက်တယ်။

ပုပ်ရဟန်းမင်းကြီးက အဝေးကနေပြီး ဂျိုရှုဝါရဲ့ဝတ်ရုံတော်နဲ့ လက်ကကျိုင်းကို လောဘတကြီးနဲ့စိုက်ကြည့်လိုက်တယ်။ ခမည်းတော်ရဲ့ တန်ခိုးလွှဲပြောင်းပေးခြင်းမရှိပဲနဲ့ ဂျိုရှုဝါက ဒီဟာတွေကို ဝတ်ရုံကိုင်တွယ်ခွင့်ရမှာမဟုတ်ဘူး။ သူ့အဖြစ်ကိုပဲကြည့်လိုက်။ ခမည်းတော်က သူ့ရဲ့ အလင်းစွမ်းအင်တွေကို ရုပ်သိမ်းလိုက်တော့ သူ့ဝတ်ရုံနဲ့ ကျိုင်းက ပျက်စီးသွားခဲ့တာဖြစ်တယ်။ ဒါဆိုရင် နောက်ပိုင်းမှာ ပုပ်ရဟန်းမင်း ရာထူးက ဘယ်သူဖြစ်လာနိုင်မလဲဆိုတာ ထင်ရှားနေပြီ။ သူသာ ဂျိုရှုဝါလက်ထဲက ဝတ်ရုံတော်နဲ့ ကျိုင်းကို သူခိုးယူပိုင်ဆိုင်နိုင်ရင် တန်ခိုးသြဇာကြီးတဲ့ပုပ်ရဟန်းမင်းပြန်ဖြစ်လာနိုင်တယ်လို့ သူက တွေးလိုက်တယ်။

ဒါပေမယ့် ခမည်းတော်က ကောင်းကင်ဘုံကနေ စောင့်ကြည့်နေတဲ့အတွက် ဂျိုရှုဝါလက်ထဲက ဘာကိုပဲ လုယူလုယူ သူပဲ အပြစ်ပေးခံရမှာသေချာ တယ်။ ဒါဆိုရင် သူ့ကိုယ်စား လုပ်နိုင်မယ့်သူကို ရှာရမယ်။ သူက ဘိုးလ်ကို သတိရသွားတယ်။ ဒါကြောင့် ဘိုးလ်ကိုချုပ်ထားတဲ့ အကျဉ်းထောင်ကို ချက်ချင်းအပြေးလာခဲ့တယ်။ ဒါပေမယ့် အကျဉ်းထောင် အဝကိုရောက်ရော အစောင့်တွေက သူ့ကိုအားကိုးတကြီး ပြောလိုက်ကြတယ်။

" မြင့်မြတ်တဲ့ ပုပ်ရဟန်းမင်းကြီး ဘိုးလ်ကို တယောက်ယောက်က အကျဉ်းထောင်ထဲက ကယ်တင်သွားပြီ။ ကြည့်ရတာ နတ်ဆိုးဖြစ်မယ်ထင်တယ်။ အကျဉ်းထောင် သံတိုင်တွေမှာ နတ်ဆိုးမြူတွေ ကျန်ရစ်နေတုံးပဲ။ ကြည့်ပါ..."

ပုပ်ရဟန်းမင်းက မအံ့သြဘူး။ သူက အကျဉ်းထောင်ထဲကို အမြန်ဝင်လာလိုက်တယ်။
================
ကျိုးယွင်ရှန့်က ဘိုးလ်ထွက်ပြေးသွားတာကို ကြားတော့ မအံ့သြဘူး။ သူက ဘိုးလ်ရဲ့ချစ်သူတွေထဲက တစ်ယောက်ကို ဆွဲထုတ်လိုက်နိုင်ရင်တောင်မှ သူ့မှာ အခြားချစ်သူတွေရှိနေပြီး အဓိက ဇာတ်ကောင်ဖြစ်နေတုန်းပဲ။
အချစ်ရူးရှန့်က ကံကောင်းတဲ့မျက်မမြင်ကြောင်လို ကြွက်တစ်ကောင်ကိုဖမ်းမိခဲ့ပေမယ့် ဒီကြွက်ကို ဘယ်လောက်ထိန်းနိင်မှာတဲ့လဲ။ တနေ့ ဒီကြွက်က သတိရလာပြီး ဘိုးလ်ဆီကို ပြန်သွားနိုင်တာပဲ။

ကျိုးယွင်ရှန့်က စိတ်ပူနေပေမယ့် အချစ်ရူးရှန့်က ပျော်နေတယ်။ သူကမှန်ရှေ့မှာ ဝတ်ရုံကို ဖယ်ခွာပြီး ကိုယ်ပေါ်က  အနီမှတ်တွေကို ကြည့်ပြီးပျော်နေတယ်။ ကျိုးယွင်ရှန့်က ထူးဆန်းတဲ့လူကြောင့် ရလာတဲ့အနီမှတ်တွေကိုလက်ညှိုးထိုးပြီး ပြောလိုက်တယ်။

" မင်းမရှက်ဘူးလား ဟမ်။ မင်းက ဘိုးလ်နဲ့အတူတူပဲ။ ညစ်ညမ်းတယ်လို့ မခံစားရဘူးလား။ "

ဒီလူကြောင့် သူလည်း ထူးဆန်းတာကို ခံစားရပေမယ့် သူ့အသိစိတ်ကို ဆက်ထိန်းထားနိုင်ခဲ့တယ်။

"ဘာကြောင့်ရှက်ရမှာလဲ၊ ဒီဟာတွေက ခမည်းတော် ချန်ခဲ့တဲ့အမှတ်တွေပဲ...  "
အချစ်ရူးရှန့်က ချက်ချင်း တုန့်ပြန်ပြောလိုက်တယ်။ ကျိုးယွင်ရှန့်က စိတ်ပျက်ရွံရှာစွာ ကြည့်ပြီးပြောလိုက်တယ်။

"ဘာကြောင့် ဘိုးလ်နဲ့မတူဘူးလို့ပြောရတာလဲ။ မင်းရဲ့ အဖိုးတန်လှတဲ့ ခမည်းတော်ကြီးကို သူလည်း အလုပ်ကျွေးပြုခဲ့တယ်။ မင်းထက် သက်တမ်းအကြာကြီး အလုပ်ကျွေးပြုပြီးမင်းကိုယ်ပေါ်ကလို သူ့ကိုယ်ပေါ်မှာ အနီမှတ်တွေချန်ခဲ့တာပဲ။ ဒါတင်ဘယ်ကမလဲ။ သူ့ဘေးက အခြား လူငယ်တိုင်းကို နှစ်ထောင်ချီကာလအတွင်း အရေတွက်နိုင်အောင် တပ်မက်ပြီး ဒီလိုဖြစ်အောင် လုပ်ခဲ့တာပဲ "

"အလင်းနတ်ဘုရားရဲ့ဘေးက ဟာတွေကို စဉ်းစားကြည့်လိုက်စမ်း။ အလင်းနတ်ဘုရားက လူတစ်ယောက်ကို သဘောကျတာ အချိန်သတ်မှတ်ချက်တခုရှိတယ်။ တကယ်လို့ မင်းကို သူ သဘောမကျတော့ဘူးဆိုရင် ဘိုးလ်ကို စွန့်ပစ်သလို ရွံရှာသလို မင်းကို ရွံရှာ စွန့်ပစ်လိမ့်မယ်။ ဒီဟာကို မင်း မမေ့ထားနဲ့။ ချစ်တယ်ဆိုရင်လည်း အရမ်း နက်နက်ရှိုင်းရှိုင်းမချစ်မိစေနဲ့။ မင်းကိုယ်ကိုယ် ခံစားရအောင် မလုပ်နဲ့။ မင်းခံစားရတာ ငါ ခံစားရတာနဲ့ အတူတူမို့ မင်းကို သတိပေးနေတာ "

သူက လုံးလုံးလျားလျား ဖုံးကွယ်နိုင်ဖို့ အချစ်ရှုး ရှန့်ကို အကာကွယ်ယူရဦးမယ်။ မဟုတ်ရင် သူက ဒီအာကာသ နယ်ပယ်မှာ အကျဉ်းချထားခံရနိုင်တယ်။

အချစ်ရှုး ရှန့်က စိတ်ကူးအိပ်မက်ကနေ နိုးထလာတယ်။ ကျိုးယွင်ရှန့်ပြောတာမှန်တယ်ဆိုတာကို သူသိတယ်။ ဒါပေမယ့် ခမည်းတော်ကို ချစ်တဲ့အတွက်သူ့နှလုံးသားတွေက ဒီအမှန်တရားကို ကြားရချိန်မှာ လောင်ကျွမ်းနေသလိုကို ခံစားနေရတယ်။ ဒါကြောင့် အချစ်ရှုး ရှန့် ကမြေပြင်ပေါ် ဒူးထောက်ပြီး လက်သိးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးငိုကြွေးရင်းပြောလိုက်တယ်။

"ဒါပေမယ့်....ဒါပေမယ့် ငါ သူ့ကိုတကယ်ချစ်တယ်။ တကယ်လို့ ဒီချစ်ခြင်းမေတ္တာက ဖျက်ဆီးခြင်းရဲ့ရှေ့ပြေးဖြစ်ခဲ့ရင်တောင်မှ ငါပြန်မဆုတ်နိုင်တော့ဘူး။ စိတ်မကောင်းပါဘူး။ ငါ မရပ်နိုင်ဘူး။ တောင်းပန်ပါတယ်!"

ကျိုးယွင်ရှန့် အရမ်းအံ့အားသင့်သွားတယ်။ သူက မှန်ကိုကြည့်ပြီး ဟောက်လိုက်တယ်။

 "မင်း မရပ်နိုင်ဘူးဆိုတာ ဘာလဲ။ ငါ့ကို သေအောင် ရိုက်နေတာလား?! ငါက မင်းပဲ ငါတို့ ကိုယ့်ဖြစ်တည်မှုနဲ့ လွတ်လွတ်လပ်လပ်ရပ်တည် နိုင်ဖို့ကို ဂုဏ်ယူတယ်မဟုတ်လား? မင်းတကယ်လား။ ငါတို့ရဲ့ဘ ၀ တစ်လျှောက်လုံးမှာ မင်းခမည်းတော်ရဲ့ အိမ်မွေးတိရိစ္ဆာန်ခွေး တစ်ကောင်လို လှည့်စားခံရပြီး အလင်းနတ်ဘုရားနားမှာ လှည့်ပတ်နေဖို့အလိုရှိသလား? "

အချစ်ရှုး ရှန့်က မျက်နှာကိုဖုံးအုပ်ပြီးေ ခါင်းညိတ်ကာ စကားတစ်ခွန်းမျှ မပြောဘဲ ငိုနေတယ်။ နဝမကောင်းကင်ဘုံကနေ အလင်းနတ်ဘုရားက ဒီမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်လို့နေတယ်။ သူ့ချစ်သူလေးက သူ့ကိုယ်သူကို ထိန်းနိုင်ဖို့ ဒီလို ကြမ်းတမ်းတဲ့စကားတွေပြောပြီး သူ့ဖာသာနာကျင်နေတယ်ဆိုတာ သူလုံးဝမမျှော်လင့်ထားဘူး။

သူက တူညီတဲ့ သဲလွန်စတွေဆိုတာက ဘာကိုဆိုလိုတာလဲ။ အလှည့်နဲ့ လက်ခံရရှိတယ်ဆိုတာ ဘာကို ပြောချင်တာလဲ။  အိမ်မွေးတိရစ္ဆာန်ခွေးက ဘယ်သူလဲ။ သူ့ကိုယ်သူ ဘာကြောင့် ဒီလို ထင်နေရက်တာလဲ။

အလင်းနတ်ဘုရားက ဒီမြင်ကွင်းကို ကြည့်ပြီး ဒေါသထွက်လာတယ်။ ဒါပေမယ့် သူ့ကလေးလေး နင့်နင့်သည်းသည်းငိုကြွေးနေတာကြည့်ပြီး စိတ်တွေ နူးညံ့လာတယ်။ သူက စိတ်ညစ်ညစ်နဲ့ ခေါင်းကို လက်နဲ့ ထောက်ထားပြီး သူရှိတဲ့နေရာကနေ မှေးမှိန်ပျောက်ကွယ်သွားတော့တယ်။

ကျိုးယွင်ရှန့်က အချစ်ရူးရှန့် ငိုကြွေးနေတာကို မနှောက်ယှက်ပဲကြည့်နေုတန်း သူ့အနောက်ဘက်မှာ နွေးထွေးတဲ့ ကိုယ်အတွေ့တခုကို ရလိုက်တယ်။ ဒီလူက သူ့မျက်လုံးကို ချက်ချင်းဖုံးအုပ်လိုက်ပြီး ထက်သန်တဲ့အနမ်းနဲ့သူ့နူတ်ခမ်းတွှေကို စားသုံးလိုက်တယ်။ သူ့မျက်လုံးတွေကို ရွှေရောင်ဖဲကြိုးနဲ့အုပ်လိုက်ပြီး သူ့ကိုပွေ့လို့ အိပ်ယာထက်ကို တင်လိုက်တာကို သိလိုက်တယ်။ သူက ရုန်းကန်ချင်ပေမယ့် အချစ်ရူးရှန့်က အကြောင်းမကြားပဲ ချက်ချင်း ရောက်လာပြီး သက်တောင့်သက်သာနဲ့ အဲ့ဒီလူကို ပြန်ဖက်ထားလိုက်တော့တယ်။

 " ကလေးလေး မငိုပါနဲ့။ မင်းရဲ့မျက်ရည်တွေက ကိုယ့်ရင်ကို ချော်ရည်တွေလို ပူလောင်စေတယ်။ ကိုယ် တန်ခိုးရှင်ချုပ်တွေကို တိုင်တည်ပြီး ပြောရဲပါတယ်။ ကိုယ်က မင်းကလွဲပြီး ဘယ်သူ့ကိုမှ မလိုချင်ဘူး။ မင်းတစ်ယောက်ကိုပဲ ချစ်တယ်။ မင်းကိုပဲ လိုချင်တယ်။ ကိုယ့်ကိုယ်ကိုယ်နာကျင်စေဖို့ မှန်ကိုကြည့်ပြီး မနှိပ်စက်ပါနဲ့တော့။ ဒီလိုဆက်လုပ်နေရင် ကိုယ် တန်ခိုးနဲ့ ဒီလောကမှာ မှန်တွေပျောက်အောင် လုပ်ပစ်လိုက်မယ်။ ကလေးလေး မင်း ကိုယ့်ကိုချစ်နေတယ်မလားဟင်။ ကိုယ့်ကို ယုံကြည်တယ်မလား... "

 အလင်းနတ်ဘုရားရဲ့လက်တွေက သူ့ခန္ဓာကိုယ်ပေါ်ကိုရွေ့လျားနေပြီး သူ့စိတ်ငြိမ်သက်မှုအတွက် အဖြေများတောင်းနေစဉ် သူ့ရဲ့မျက်ဝန်းတွေက အနက်ရောင်ရင့်ရင့်လွှမ်းနေတယ်။

တစ်စုံတစ် ဦး ကို ချစ်မြတ်နိုးခြင်းက ဒီလို စိတ်ဆင်းရဲခြင်းကို ဖြစ်ပေါ်စေနိုင်ပြီး နောက်ဆုံးမှာ သူ့ကောင်လေးက မှန်ရှေ့မှာ ပြောဆိုနေတဲ့ ခံစားချက်များကို အလင်းနတ်ဘုရား နားလည် သဘောပေါက်နိုင်ခဲ့တယ်။ ဒါကြောင့် ခုနက သူဖြစ်နေတဲ့ ဒေါသအားလုံး ပျောက်ကွယ်သွားတော့တယ်။ ကောင်လေးက သူ့ကိုချစ်လို့ သူ့ကို ဆုံးရှုံးရမှာစိုးလို့ အခုလို အရမ်းကြောက်ရွံ့နေ တာဖြစ်တယ်။

" အရမ်းကို ချစ်စရာကောင်းတယ်။ ဘယ်လိုကို ချစ်စရာကောင်း ရတာလဲကွာ.... "

အလင်းနတ်ဘုရား ခံစားခဲ့ရတဲ့ အမျက်ဒေါသက လုံးဝပျောက်ကွယ် သွားပြီး အလင်းနတ်ဘုရားပျော်ရွှင်စွာပြုံးပြီး သူအရေးတကြီး လုပ်ဆောင်မှုများက ဖြည်းညှင်းငြင်သာလာတော့တယ်။

"ခမည်းတော်။ သားတော် ခမည်းတော်ကို ချစ်တယ်။ ခမည်းတော်ကို ယုံကြည်တယ်။ ခမည်းတော်သားတော်ကို ချစ်တယ်ဆိုတာ သားတော် သံသယမရှိပါဘူး "

အချစ်ရူးရှန့်က အလင်းနတ်ဘုရားရဲ့ စကားတွေအောက် လုံးလုံးကို ပျော်ဝင်သွားတော့တယ်။ လောလောဆယ်တော့ ကျိုးယွင်ရှန့်က ဘယ်လိုမှ သူ့ကို ကယ်ထုတ်လို့ရမှာ မဟုတ်သေးဘူး။

နောင်များဆိုရင်တော့ သူ ဘယ်တော့မှ ကိုယ့်ကိုယ်ကို စိတ်ညို့အိပ်မွှေ့ချတာ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒီစိတ်က သူထိန်းလို့မရနိုင်လောက်အောင်ကို အကျိုးဆက်က ကြောက်စရာကောင်းလှတယ်။

အချစ်ရူးရှန့် အိပ်ပျော်ခါနီးမှာ အလင်းနတ်ဘုရားက တီးတိုးပြောလိုက်တယ်။

ကလေးလေး...ကိုယ်မင်းကို ချစ်တယ်။ မင်းကို ပြောမပြနိုင်လောက်အောင်ကို ချစ်တယ်။ မင်းချစ်တာထက်ကို ပိုချစ်တယ်။

ဒီငိုးမ နတ်ဘုရားက အိပ်ပျော်ခါနီး အိပ်မွေ့ချသလို လာပြောနေမှတော့ အချစ်ရူးရှန့်ကို ပင်ကိုယ်စိတ်ရောက်အောင် သူ ဘယ်လိုလုပ်တော့မှာလဲ။ ကျိုးယွင်ရှန့်က အလင်းနတ်ဘုရား ကို စိတ်ထဲကနေ လက်ခလယ် ထောင်ပြလိုက်တော့တယ်။
===========================

အလင်းနတ်ဘုရား၏ ဖူးစာရှင် /အလင်းနတ်ဘုရား၏ ဖူးစာရှင်Where stories live. Discover now