.. ၁၂၈ ..
16.9K 1.7K 142
《Zawgyi》
အပိုင်း - ၁၂၈
[နောက်ဆုံးတော့ ကိုယ် မင်းကို ပိုင်ဆိုင်ရပြီ - ၂]
ချင်းစုယွဲ့ဟာ ချန်းစီနျန်၏ လက်မောင်းတွေကြားမှ ထွက်လိုက်ရင်း သူ့ကို ကြည့်လိုက်၏။ "ရှင် အခု အရမ်း စကားအများကြီး မပြောပဲ နေပါအုန်းလား?"
ချန်းစီနျန်က ပြန်ပြောလေသည်။ "ကိုယ် အခုချိန်မှ စကားများများ မပြောရရင် ဘယ်အချိန် သွားပြောရမှာလဲ? အချစ်လေး သိလား မင်းက ကိုယ့်အပိုင်လို့ ပြောလိုက်တဲ့ အချိန်တုန်းက ဆိုရင်လေ ကိုယ် ..."
ချန်းစီနျန်ရဲ့ စကားက တစ်ဝက်တစ်ပျက်မှာ ရပ်သွားတော့ ချင်းစုယွဲ့က မေးလိုက်သည်။ "ဘာဖြစ်လဲ အဲ့တော့?"
"အမ် ကိုယ် အရမ်းကို ပျော်သွားတာလေ"
ချင်းစုယွဲ့က သူမရဲ့ပါးစပ်ကို တင်းတင်းစေ့လိုက်၏။ "အင်းပေါ့ ပျော်နေလိုက် အဲဒီမှာ! ချန်းစီနျန် ရှင် နောက်တစ်ခါ ကိုယ့်အသက်ကိုယ် ဂရုမစိုက်ပဲ နေရဲနေကြည့် ကျွန်မ သေချာပေါက်ကို ရှင့်ကို လမ်းခွဲမှာနော်"
"မစိုးရိမ်ပါနဲ့ကွာ!  နောက်တစ်ကြိမ်ဆိုတာ ဘယ်တော့မှ မရှိလာစေရဘူး! မင်းကို နောက်တစ်ကြိမ် ထပ်ပြီး အန္တရာယ် ကျရောက်ဖို့ ကိုယ် ခွင့်မပြုဘူး"
ချင်းစုယွဲ့က ပြုံးရုံသာ ပြုံးလိုက်၏။ "ရှင့် ဒဏ်ရာကရော ဘယ်လိုနေလဲ?"
"အရမ်းနာတာပဲ" ချန်းစီနျန်က မျက်ခုံးကို ထိစပ်မတတ်ကျုံ့လျက် ပြောသည်။
"ဟင် ရှင့်ဒဏ်ရာပေါ်ကို ခိုက်မိလို့လား?" ချင်းစုယွဲ့က ထိတ်လန့်စွာ မေးလိုက်၏။ "သက်သာသလို ထိုင်နေနော် ... ကျွန်မကို ထပ်ပြီး မဖက်နဲ့တော့ .. ဒဏ်ရာကို ကြည့်ပါရစေအုန်း"
"ကိုယ် မင်းကို ထွက်သွားခွင့် မပေးနိုင်ဘူး" ချန်းစီနျန်က ချင်းစုယွဲ့အား ပိုလို့ပင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ရင်း ပြုံးလိုက်၏။ "ကိုယ့်ချစ်သူလေးကို ဖက်ထားမှပဲ ပိုပြီး နေလို့ကောင်းသွားတာ!"
သူ ဒီလောက်ထိ အရှက်ကင်းမဲ့လိမ့်မည်ဟု ငါ ဘယ်လိုများ မသိနိုင်ခဲ့ရတာပါလိမ့်? "နောက်ကျရင်လည်း အချိန်ရှိသေးတာပဲကို .. ရှင် ဒီလောက်ထိ အလျင်လိုဖို့ လိုလို့လား?"