.. ၁၂၄ ..
15.2K 1.7K 82
《Zawgyi》
အပိုင်း - ၁၂၄
[အန္တရာယ် - ၃]
ချင်းစုယွဲ့ဟာ သူ့အသံကိုကြားတော့ ထိတ်လန့်အံ့ဩစွာ ခေါင်းမော့ကြည့်လိုက်သည်။ သူက သူမကို ဖျော့တော့စွာ ပြုံးပြနေ၏။ ချင်းစုယွဲ့၏ မျက်ဝန်းတို့မှာ ရုတ်တရက် မျက်ရည်တို့ဖြင့် စိုစွတ်လာလေသည်။ "ဘာလို့ ရှင်က ..."
"မစိုးရိမ်ပါနဲ့ .. ကိုယ် သူတို့ကို မောင်းထုတ်ပေးမယ်"
ချင်းစုယွဲ့က ခံစားချက် ပေါင်းစုံတို့ဖြင့် မွန်းကျပ်ဆို့နစ်လို့လာသည်။ "ဂရုစိုက်နော်"
"ကိုယ် အဆင်ပြေသွားမှာပါ"
ထိုလူစု၏ ခေါင်းဆောင်လို့ ထင်ရသည့်သူက ရုတ်တရက် ပေါ်လာပြီး အော်ဟစ်လေသည်။ "တစ်ကယ်ကို တစ်ယောက်က ရောက်လာတာပဲ .. ဟေ့ကောင် မင်းက သေရမှာ မကြောက်ဘူးပေါ့? ရတယ်လေ မင်းပါ အဲ့ဟာမနဲ့အတူ သေလိုက်တော့! ငါတို့က မင်းတို့နှစ်ယောက်လုံးကို ကောင်းကင်ဘုံရောက်အောင် ပို့ပေးမယ်"
"အဲ့ဒါက မင်းတို့ လုပ်နိုင်စွမ်း ရှိမရှိပေါ်မှာပဲ မူတည်တယ်!"
"ချန်းစီနျန်!"
ချန်းစီနျန်ဟာ တော်တော်လေးကို အင်အားရှိပေသည်။ သူ့ကျောပြင်မှာ ဓားထိမိထားရဲ့နဲ့ ကြံကြံခံပြီး ထိုလူစုကို တိုက်ခိုက်နိုင်စွမ်း ရှိလေ၏။
ချင်းစုယွဲ့မှာ ဘေးကနေရပ်ရင်း စိုးရိမ်ထိတ်လန့်စရာ ကောင်းလှသည့် တိုက်ပွဲအား မျက်မြင်တွေ့လိုက်ရ၏။ သူမနှလုံးသားမှာ ကျပ်ခဲလို့နေကာ အသက်ရှူဖို့ပင် မေ့နေသလို ခံစားနေရသည်။ ချန်းစီနျန်က မြေကြီးပေါ်တွင် ဒူးတစ်ဖက် ထောက်ထားရလျက် ခဏကြာသည်အထိ လှုပ်ရှားမှု မရှိသည်ကိုတွေ့တော့ ချင်းစုယွဲ့မှာ ထိတ်ခနဲ ပြာဝေသွားသည်။ "ချန်းစီနျန်!"
ချန်းစီနျန်မှာ သူဒီနေ့ အစိမ်းရင့်ရောင် ရှပ်အင်္ကျီအား ဝတ်လာမိတာ ကံကောင်းသွားသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ သူသာ ပုံမှန်ဝတ်နေကျ အဖြူရောင်ကို ဝတ်ထားပါလျှင် သူ သေချာပေါက်ကို သူမအား ထိတ်လန့် သွားစေလောက်သည်။
"ကိုယ် အဆင်ပြေပါတယ်" သို့ပါသော်လည်း ချန်းစီနျန်က ချင်းစုယွဲ့ကို ထိုသို့ ပြောလိုက်ပြီးသည့်အခါမှာ အားနည်းကာ သတိလစ်သွားတော့၏။