''ကိုကို...''
''ကိုကို...ကိုကိုလို့...''
ဘယ်လောက်ခေါ်ခေါ်မထူးသောကိုကို...ထယ်ယောင်းသေချာကြည့်မိပါမှသူ့ကိုကိုကနားကျပ်တပ်
ထားသည်ပဲ...ကိုကို့အနားသွားကာနားကျပ်ကိုဆွဲဖြုတ်လိုက်တော့ဖျတ်ကနဲ
လှမ်းကြည့်တဲ့ကိုကို''ဘာလာလုပ်တာလဲကွာ...ဒီမှာသီချင်းနားထောင်နေတာ...''
''ဟင့်...ကိုကိုကလဲ...ထယ်က...စာမရတာလေးကိုကို
ကို့ရှင်ပြခိုင်းမလို့ဟာကို...''ကျစ်တစ်ချက်စုပ်သပ်ပြီး...စိတ်မရှည်တော့သည့်ဟန်
''ကိုယ့်ဘာသာကိုယ်ကျောင်းမှာသေချာကြည့်လာပါလား...မင်းမရတိုင်းရှင်းပြနေရအောင်...ငါကပါမောက္ခမဟုတ်ဘူး...''
ထယ်ယောင်းမျက်နှာလေညိုးငယ်သွားသည်
ကိုကိုကစာအရမ်းတော်တာသူသိသည်
သူကတော့ကိုကိုလောက်ဥာဏ်မကောင်း
စာကကျက်ပြီးရင်မေ့သည့်အမျိုး''ကိုကိုကလည်း...''
''သွားသွား...ငါ့အခန်းထဲကိုနောက်ဆိုခွင့်ပြုချက်မရပဲနဲ့
ဝင်မလာနဲ့...အရူပ်ထုပ်လေး...''ပခုံးကနေတွန်းကာအခန်းပြင်ဘက်ကိုပို့လိုက်သည်မို့
ထယ်ယောင်းတစ်ယောက်အူကြောင်ကြောင်လေးရပ်နေရှာသည်...ကိုကိုကတော့သူ့ရဲ့မျှော်လင့်ချက်မျက်ဝန်းများ
ကိုဂရုမစိုက်...တံခါးကိုစောင့်ကနဲပိတ်လိုက်သည်''ဒါလေးတောင်မကူညီချင်ဘူး...ကိုကိုက...''
နူတ်ခမ်းတပြင်ပြင်နဲ့ပြောရင်းသူ့ဘာသာသူ့အခန်းထဲဝင်ကာ
စာကြည့်နေရသည်...မကြာလိုက်ပါတံခါးဖွင့်သံကြောင့်ကိုကို
လို့ထင်လိုက်ပေမဲ့လည်း...တစ်ကယ်တမ်းဝင်လာသူက
မေမေပင်...လက်ထဲမှာလည်းစတော်ဘယ်ရီအအေးခွက်ကြီး
နဲ့မို့''ဝါး... ပေးပေး... ထယ့်ကို...''
အတင်းစတော်ဘယ်ရီခွက်ကိုလှမ်းယူကာဇွန်းလေးနဲ့မွှေ
ကာသောက်ရှာသည်''သား...ထယ်ထယ်...ကိုကိုကစာပြပြီးပြီလား...သားကို...''
အမေ့စကားကြောင့်ထယ်ယောင်းမျက်နှာလေးကွက်ကနဲ
''အင်း...မေမေပြပြီးသွားပြီ...ထယ့်ကိုကိုကလေစာပြတာ
အရမ်းတော်ပြီးစိတ်ရှည်တာ...ထယ့်ကိုကိုကအကောင်း
ဆုံးပဲ...''
![](https://img.wattpad.com/cover/218942161-288-k363465.jpg)