.. ၁၃၀ ..
17.7K 1.7K 106
《Zawgyi》
အပိုင်း - ၁၃၀
[ရင်းနှီးသော - ၁]
ချန်းစီနျန် သူ့ဒဏ်ရာတွေကို သက်သာပျောက်ကင်းအောင် ကုသနေစဉ်အတွင်း ချင်းစုယွဲ့ကလည်း ဆေးရုံသို့ နေ့တိုင်း လာရောက် ဂရုစိုက်ပေး၏။ တစ်ခါတလေဆိုလျှင် ချင်းစုယွဲ့က ညဉ့်လယ်လောက်ထိ နေပေးပြီး ချန်းစီနျန်က ဒရိုင်ဘာဖြင့် သူမကို ပြန်လိုက်ပို့စေသည်။
ချင်းကွမ်းချန်ကတော့ ဒါကို သိပ်သဘောမကျပေ။ ချင်းကွမ်းချန်မှာ သူလုပ်စရာ ရှိတာတွေ အပြီးသတ်ပြီး ဆေးရုံသို့ ခရီးအဝေးကြီးကနေ ရောက်လာ၏။ သူ ဆေးရုံအခန်းတံခါးကို ဖွင့်လိုက်သည့် တစ်ခဏမှာတော့ သူ့ညီမလေးက ခေါင်းကိုငုံ့လျက် ချန်းစီနျန်အတွက် ပန်းသီးတစ်လုံးအား အသေးစိတ်ကို စိတ်ရှည်လက်ရှည် အခွံခွာပေးနေသည်အား တွေ့လိုက်ရသည်။ ထိုအချိန်မှာ ဟိုသကောင့်သားက အိပ်ရာ၌ထိုင်လျက် သူ့ညီမလေးကို နင့်နင့်သီးသီး စိုက်ကြည့်လို့နေလေ၏။
"အဟမ်း အဟမ်း" ချင်းကွမ်းချန်က အခန်းထဲမဝင်လာခင် ထိုနှစ်ယောက်အား ချောင်းဟန့်သံ ပြုလိုက်သည်။
ချင်းစုယွဲ့က လှည့်ကြည့်လိုကိတော့ ချင်းကွမ်းချန်အား မြင်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ "ကိုကို ... ဘာလို့ ဒီကိုရောက်နေတာလဲ?"
ချင်းကွမ်းချန်က ဘာမှ ပြန်မပြောသေးပဲ ချန်းစီနျန်အား တစ်ချက် ကြည့်လိုက်၏။ "ညီမလေးအတွက် သူက ဘယ်လောက်တောင်များ ဒဏ်ရာရပေးခဲ့လို့ ငါ့ညီမလေးက မနက်ဆိုလည်း အစောကြီးထရ ညဆိုလဲ ညဉ့်နက်မှ အိပ်ရာဝင်ရပြီး သူ့ကို ဂရုစိုက်နေရလဲဆိုတာ မြင်ချင်လို့ လာခဲ့တာလေ"
ချင်းစုယွဲ့ဟာ တကယ်ကိုပင် ချန်းစီနျန်အတွက် စွပ်ပြုတ် အမျိုးမျိုးကို ချက်ပြုတ်ဖို့အတွက် အစောကြီး ထနေရတာ ဖြစ်၏။ ချန်းစီနျန်က ချင်းစုယွဲ့ ယူလာတဲ့ စွပ်ပြုတ်ကို သောက်ပြီးထဲက သူတို့ချန်းမိသားစုက ချက်တဲ့ စွပ်ပြုတ်တွေကို ခံတွင်းမတွေ့တော့ပေ။ သူ တွေးနေမိတာကတော့ ချင်းစုယွဲ့ကိုယ်တိုင် သူ့အတွက် ချက်လာတဲ့ စွတ်ပြုတ်ကိုပင်။