ထင်းရှူးနံ့ တသင်းသင်း လေညှင်းတသွဲ့သွဲ့

7.2K 40 0
                                    

**ထင်းရှူးနံ့ တသင်းသင်း လေညှင်းတသွဲ့သွဲ့** (စ ဆုံး)

တစ်ခုသော မနက်ခင်းမှာ ဗိုက်ဆာဆာရှိတာနဲ့ ကျွန်တော့် စိတ်ကြိုက် ကော်ဖီလည်းရ လတ်ဆတ်တဲ့ Donut မုန့်တွေ လည်းစားနိုင်တဲ့ မြို့ပြင် ဗျူးပွိုင့်နားက ဖူဂျီကဖီးဆိုင်ကို ကား မောင်းထွက်ခဲ့သပေါ့။ ကိုယ့်အိမ်နားမှာလည်း ရှိပေမဲ့ ကျွန်တော့် လျှာက အဲဒီဆိုင်ကဟာတွေ ကိုပဲ အရသာတွေ့နေတာကြောင့် ပါ။ လူတွေမှာ ကိုယ့်စိတ်ကြိုက်အစားအသောက်လေးတွေရှိ တတ်တယ်။ ခေါက်ဆွဲချင်းတူရင်တောင် ကိုယ့်လျှာနဲ့တွေ့တဲ့ ဆိုင်က ခေါက်ဆွဲကိုပိုပြီးတမ်းတတတ်ကြတာ လူ့စိတ်ပဲထင် ပါရဲ့။

ကားကိုမောင်းထွက်လာလိုက်တာ မြို့ပြင်ရောက်ခါနီးတော့ စိမ်းစိုတဲ့သစ်ပင်တွေ ၀ါးပင်နွဲ

့နွဲ့တွေကိုဖြတ်သန်းလာအပြီးမှာ တော့ ဂျပန် စတိုင်တည်ဆောင်ထားတဲ့အဆောက်အဦးလေး တွေနဲ့ ဖူဂျီကော်ဖီဆိုင်ကို မြင်လိုက်ရပါပြီ။ ဆိုင်ဝန်းကျင်မှာ မနက်စာစားသောက်သူ အချို့ရှိနေပေမဲ့ ဆိုင်အပြင်ဘက် ကျောက်ဆောင်ပေါ်က စားပွဲခုံမှာထိုင်နေတဲ့ ချစ်စရာကောင် လေးနှစ်ယောက်ကို သတိထားမိလိုက် တယ်။ သူတို့စကားတွေ ပြောလိုက်ကြ၊ ရယ်မောလိုက်ကြ၊ တစ်ယောက်ကိုတစ်ယောက် တို့ထိလိုက်ကြတာ မကြာခဏ။ အတွေ့အကြုံအရကြောင့်လား ကိုယ်ကပဲ ယောက်ျားချင်းစိတ်ဝင်စားနေသူမို့လားမသိ ဒီကောင် လေးနှစ်ယောက်ကိုကြည့်ရတာ သာမန် ထက်တော့ပိုတယ်ဆို တာ အတတ်ပြောနိုင်တယ်။ ကျွန်တော်ကားပေါ်ကဆင်းပြီး သူ တို့ဝိုင်းနားကဖြတ်သွားတော့ အသက်နည်းနည်း ပိုငယ်မယ့် တစ်ယောက်က ကျွန်တော့်ဘော်ဒီ ပြီးတော့ အထက်အောက် ဒီဇိုင်းတွေပေါ် မျက်စိရွှေ့တယ်။ ကျွန်တော့်နှုတ်ခမ်းတွေက ထုံးစံအတိုင်းကွေးညွတ်သွားရင်း ပါးပြင်မှပါးချိုင့်လေးတွေပေါ် သွားအောင် ပြုံးပြလိုက်မိတယ်။ ပြီးတော့ မျက်ခုံးတစ်ဖက်ကို မသိမသာ တွန့်ပြရင်းပေါ့။ ဆိုင်အတွင်းဘက်ကို ဦးတည်လိုက် ရင်း မုန့်ရယ် ကော်ဖီတစ်ခွက်ရယ် အိမ်အပြန်ယူသွားဖို့ ဆူရှီ တစ်ပွဲကို အော်ဒါမှာဖြစ် ပါတယ်။ သဘာဝလေ တဟူးဟူးတိုက် နေသလို နေရောင်ခြည်ကလည်းဖြာနေတဲ့အပြင် လတ်ဆတ်တဲ့ ပန်းနံ့တွေသင်းနေပုံက သဘာဝ ပတ်ဝန်းကျင်က စွမ်းအင်တွေ ကို မဆုံးရှုံးအောင်ပြုလုပ်ထားသလိုပင်။ သဘောကျလိုက်တာ ကျွန်တော့်အိမ်ကိုလည်း ဒီပုံစံအတိုင်း ပြင်ဆင်ထားပြီးဆောက် ဖြစ်နေပါတယ်။ အခုလက်ရှိအိမ်ကတော့ မေမေတို့လက်ထက် ကဆောက်ထားတော့ သဘာဝကျွန်းသစ်တွေကို အစွမ်းကုန် အသုံးပြုထားသလို အခန်းခန်းအဆောင်အဆောင်နဲ့ဆိုတော့ ကိုလိုနီခေတ်ထဲပြန်ရောက်သွားသလိုခံစားရစေသပေါ့။ မှန်ချပ်တွေကတစ်ဆင့် ချာတိတ်တွေကို ရှိုးလိုက်တော့ သူတို့ မျက်လုံးတွေက ကျွန်တော်ရှိရာဆီကြည့်ရင်း ဘာတွေသဘော ကျသွား လည်းမသိ စကားပြောရင်း ရယ်မောစပြုလာတယ်။

မသိဘူး ဘုမယ်​ Where stories live. Discover now