Little Heart Hacker ( Unicode )

3.9K 453 25
                                        

" ဝမ်ရိပေါ်ရေ..."

" ဝမ်ရိပေါ် !!! "

" ဝမ်ရိပေါ်....!!!! "

အမည်နာမရဲ့ ပိုင်ရှင်က ခုတင်ပေါ်က စောင်ပုံထဲ မြှုပ်နေတုန်း။

" ဝမ်ရိပေါ်..မင်းဖာသာထမလား ငါထအောင် လုပ်ကမလား...."

ရှောင်ကျန့်ရဲ့ နံနက်ခင်းတိုင်းက ဤမျိုးဤပုံနဲ့ စတင်လေ့ရှိတယ်။ အမှန်တကယ်ဆို ရှောင်ကျန့်က အေးအေးဆေးဆေးနေတတ်တဲ့လူမျိုး။ဝမ်ရိပေါ်ဆိုတဲ့ လူသား သူ့အိမ်
မရောက်ခင်အချိန်အထိ။

ဝမ်ရိပေါ်ဘာကြောင့် သူ့အိမ်ရောက်လာသလဲဆိုတော့
ဝမ်လီလီ ဆိုတဲ့ သူရဲ့ ချစ်လှစွာသော သူငယ်ချင်း လေးကြောင့်။

မောင်နှမအရင်းအချာဖြစ်တဲ့ သူတို့၂ ယောက်မှာ
လီလီ အေးသလောက် ဝမ်ရိပေါ်ဆိုတဲ့ အကောင်ကတော့
တကယ် ငဂျစ်ကောင်။ ပေကျင်းက အထက်တန်းကျောင်းမှာ တတ်ဖို့ ချုံချင်းက အစ်မဖြစ်သူက ရှောင်ကျန့်ဆီ
လွှတ်ပြီး အကူအညီတောင်းတော့လည်း အားနာနာနဲ့
လက်ခံမိတာပေါ့။ ကိုယ့်သူငယ်ချင်း လေး အဆင်ပြေဖို့က
အဓိကမလား။ ဒီလိုသာ အော်ဟစ်နေရမှန်းသာ ကြိုသိခဲ့ရင် လက်ခံမိမှာမဟုတ်။

" ဝမ်ရိပေါ်..."

ရှောင်ကျန့်တစ်ယောက်ပြောလဲပြောရင်း ရိပေါ်ရဲ့ တင်ပါးကို
စောင့်ကန်လိုက်တော့ ရိပေါ်မှာ ခုတင်အောက်ကို ဘုန်းကနဲ။

" ကျန့်ကော ခင်ဗျား အကြင်နာတရား ခေါင်းပါးလှချည်
လား....ဖြေးဖြေးသက်သာ နိူးပါလား..."

ရှုပ်ပွနေတဲ့ ဆံပင်တွေကို ရိပေါ် သက်ချရင်း အော်တယ်။

" အော်အေး....ဖြေးဖြေးသက်သာနိူးတော့ မင်းကထတယ်ဆိုတော့..."

" သွား ရေသွားချိုး....ငါ့အလုပ်နောက်ကျတော့မယ်"

" ခင်ဗျားက စောစောစီးစီးလာနိူးပါလား..."

" ဝမ်ရိပေါ်.......!!!!! "

" ထပြီ ထပြီ ရေချိုးပြီ....!! "

ကျသွားတဲ့ ကြမ်းပြင်ပေါ်ထိုင်နေရင်းက ရေချိုးခန်းဆီထသွားပြီး ရိပေါ်က တိုးတိုးလေး ထပ်ပြောတယ်။

Little Heart Hacker [ one shot ]  Donde viven las historias. Descúbrelo ahora