ဂျပန်မြေကိုချစ်တဲ့ ကောင်လေး။ဆာကူရာတွေ ဝေနေအောင် ပွင့်တုန်းက ကိုယ့်ရင်ခွင်မှာ မှီချွဲလို့ ပြောခဲ့တဲ့ စကားတွေ။
"Kaiသိလား..?! ကျွန်တော်တို့ နာမည်တွေပေါင်းလိုက်ရင် စာလုံးတစ်လုံးရတယ်..."
"အင်း... "
ကိုယ်ရှိနေမှ သူ့ရဲ့ကမ္ဘာ ဖြစ်တည်ပါတယ်တဲ့။
ကိုယ့်အတွက်လည်း ထပ်တူထပ်မျှပေါ့ ကလေးရယ်...။
မင်းသာမရှိရင် ကိုယ့်ကမ္ဘာဆိုတာလည်း လုံးဝ ရှိနေမှာ မဟုတ်တော့ဘူး။
ရင်ဘတ်ကို မသိမသာကိုက်နေတဲ့ ကောင်လေးကို စချင်စိတ်နဲ့
"အဲ့လိုကတော့ ဟုတ်ပါပြီ...။ ဒါပေမယ့် Hunနာမည်က ဘာလို့ရှေ့ရောက်နေတာလဲ..."
"အာ...!!! KaiSe ဆိုတာကြီးက ဘာအဓိပ္ပာယ်ရှိနေလဲပြော..!!!"
"နောက်တာလေ.. ကလေးရဲ့..!! မကိုက်နဲ့.. နာတယ်ဗျ..!!!"
ကလေးရဲ့ ခိုးခိုးခစ်ခစ် ရယ်သံတွေ...။
ရင်ခွင်ထဲက ဆာကူရာကို အမြတ်တနိုး ငုံ့နမ်းမိတော့ သူ့ပါးနှစ်ဖက်ဟာ ရဲရဲနီမြန်းလို့။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
မနက်ဖြန် ကမ္ဘာပျက်တော့မယ်ဆိုရင် ဘယ်လိုလဲ..?။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
ရုတ်တရက်ဆန်ဆန် ကမ္ဘာပျက်တော့မယ်ဆိုပါစို့...။ ပြီးရင် ဘာဆက်ဖြစ်သွားမလဲ...?။ ကိုယ်တို့ဘယ်တွေရောက်သွားမလဲ...?။ ဆာကူရာပင်ကြီးတွေရော အစိတ်စိတ်ကွဲထွက်ကုန်မှာလား...?။ နက်နက်နဲနဲ စဉ်းစားကြည့်စရာကောင်းတဲ့အချက်မဟုတ်လား...?။
ကိုယ့်အတွက်ကတော့ စဉ်းစားစရာဆိုလို့.... နောက်ဆုံးညစာကို မင်းဘာစားမလဲဆိုတာဘဲ ရှိတယ်။
ရယ်စရာကောင်းသွားနိုင်တယ်...။ ကမ္ဘာပျက်ခါနီးမှာ ဒီလိုရူးနှမ်းတဲ့အတွေးမျိုး တွေးနေမိတာက...။ ဒါပေမယ့် ဘာထူးသလဲ... အကောင်းမြင်ဝါဒီသမားတွေတောင် ဒီအခြေအနေမှာ ရယ်နေနိုင်မှာလား....?။
ကိုယ်ရောဘဲ... ကလေးရယ်... ကိုယ်မရယ်နိုင်ဘူး....။
ငရဲကိုရောက်သွားမလား...? ဒါမှမဟုတ် ပျော်စရာတွေနဲ့ အရောင်စုံပြည့်နေမယ့် wonderlandလား...?။

DU LIEST GERADE
the end of the world
Fanfictionမင္းဟာ ကိုယ့္ရဲ့ ကမၻာ || မင်းဟာ ကိုယ့်ရဲ့ ကမ္ဘာ Ref. 世界の果て - radwimps