Partners of Sky

6.8K 606 142
                                    

ကောင်းကင်ယံ၌ လျှပ်ပန်း လျှပ်နွယ်တို့ မြူးထူးပျော်ပါး၍ ကမ္ဘာမြေကြီးမှာတော့ သိမ့်သိမ့်တုန်နေသည်။ မိုးကြိုးတို့ကလဲ မြေပြင်ပေါ် သက်ဆင်းပျော်မြူးကြသလို လေပွေတို့ကလဲ ရောက်လေရာ အူမြူးနေကြဟန်။ ဤသို့ ပုံမှန်မဟုတ်သောအချင်းအရာသည် ကမ္ဘာ့ပျက်ကပ်ကို ဖော်ညွှန်းလေသည်လား။

အကြောက်တရားတို့ဖြင့် ဆောက်တည်ရာမရတော့သော လူ့လောကသားများမှာ ကောင်းကင်ကို တိုင်တည်၍ နတ်ဘုရားများကို ရေရွတ်ဆုတောင်းကြသည်။

သို့ရာတွင် လူ့လောက တစ်ခုတည်း ယောက်ယက်ခတ်နေရသည်မဟုတ်။ နတ်ဘုရားတို့ဘုံ၌လဲ အလားတူပင်ဖြစ်၏။

"မွေးပြီလား "

အလောတကြီးမေးလိုက်သော နေနတ်ဘုရား
အပိုလို၏ မျက်နှာမှာ စိုးရိမ်မှုတို့ကအထင်းသား။

"အခုထိ မမွေးသေးပါဘူး နေနတ်ဘုရား"

ထင်တာထက် ပိုကြန့်ကြာနေသည့် သားတော်လေး၏ ဖွားမြင်မှုကြောင့် နေနတ်ဘုရားခမျာ စိတ်မအေးနိုင်ရှာ။

သားတော်လေးဖွားမြင်ခါနီး ကမ္ဘာ့ပျက်ကပ်လို နိမိတ်တွေကြောင့်လဲ သူ့မှာ စိတ်တထင့်ထင့်။

သေချာတာက တစ်ခုခုတော့မှားနေပြီ။ ဒီနိမိတ်အားလုံးက သားတော်လေးကို ရည်ညွန်းသည် မဟုတ်တန်ရာ။

"ဂလော်ရီရာ !!"

"အမိန့်ရှိပါ အရှင်"

ခေါ်လိုက်သည်နှင့် ချက်ချင်းအနားလာခစားသော သူ့၏ညာလက်ရုံး။

"ဒီ နိမိတ်တွေရဲ့ တရားခံကို လိုက်ရှာချေ။ တွေ့ရင် ကိစ္စချောပစ်လိုက် ကြားလား။ "

"မှန်လှပါ အရှင်"

ထို့နောက် နေရာမှ ချက်ချင်းပျောက်ကွယ်သွားသော ညာလက်ရုံး။

သားတော်လေး၏ ရှေ့ရေးကို မည်သည့် အရာမှ ပိတ်ပင်တားဆီး၍ မရစေရ။ဒါဟာ သူ့ရဲ့ ဖခင်တစ်ယောက်ရဲ့အတ္တပဲ။

ကောင်းကင်ဘုံ၌ နေနတ်ဘုရား၏ သားတော်လေးဖွားမြင်မှုနဲ့အတူ တားမြစ်နယ် အန်ဒိုရါ၌
နတ်ဘုရားမ မယ်ဒူဆာမှလဲ သားဖွားခြင်းဝေဒနာကို အလူးအလဲခံစားနေရလေသည်။

Abandoned God(အစွန့်ပစ်ခံနတ်ဘုရား)       Abandoned God(အစွန့်ပစ်ခံနတ်ဘုရား)Where stories live. Discover now