Prologue [Z×U]

506 41 0
                                    


ကျွီ ....

အနက်ရောင် ကားတစ်စီး ဆိုက်ရောက်လာတာနဲ့ ရုတ်ရုတ်သဲသဲနဲ့
ပုရွက်ဆိတ်အုံလိုစုဝေးသွားကြသည်။

အတင်းတိုးဝှေ့နေရင်း တဖျက်ဖျက်လက်နေတဲ့ ကင်မရာမီးတွေနဲ့ပဲ ထိုကားလာရာနေရာကိုသာ သည်းကြီးမည်းကြီး ရိုက်နေကြသည်။

များလွန်းတဲ့ လူအုပ်ကြောင့်အသက်ရှူဖို့ပါ မနည်းအားယူကာ
သူ့ထက်ငါအပြိုင်အဆိုင် ထိုကားရှိရာနေရာဆီကိုသာ ကင်မရာကိုချိန်ရင်း ရိုက်နေကြသည်။ ကားကိုရိုက်နေတာထက် ကားပေါ်က ဆင်းလာမည့် ပုဂ္ဂိုလ်ကို ဦးဆူံးရိုက်နိုင်ဖို့အတွက်ပင်။

ဲMoonLight entertainment ပိုင်ရှင်  မွေးရပ်မြေကို
ပြန်လာမည်ဆိုတဲ့ သတင်းကြောင့် company ရှေ့တွင် သတင်းထောက်များ စုဝေးနေခဲ့ကြခြင်းပေ။

ခဏအကြာ လုံခြုံရေးများ ရောက်ရှိလာပြီး ထိုသတင်းထောက်များကို ထိန်းထားလိုက်သည်။ ကားတံခါးကို ဖွင့်လိုက်ပြီဆိုတာနဲ့ သတင်းထောက်များ အုံကြွလာသည်။
သို့သော် ဘေးနားတွင်ပါလာတဲ့ Body guard များကြောင့်
အနည်းငယ် ငြိမ်သက်သွားသည်။

အနက်ရောင် suit များ ဝတ်ဆင်ထားတဲ့ Body guard ၁၀ ယောက်က ဆင်းလာပြီး ထို ပုဂ္ဂိုလ်သွားဖို့အတွက် လမ်းကို
ပြန်ဖွင့်ထားလိုက်သည်။

အနက်ရောင် ဖိနပ်တစ်ဖက်က မြေပြင်ပေါ်မှာ ~ မရှေးမနှောင်းမှာပဲ
နောက်တစ်ဖက်ကလည်း မြေပြင်ပေါ်မှာရှိနေသည်။

သတင်းထောက်များဟာလည်း ထိုဖိနပ်ကိုသာ ကုန်းရုန်းရိုက်နေမိသည်။

အကျီ င်္အမည်း ၊ ဘောင်းဘီ အသားရောင်အရှည်နဲ့ နက်ပြာရောင်မာဖလာကိုပတ်ကာ အပေါ်က coat ထပ် ဝတ်ထားတဲ့ ပုဂ္ဂိုလ်က
လက်တစ်ဖက်က ဦးထုပ်ကိုကိုင် အနွေးထည်ကို လက်မှာချိတ်ပြီး
တည်ငြိမ်စွာဖြင့် ကားပေါ်မှ ဆင်းလာသည်။

ရွှေရောင်နဲ့အမည်းစပ်ဆိုးထားသော ဆံပင်ကို သပ်တင်ရင်း
ကျန်လက်တစ်ဖက်ဖြင့် wave လုပ်ပြလိုက်သည်။

ထို့နောက် ... company ထဲဝင်သွားသော ထိုပုဂ္ဂိုလ်၏ ကျောပြင်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလျက် .....

ENTERTAINER Where stories live. Discover now