Blooming of Serendipity

3.2K 517 113
                                    

သူ့ရှေ့တွင် ရပ်နေသော နတ်ဘုရားလေးကိုကြည့်ရင်း
တွေးမိသည်က အန်ဒိုရါတွင် စတွေ့ခဲ့သည့်အချိန်တွေက မနေ့တစ်နေ့က ဖြစ်ရပ်တွေနှယ် ။

စတွေ့တွေ့ချင်း မြွေစာကျွေးဖို့ သူ့ကိုရက်ဂေါရာ တွေလက်က ကယ်ခဲ့တဲ့ကောင်လေး ။
ယပ်တောင် တစ်ချောင်းနဲ့ သူ့အသက်ကို လဲလှယ်ခွင့်ပြုခဲ့တဲ့ကောင်လေး ။

ခင်မင်ရင်းနှီးပြီးတဲ့နောက် အန်ဒိုရါတစ်ခွင် သူ
မရောက်ဖူးသည့် နေရာမရှိစေရန် လိုက်ပြခဲ့သည့်ကောင်လေး ။

ထိုကောင်လေးက ကံကြမ္မာ၏ လှည့်စားမှုနဲ့အတူ
နတ်ဘုရားအဖြစ် သတ်မှတ်ခြင်း တရားဝင်ခံယူလို့ သူ့ရှေ့တွင်ရောက်နေခဲ့ပြီ ။ အရာရာဟာ အိပ်စက်ခြင်းနတ်ဘုရား ဖန်တီးယူသော အိမ်မက်နှယ် ယုံကြည်ဖို့
သိပ် ခက်ခက်ရယ်ပါ။

ကောင်းချီးရောင်ဝါအောက် ထမ်းရွက်ရမည့် တာဝန်ကတိသစ္စာတွေ သဘောတူညီကြောင်း သစ္စာဆိုပြီးသည်နှင့် ဆက်ခံသူတရားဝင်ဖြစ်ကြောင်း ကြေညာသည်။ ထို့နောက်မှာတော့ နတ်ဘုရားများ၏ ကောင်းချီးသြဘာပေးမှုအပြီး အခမ်းအနား
ပြီးဆုံးလေသည် ။

ကောင်းချီးပေးမှုနဲ့အတူ သူတို့နှစ်ဦးသားအပေါ် ကြဲချလိုက်သည့်  အယ်ထရီနာ ပွင့်ဖတ် မိုး တို့က ကိုယ်ပေါ်သို့ ဝဲပျံကျလာကြသည် ။
ထို အခိုက်အတန့်အတွင်း လာမည့်အနာဂတ်တွေက
အစဥ်အမြဲ သာယာနေတော့မည့်ဟန် ခံစားမိသလို ။

အယ်ထရီနာ/ကောင်းချီးပန်း=ပွင့်ဖတ်သေး၍ ရနံ့မွှေးကာ ပန်းရောင်အဆင်းရှိသော ပန်းမျိုး

ဘေးက ပန်းပွင့် မိုးတွေကြား ရယ်မောနေတဲ့
နတ်ဘုရားလောင်း အသစ်စက်စက်ကလေးအား ငေး၍ပင်မဝနိုင် ။ မြင်မြင်သမျှအရာအားလုံးက
ပျော်ရွှင်ခြင်းအတိ ခြယ်မှုန်းထားသလို လင်းလက်တောက်ပ၍နေခဲ့သည် ။
ဒီအခိုက်အတန့်လေးက ထာဝရ ရပ်တန့်ပစ်ချင်သည်ထိ သိပ်ကို လှပလွန်းနေခဲ့တယ် ။
ထို့အတူပဲ ကိုယ့်ဘေးနားက မင်းလဲ သိပ်လှနေခဲ့တယ်။

ဆက်ခံသူ တင်မြှောက်ပွဲပြီးသည်နှင့် ဂုဏ်ပြုပွဲကဆက်တိုက် ဆိုသလို တက်ရောက်ရပြန်သည် ။

🎉 You've finished reading Abandoned God(အစွန့်ပစ်ခံနတ်ဘုရား) Abandoned God(အစြန္႔ပစ္ခံနတ္ဘုရား) 🎉
Abandoned God(အစွန့်ပစ်ခံနတ်ဘုရား)       Abandoned God(အစွန့်ပစ်ခံနတ်ဘုရား)Where stories live. Discover now