.. ၁၃၁ ..
17.6K 1.7K 158
《Zawgyi》
အပိုင်း - ၁၃၁
[ရင်းနှီးသော - ၂]
ချန်းစီနျန် ချင်းစုယွဲ့ကို လွှတ်ပေးတဲ့ အချိန်တွင်တော့ ချင်းစုယွဲ့မှာ အသက်ပင် ခက်ခက်ခဲခဲ ရှူနေရယုံမက သူမရဲ့ နှုတ်ခမ်းတို့နှင့် လျှာမှာ နာကျင်၍ ထုံတောင် ထုံနေပြီကိုပင် ခံစားလိုက်ရလေ၏။ သူမက လက်ကိုမြှောက်လိုက်ပြီး သူ့ရင်ဘတ်ကို ထိုးလိုက်သည်။ "ရှင် ကျွန်မကို စားများ စားချင်နေတာလား ဟင်? ဘာလို့ အဲ့လောက်ထိ အရမ်း ကြမ်းကြမ်းတမ်းတမ်းကြီး နမ်းရတာလဲလို့?"
ချင်းစုယွဲ့က ဒါကို မရည်ရွယ်ပဲ ပြောလိုက်တာပေမယ့် ချန်းစီနျန်ကတော့ အများကြီး တွေးပစ်လေ၏၊ "ကိုယ်က မင်းကို စားချင်တာလေ .. ကိုယ် ဘယ်တော့ စားရမှာလဲဟင်? ဘာလို့ ကိုယ့်ကို ပြန်မဖြေပေးတာလဲ?"
သူက ငါ့ကို လူမြင်ကွင်းကြီးမှာ ဒီလိုကြီး စနောက်နေတယ် ...
ချင်းစုယွဲ့ရဲ့ နဂိုထဲက နီရဲနေသော ပါးနှစ်ဖက်မှာ အခုဆိုရင် ပိုလို့ပင် အရောင်ရင့်လာတော့သည်။ "ပါးစပ်ပိတ်တော့!"
"အိုခေလေ .. ကိုယ့်ကို ပါးစပ်ပိတ်ခိုင်းဖို့က အရမ်းတော့ မခက်ပါဘူး ... ကိုယ့်ကို ဒီလိုမျိုး ပါးစပ်ပိတ်အောင် လုပ်လို့ရတယ်" ထိုသို့ပြောလိုက်ရင်းမှ ချန်းစီနျန်ဟာ သူမရဲ့ နှုတ်ခမ်းပါးလေးတွေအား နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ပြန်တော့သည်။
ချင်းစုယွဲ့ဟာ ချန်းစီနျန်တစ်ယောက် သူမရဲ့လျှာနှင့် ဆော့ကစားနေသည်ကို သတိထားမိသွားရချိန်မှာတော့ သူ့ကိုရည်ညွှန်း ခေါ်ဆိုဖို့အတွက် စကားတစ်ခွန်းကိုသာ ရှာတွေ့မိလေသည်။ နှာဘူးကောင်!
ချန်းစီနျန်က ချင်းစုယွဲ့အား အကြိမ်ကြိမ် အခွင့်အရေးယူတော့သည်။ ချင်းစုယွဲ့က ဖုန်းမှန်ကိုသုံးပြီး သူမရဲ့ နီရဲတွတ်နေသော နှုတ်ခမ်းတွေအား စစ်ဆေးကြည့်လိုက်၏။ လူတွေကတော့ သူမရဲ့နှုတ်ခမ်းကိုမြင်ရင် မဟုတ်တာတွေ တွေးကြတော့မှာပင်။ ချင်းစုယွဲ့က သူ့အား စူးရဲစွာ ကြည့်လိုက်၏။ "ရှင်က အခုမှ နေပြန်ကောင်းအောင် နေတုန်း ရှိသေးတာ ... ဣနြေ္ဒရရနေလို့ မရဘူးလား?"