.. ၁၂၆ ..
16.2K 1.8K 174
《Zawgyi》
အပိုင်း - ၁၂၆
[သူက ငါ့အပိုင်]
ချန်းစီနျန်က ချင်းစုယွဲ့အား စိုးရိမ်နေမိတုန်းပင်။ ပါပါးချန်းအန်း ထွက်သွားတော့ သူက ချင်းစုယွဲ့အား မက်ဆေ့ပို့ကာ သူမရဲ့ဒဏ်ရာ အခြေအနေ ဘယ်လိုလဲဆိုတာ မေးလိုက်သည်။
ချင်းစုယွဲ့မှာ မက်ဆေ့ခ်ျကို မြင်ပြီးပြီးချင်း ဆေးရုံသို့ ချက်ချင်းပင် အပြေးအလွှား သွားမိတော့၏။ ချင်းစုယွဲ့က သူ့ဆေးရုံအခန်းရှေ့တွင် ရပ်မိရင်းမှ ပြေးလွှားလာခဲ့ရသဖြင့် အသက်ရှူမမှန်တာကို အတတ်နိုင်ဆုံး ကြိုးစားထိန်းလိုက်သည်။ ချင်းစုယွဲ့ရဲ့ စိတ်ထဲတွင်တော့ အတွေးတစ်ခုထဲသာလျှင် ရှိနေ၏။ 'သူ လုံလုံခြုံခြုံ အန္တရာယ်ကင်းကင်းနဲ့ ပြန်သတိရလာပြီ .. သူ သတိရလာပြီ!'
ချင်းစုယွဲ့က အခန်းရှေ့တွင် အကြာကြီး မတ်တပ်ရပ်နေမိ၏။ သူမ တံခါးခေါက်ဖို့ ပြင်လိုက်စဉ်မှာ သိပ်မဝေးသည့်နေရာမှ အသံတစ်သံအား ကြားလိုက်ရသည်။ "ရှေ့က သူ့အခန်းဆိုတာ သေချာရဲ့လား? နင် သေသေချာချာ မှတ်မိပါတယ်နော်?"
"သူဌေး .. ကျွန်တော် သေချာပါတယ် .. စီအီးအိုချန်းရဲ့ အခန်းက ရှေ့မှာပါ"
"အဲ့တာဆို မြန်မြန်လာလေ!" ရှန်ဝမ်းယန့်က ထိုသို့ ပြောပြီးသွားတော့ ဆက်လျှောက်လာ၏။ ထို့နောက်မှာတော့ ရှင်းလင်းနေသော ကော်ရစ်တာ၌ မတ်တပ်ရပ်နေသည့် သဏ္ဌာန်မှာ ချင်းစုယွဲ့ ဖြစ်သည်အား ရှန်ဝမ်းယန့်က တွေ့မြင်သွားလေသည်။
ရှန်ဝမ်းယန့်က လမ်းလျှောက်လာသည်အား ရပ်လျက် ချင်းစုယွဲ့အား လျို့ဝှက်စွာ ကြည့်လိုက်သည်။
ချင်းစုယွဲ့ကလည်း ပြန်စိုက်ကြည့်လိုက်၏၊
နှစ်ဦးသားက တစ်ချက်လေးမှ မရွေ့လျားကြပေ။ အဆုံးမှာတော့ ရှန်ဝမ်းယန့်က ချင်းစုယွဲ့ထံသို့ လျှောက်လာ၏။ ချင်းစုယွဲ့က လက်ကိုအောက်သို့ချလျက် ရှန်ဝမ်းယန့်အား ပြန်လှည့်ကြည့်လိုက်သည်။
ရှန်ဝမ်းယန့်က ရင်ဘတ်ရှေ့၌ လက်ပိုက်လျက် ချင်းစုယွဲ့အား မျက်လုံးဝေ့ကြည့်လိုက်၏။ "မင်းမှာ ဒီကိုလာဖို့ သတ္တိရှိသေးတယ်ပေါ့?"