.. ၁၂၉ ..
16.5K 1.6K 42
《Zawgyi》
အပိုင်း - ၁၂၉
[နောက်ဆုံးတော့ ကိုယ် မင်းကို ပိုင်ဆိုင်ရပြီ - ၃]
ကူထုံးက 'ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်တဲ့ စုံတွဲ ဖြစ်သွားကြပြီ' ဟူသည့် နေရာအား တမင်သက်သက်ပင် ရည်ရွယ်ချက်ရှိရှိ အသံကို ဖိပီး ပြောလိုက်လေတာ ဖြစ်၏။ "​စုယွဲ့က ပြောတယ် ... သူ ခုတလော ဆေးရုံမှာ ချန်းစီနျန်ကို ဂရုစိုက်ပေးရမှာမို့  ပြန်မလာနိုင်သေးဘူးတဲ့"
ရှချောင်းက ခုထိ ဘာမှ ပြန်မပြောသေးပေ။
ကူထုံးကပဲ ဆက်ပြောလိုက်၏။ "ရှချောင်း ..  ကျွန်မသာ ရှင့်နေရာမှာဆိုရင် ရှန်ကျင်းမြို့ကို နောက်ထပ် ဘယ်တော့မှ ထပ်သွားတော့မှာ မဟုတ်ဘူး"
ထိုသို့ ပြောလိုက်ပြီးသွားတော့ ဖုန်းမချသေးခင်၌ ရှချောင်း ပြောလိုက်တာကို ကူထုံးက ကြားလိုက်ရသည်။ "ကျေးဇူးပဲ .. ကိုယ်သိပြီ"
သူ ရှန်ကျင်းကို သွားပြီး ချင်းစုယွဲ့ကို သွားရှာ မရှာ တော့ ကူထုံးလည်း မသိပေ။
ဒါပေမယ့် ည ရှစ်နာရီလောက်မှာတော့ ကူထုံးဟာ ရှချောင်းထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိလေ၏။ ရှချောင်းက ကူထုံးအား သူနှင့်အတူ သောက်ချင်လားလို့ မေးတာဖြစ်ပြီး ကူထုံးကလည်း အလွယ်တကူပဲ သဘောတူလိုက်လေသည်။
သူတို့နှစ်ယောက်လုံးက နာမည်ကျော်ကြားသူတွေ ဖြစ်တာကြောင့် ဘားတွေနှင့် ထိုသို့ အလားသဏ္ဌာန်တူသည့် နေရာတွေကိုတော့ မသွားဝံ့ကြပေ။ ရှချောင်းက ဘီယာတွေ အများကြီးနှင့် ဝိုင်နီတွေကို ဝယ်ထားလေ၏။ ကူထုံး ရောက်သွားချိန်၌ စားပွဲပေါ်တွင် ပုလင်းလွတ် နှစ်ပုလင်း သုံးပုလင်းကိုပင် တွေ့လိုက်ရသည်။
ကူထုံးက တိတ်တဆိတ်သာ သက်ပြင်းချလိုက်ပြီး ဝင်ထိုင်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ဘီယာပုလင်းကို အဖုံးဖွင့်လိုက်ပြီးတော့ အငမ်းမရ မော့သောက်လိုက်၏။ "နာကျင်မှုကို ဒါနဲ့ ကုစားတာ ပိုသက်သာရတယ်"
ရှချောင်းက သရော်လိုက်သည်။ "ကိုယ်က သူ့အပေါ်မှာ ခံစားချက်တွေ ရှိနေတယ်လို့ မင်း ပြောနိုင်လို့လား?"