Part-24

2.2K 164 85
                                    

<Unicode>

"ကိုယ့်ကိုရှင်းပြချင်လား ကလေး"

ကျတော့်စိတ်ထဲကပြောနေတဲ့စကားတွေကို
daddyကြားသလားမသိ
ကျတော်မေးစေချင်သောမေးခွန်းကိုမေးသည်

ပါးပေါ်ကမျက်ရည်တွေကို လက်ခုံနဲ့ပွ​တ်သုတ်ကာ အဖြစ်အပျက်အကုန်လုံး သေသေချာချာရှင်းပြလိုက်သည်

ပထမဆုံးအကြိမ်အဖြစ် ကျ​တော့်ကိ​ု ဖြေရှင်းခွင့်ပေးတာမို့ ပျော်လွန်းလို့ မျက်ရည်တွေပင်ပြန်ကျချင်ချင်

"စိတ်မဆိုးပါနဲ့တော့နော် daddy...
yeolကလေ daddy'ကိုပဲချစ်တာလို့ နော်"

နှုတ်ခမ်းလေးထော်ကာ ကပ်ချွဲသော်လဲ daddyကသိပ်ကျေနပ်ပုံမရသေး

ကျတော့်ဖြေရှင်းချက်ကိုနားမလည်လို့လား

သေချာရှင်းပြခဲ့တာပဲ နားမလည်စရာအကြောင်းမရှိပါဘူး

အင်းပေါ့လေ
အရမ်းခံစားခဲ့ရမှာဆိုတော့ ချက်ချင်းကြီးဘယ်စိတ်ပြေချင်ပါဦးမလဲ

"အပြစ်တော့ပေးရမှာပေါ့...
ကိုယ့်ကိုစိတ်မကောင်းဖြစ်အောင်လုပ်တဲ့yeolလေးကို"

"Daddyကလဲ"

အပြစ်ပေးမယ်ဆိုတာကြောင့် မချွဲနိုင်တော့ပဲ ငိုမဲ့မဲ့ပြန်ဖြစ်သွားသည်..

အထင်လွဲတာကိုတောင် အပြစ်ပေးဦးမတဲ့လား..

အင်းလေ ဟုတ်ပါတယ် ကျတော့်အမ​ှားလဲပါတာကိုး
ကျတော့်ကြောင့် daddy'စိတ်ကူးလေးတွေအကုန်ပျက်သွားရတာလေ

"ကိုယ့်ကိုနမ်း"

"အင်!"

အပြစ်ဒဏ်ကအဲ့ဒါလား..!!

ဟင့် အဲ့ဒါအဆိုးဆုံးပဲ

မနမ်းတတ်မှန်းသိလို့လုပ်တာ
ကျတော့်ဘက်ကစနမ်းရရင် ရှက်တတ်တာdaddyသိသားနဲ့

အကျင့်ကိုမကောင်းဘူး daddyရာ

"အူးးးမွ~~"

နှုတ်ခမ်းလေးဆူပြီး daddyနှုတ်ခမ်းပေါ်ဖိကပ်လိုက်သည်

ကျတော့်သကြားလုံးလေးလိုချိုတဲ့daddyနှုတ်ခမ်းတွေကမလွှတ်ချင်လောက်အောင်အရသာရှိသည်

5စက္ကန့်လောက် ထိရုံလေးထိပြီး ခွာမယ်လုပ်တော့ daddyကအလွတ်မပေး ကျတော့်မျက်နှာကိုအုပ်ကိုင်ကာ နှုတ်ခမ်းသားတွေကိုစုပ်နမ်းသည်

He is my daddy(Z AND U)CompletedWhere stories live. Discover now