"10"

19.9K 2.2K 47
                                    

သုံးလကြာပြီးနောက်...

ကျောက်ရန်တစ်ယောက် ကျိုးရန်ဖုန်းနဲ့ ရယ်မောကာ စကားတွေပြောနေတဲ့ သူငယ်ချင်းဖြစ်သူ ဝမ်လျိုချန်းကို မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ တအံ့တဩငေးကြည့်နေမိတယ် ။ အဲ့ဒီနှစ်ယောက်က ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားကြတာလဲ ။ ပြီးတော့ ကျိုးရန်ဖုန်း အဲ့ဒီလူက သူရဲ့သူငယ်ချင်းကို အချစ်တွေပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့ ဘာလို့ စိုက်ကြည့်နေရတာလဲ ။

" သူတို့နှစ်ယောက်က လိုက်ဖက်တယ်မထင်ဘူးလား "

ဝမ်လျိုမင်က ကျိုးရန်ဖုန်းကို မကြည့်ကြည့် စိုက်ကြည့်နေတဲ့ ကျောက်ရန်ကို မေးလိုက်တယ် ။

ကျောက်ရန်က မျက်ခုံးတွေ တွန့်ချိုးသွားကာ ....

" မင်းတို့ ဘာတွေကြံစည်နေပြန်တာလဲ ဝမ်လျိုမင် ငါ မင်းကို ‌သတိပေးလိုက်မယ် ထီးနန်းက မင်းအတွက် မဟုတ်ဘူး အဲ့တာကြောင့် မင်းအပိုင် မဟုတ်တဲ့အရာကို လိုချင်တပ်မက်မနေနဲ့ ... မယ်တော်ကြီးက မင်းဘက်မှာရှိနေရင်တောင်မှ အသုံးမဝင်ဘူး "

" ငါလည်း ထီးနန်းကို စိတ်မဝင်စားပါဘူး အဲ့တာကြောင့် စိတ်ပူမနေနဲ့ .... မင်းရဲ့သူငယ်ချင်းက အရူးမှမဟုတ်တာ ငါတို့လှည့်စားရင် မသိပဲနေပါ့မလား "

".........."

" ကျိုးရန်ဖုန်းက မင်းရဲ့သူငယ်ချင်းကို ချစ်လွန်းလို့ သူရဲ့မျက်စိအောက်ကနေတောင် အပျောက်ခံတာမဟုတ်ဘူး ပြီးတော့ မင်းရဲ့သူငယ်ချင်းကလည်း မငြင်းဘူးလေ "

" မဖြစ်... မဖြစ်နိုင်တာ လျိုချန်း သူ... သူက ကျိုးရန်ဖုန်းကို သဘောကျမှာ မဟုတ်ဘူး "

" အို! သေချာလို့လား ဝမ်လျိုချန်းက ကျိုးရန်ဖုန်းကို သ‌ဘောမကျဘူးဆိုတာလေ... မင်း သေချာပြောနိုင်လို့လား "

ဝမ်လျိုမင်ဟာ ကျိုးရန်ဖုန်းရဲ့စကားတွေကြောင့် ရှက်သွေးဖြာသွားပုံရတဲ့ ဝမ်လျိုချန်းကို မေးပင့်ပြကာ ကျောက်ရန်ကို ပြောလိုက်တယ် ။

ကျောက်ရန်က ဝမ်လျိုမင်ကို ပြန်‌လည်ချေပချင်ပေမဲ့ ခရမ်းချဉ်းသီးလို ရဲပလောင်းခတ်နေတဲ့ သူငယ်ချင်းဖြစ်သူရဲ့ မျက်နှာကြောင့် လည်ချောင်းထဲရောက်နေတဲ့ စကားကို ထုတ်မပြောနိုင်တော့ချေ ။ သူရဲ့သူငယ်ချင်း ဝမ်လျိုချန်းက အပျိုလေးတစ်ယောက်လို တကယ်ကြီး ရှက်သွေးဖြာနေတယ် မဟုတ်ပါလား ။

Virus System [ Completed ]Where stories live. Discover now