.. ၁၂၂ ..
16.1K 1.6K 120
《Zawgyi》
အပိုင်း - ၁၂၂
[အန္တရာယ် - ၁]
အဆုံးမရှိအောင် ကျယ်ပြန့်ကြီးမားကာ သန်စွမ်းထူထဲလှသော ချုံနွယ်ပိတ်ပေါင်းတို့၏ ဘေးတစ်ဖက်၌ မည်သူ့ကိုမျှ မြင်တွေ့နိုင်ခြင်း မရှိပေ။
ဒါပေမယ့် ထိုချုံနွယ်ပိတ်ပေါင်းတို့၏ မနီးမဝေး လမ်းမထက်တွင် ချင်းစုယွဲ့မှာ သူမခန္ဓာကိုယ်မှ ကျဆင်းနေသည့် သွေးအိုင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ လဲကျနေ၏။
သူမ ဝတ်ဆင်ထားသည့် အဖြူရောင် ရှပ်အင်္ကျီမှာ နီစွေးစွေး သွေးတို့ဖြင့် စွန်းထင်းကာ စိုနစ်နေပြီး ချင်းစုယွဲ့မှာ သွေးအိုင်ထဲတွင် ဆိတ်ငြိမ် တိုးတိတ်စွာ လဲလျောင်းနေလျက် သူမရဲ့မျက်ဝန်းတွေကိုတော့ တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားလေသည်။ သူမရဲ့ လက်ချောင်းလေးတွေမှာ ဖြည်းဖြည်းချင်း ရွေ့လျားနေပြီးမှ ရုတ်တရက် ဆတ်ခနဲ အောက်သို့ ပြုတ်ကျသွားသည်။
ချန်းစီနျန်က အိပ်မက်ဆိုးမှ ထိတ်လန့် တုန်လှုပ်စွာ လန့်နိုးလာပြီးနောက် သူ့ကိုယ်ပေါ်တွင် ချွေးသီးချွေးပေါက်တို့ဖြင့် ဒီးဒီးကျနေ၏။ သူက ထိတ်ထိတ်ပျာပျာဖြင့် ဖုန်းကို ယူလိုက်ပြီး ချင်းစုယွဲ့ထံ ဖုန်းခေါ်လိုက်သည်။
သူ ခဏမျှ စိတ်သက်သာရာ ရဖို့အတွက် ချင်းစုယွဲ့ လုံလုံခြုံခြုံ ရှိနေမည်မှန်း သိရဖို့ လိုသည်။
ဖုန်းက အချိန်အကြာကြီး မြည်နေပေမယ့် ကိုင်မည့်သူ မရှိပေ။ ချန်းစီနျန်မှာ သူ့ရဲ့ သည်းမခံနိုင် ဖြစ်နေသည့် စိတ်အား ချိုးနှိမ်ကာ အချိန်ကို ကြည့်လိုက်၏။ မနက် ၂နာရီ ရှိနေသဖြင့် သူမ အိပ်ပျော်နေလောက်သည်။
ချင်းစုယွဲ့က ဖုန်းသံကြောင့် နိုးလာသည်။ သူမ ဖုန်းမြည်သံကို တိုးပိတ်ထားမိတာ ကံကောင်းသွားသည်။ မဟုတ်ပါက ဘေးမှာ အိပ်နေကြသည့် အလုပ်မှ လုပ်ဖော်ကိုင်ဖက်တွေအား နိုးသွားစေပါက ဘယ်လိုတောင် ရှက်စရာ ကောင်းလိုက်မလဲ?
ချန်းစီနျန်က သူမကို အချိန်အကြာကြီး မဆက်သွယ်ခဲ့ပဲ ဘာလို့ ဒီအချိန်မှ ဖုန်းဆက်ရတာလဲလို့ သူမ အံ့ဩသွားမိသည်။ တစ်ခုခု ဖြစ်နေမည်ကို ချင်းစုယွဲ့က စိုးရိမ်မိသဖြင့် တံခါးမှထွက်ကာ ဖုန်းကို ပြန်ဖြေလိုက်၏။