Love on you - 20

6.8K 511 19
                                    

~ zawgyi ~

Xiao Zhan ကို အမ Yu Fei တို့နဲ့တွေ့ပေးဖို့
ပြောခဲ့ပေမဲ့ Xiao Zhan ကတော့ Yibo ရဲ့ခြေထောက်တွေလုံးဝအကောင်းပကတိဖြစ်သွားမှ
တွေ့ပေးမယ်ဆိုပြီးပဲပြောတယ်

Zhan ge ကိုကြည့်ရတာ သူနဲ့ အမ Yu Fei
တို့သားအမိကိုပေးတွေ့ချင်ပုံမရဘူး
တကယ်တော့ သူလည်းမတွေ့ချင်ပါဘူး
တွေ့လို့လည်းကောင်းတာမှမရှိဘဲ
ဒါပေမဲ့ သူနောက်ဆုံးအနေနဲ့အတည်ပြုကြည့်ချင်
သေးတယ် အမှန်တရားကိုသိထားပြီဆိုပေမဲ့လည်း
Zhan ge နဲ့ အမ Yu Fei တို့နှစ်ယောက်စလုံးရဲ့အတည်ပြုမှုကို နာကျင်ရမယ်ဆိုရင်တောင်
လိုချင်သေးတယ်
ဖျော့တော့တော့မျှော်လင့်ချက်လေးနဲ့ပေါ့

ဒါပေမဲ့ Zhan ge ကတကယ်ကိုလုံးဝပေးမတွေ့ခဲ့ဘူး ကိုယ့်ဘာသာကိုယ်သွားတွေ့လို့ရပေမဲ့
Zhan ge မဖြစ်ချင်တာကို အတင်းအကျပ်ကြီးမလုပ်ချင်ဘူး
ဒါပေမဲ့ လက်လွှတ်ရမယ်ဆိုရင်တောင် နောက်ဆုံးအနေနဲ့အတည်ပြုသွားချင်သည်

"မင်း ပြောစရာရှိတယ်ဆို ဘာကိစ္စလဲ Yibo"

"ကျွန်တော့်ခြေထောက်တွေကလည်းလုံးဝပြန်ကောင်းနေပြီဆိုတော့ Zhan ge ကျွန်တော့်ကို
ဆက်ပြီးကုသပေးစရာမလိုလောက်တော့ဘူးလို့
ထင်ပါတယ် "

"အင်း မင်းအဆင်ပြေတယ်ဆို ငါဒီနေ့ပဲပစ္စည်းတွေ
သိမ်းပြီးပြန်လိုက်ပါ့မယ်"

"ဒီအပတ် စနေနေ့ကျရင် ဒီခြံထဲမှာပဲ ညစာစားပွဲ
လေးတစ်ခုလုပ်ဖို့ရှိတယ် Zhan ge ရော
အမ Yu Fei တို့သားအမိကိုပါ မဖြစ်မနေလာစေချင်တယ် ဒီတစ်ခါတော့မငြင်းဘူးထင်ပါတယ်
Ge ကျွန်တော်လည်းခြေထောက်တွေကောင်းသွားပြီဆိုတော့ပေးတွေ့လို့ရပြီမလား"

" ဘာလို့အဲ့လောက်တောင် Yu Fei တို့နဲ့တွေ့ချင်နေရတာလဲ မင်း ဘာတွေလုပ်ဖို့စိတ်ကူးနေတာလဲ"

"ကျွန်တော်ဘာမှမလုပ်ပါဘူး ဒီအတိုင်းကျွန်တော်
မသွားခင်လေးအတည်ပြုသွားချင်ရုန်လေးပါ"

"မသွားခင်...."

Xiao Zhan
Yibo ရဲ့စကားနောက်ကိုသံယောင်လိုက်ရေရွတ်လိုက်မိသည်

"အင်း ဟုတ်တယ် ge ကျွန်တော့်ခြေထောက်တွေလည်းပြန်သက်သာလာပြီဆိုတော့ မားရဲ့ညီမ
ဒေါ်လေးရှိတဲ့ပြင်သစ်ကိုလုပ်ငန်းတိုးချဲ့ဖို့အတွက်
သွားမလို့လေ အခုညစာစားပွဲလုပ်တာလည်း
ကျွန်တော်နှုတ်ဆက်တဲ့အနေနဲ့ရော ဒေါ်လေးရဲ့
သားပြန်လာတာကိုကြိုဆိုတဲ့အနေနဲ့ရောလုပ်တာ
လေ သူကဒီကိုပြန်မရောက်တာကြာပြီလေ
သူပြန်ရင်ကျွန်တော်ပါလိုက်သွားတော့မှာ
အဲ့ဒါကြောင့်မို့"

Love on youWhere stories live. Discover now