.. ၁၃၂ ..
16.5K 1.6K 71
《Zawgyi》
အပိုင်း - ၁၃၂
[ရင်းနှီးသော - ၃]
ချန်းစီနျန်က ချင်းစုယွဲ့၏ ခါးသွယ်သွယ်လေးအား လက်တစ်ဖက်ထဲနှင့် ပွေ့ဖက်ထားရင်း သူမကို ပြုံးပြီး စိုက်ကြည့်လိုက်သည်။ "ကိုယ့်ချစ်သူလေးကို အရင်တုန်းက ဒီလောက်ထိ မျက်နှာပြောင်လိမ့်မယ်လို့ မထင်ထားမိဘူး"
"ရှင် မကြိုက်ဘူးလား အဲ့တော့?" ချင်းစုယွဲ့က သူ့ကို ပြန်ဖက်လိုက်ရင်း ခြေချောင်းသေးသေးလေးတွေနှင့် ခြေဖျားထောက်လျက် သူ့နားထဲသို့ ကပ်ပြောလိုက်တာဖြစ်၏။ ချင်းစုယွဲ့ရဲ့ ထွက်သက်နွေးနွေးလေးဟာ ချန်းစီနျန်၏ ခန္ဓာကိုယ်အား တဆတ်ဆတ် တုန်ရီလာစေသည်။
သူတို့နှစ်ယောက်မှာ မတွေ့ရတာလည်း အတော်ကြာနေပြီပင်။ အခု ချင်းစုယွဲ့က သူ့လက်မောင်းတွေကြား၌ နူးညံ့ညင်သာစွာ ခိုဝင်နေလေရာ ချန်းစီနျန်မှာ သူ့ရဲ့ ပြင်းပြလှသည့် ဆန္ဒတွေအား မထိန်းချုပ်နေချင်တော့ချေ။ သူက ချင်းစုယွဲ့ရဲ့ မေးစေ့လေးအား ကိုင်မော့စေလျက် သူမ၏ ရွှန်းစို ကြည်လဲ့နေသော မျက်ဝန်းတစ်စုံကို စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းကိုငုံ့လျက် ချင်းစုယွဲ့အား လေးလေးနက်နက် နမ်းရှိုက်လိုက်လေသည်။
လျှာတို့က တစ်ခုနှင့်တစ်ခု ကခုန်ကျီစယ် နေကြလျက် ချင်းစုယွဲ့ကလည်း သူ့ရဲ့ တိုးဝင်လာသည့်လျှာအား ရှောင်လွှဲမနေတော့ပေ။ ထိုသို့ ရှောင်ရမည့်အစား ချင်းစုယွဲ့မှာ သူနှင့်ထပ်တူ ချစ်စိတ်ပြင်းပြစေရန် ကြိုးစားလိုက်၏။ နောက်ဆုံးမှာတော့ ချန်းစီနျန်မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့မှာ စိုးမိသဖြင့် ချင်းစုယွဲ့၏ ဆွဲဆောင်နိုင်လွန်းသော နှုတ်ခမ်းပါးလေးတွေအား နမ်းနေရာမှ သူ့ကိုယ်သူ အတင်းအကျပ် ရပ်တန့်စေရသည်။
သူတို့နှစ်ယောက် အမောဖြေနေကြချိန်မှာ ချန်းစီနျန်က ချင်းစုယွဲ့၏ နီမြန်း စွတ်စိုနေသော နှုတ်ခမ်းလေးတွေအား သူ့လက်ချောင်းတွေနှင့် တို့ထိလိုက်ရင်း သူ့ရဲ့အက်ရှရှ အသံဖြင့်  ပြောလိုက်သည်။ "အရမ်းလှတာပဲ"
ချင်းစုယွဲ့၏ မျက်လုံးရှေ့က မြင်ကွင်းမှာ မှုန်မှိုင်းဝေဝါးနေ၏။ သူမက ချန်းစီနျန်အား ရီဝေစွာ စိုက်ကြည့်လိုက်သည်။ ချန်းစီနျန်ကတော့ ချင်းစုယွဲ့အား ထပ်မံ၍ အငမ်းမရ နမ်းရှိုက်ပြန်လေတော့သည်။