📚 Oh My ! Book Store 📚 (YiZhan or ZhanYi)

7.1K 790 77
                                    

📚 Oh My ! Book Store 📚
(YiZhan or ZhanYi)

စာအုပ်​အ​ကြောင်း​တွေနဲ့ပတ်​သတ်​လာရင်​ ကျွန်​​တော်​ ဘာတခုမှမသိခဲ့တာ ။ ဒါပင်​မယ့်​ ဒီ စာအုပ်​ဆိုင်​​လေးကို​တော့ ကျွန်​​တော်​ တနှစ်​နီးပါး ​နေ့တိုင်းလိုလို​ရောက်​ဖြစ်​​နေတယ်​ ။ ဘာလို့လဲ .......

လွန်​ခဲ့တဲ့နှစ်​ .....

တိုက်​တိုက်​ဆိုင်​ဆိုင်​ ကျွန်​​တော်​ အိမ်​အပြန်​လမ်းမှာ မိုး​လေး​တွေ တဖွဲဖွဲကျ​နေခဲ့တယ်​ ။ မိုး​လေဝသသတင်းကို မကြည့်​ဖြစ်​ခဲ့သည့်​ အပြစ်​​ကြောင့်​ လက်​ဆွဲအိတ်​က​လေးက မိုးစိုသွားခဲ့ရတယ်​ ။

တ​ဖြေး​ဖြေးသည်းလာတဲ့ ဒီမိုး​ကြောင့်​ပဲ ကျွန်​​တော်​ စာအုပ်​ဆိုင်​​လေးတဆိုင်​ကို အ​ပြေးဝင်​မိခဲ့တယ်​ ။

မိုးခိုချင်​ရုံပါပဲ ။

အဲ့အချိန်​မှာ နားလည်​လိုက်​တာက ဘယ်​အရာမှ အလကားမရဘူးဆိုတာကိုပဲ ။ တခြား​သောစိတ်​မရှိပဲ မိုး​လေးခိုရုံ​လေးပါ ။ ဒီဆိုင်​အတွက်​ဘာမှမဖြစ်​သွားပင်​မယ့်​ ပြန်​​ပေးလိုက်​ရတာ​တော့ ​ရှောင်းကျန့်​ရဲ့နှလုံးသား​လေး​ ။

ဘယ်​​လောက်​ကဗျာ ဆန်​လိုက်​သလဲ ..... ။

မိုးပွား​လေး​တွေကြားမှာ ရင်​ခုန်​သံကို စတင်​ခဲ့တယ်​ ..... ။ Romance drama ​တွေထဲကလို ​နောက်​ခံ​တေးဂီတသံ ခပ်​ငြိမ့်​ငြိမ့်​​လေးသာ ပါလာခဲ့ရင်​ ဘယ်​​လောက်​​ကောင်းလိုက်​မလဲ ။

ရှောင်းကျန့်​ ရင်​ခုန်​မိခဲ့တာ ဆံပင်​ ​ရွှေအို​ရောင်​​လေးနဲ့ ​ကောင်​​လေးတ​ယောက်​ဖြစ်​​နေခဲ့တယ်​ ။ ​ဘေးတ​စောင်းပြုံးရယ်​​နေပုံ​လေးက ဆွဲ​ဆောင်​မှုရှိလွန်းတ​ယ်​ ။ ထို​ကောင်​​လေးက စာကြည့်​တိုက်​မှူး​လေးတ​ယောက်​လိုပဲ ။

ထို​နေ့ကစလို့ ​ရှောင်းကျန့်​ ဒီဆိုင်​​လေးကို တ​နေ့တ​ခေါက်​​တော့​​ရောက်​ဖြစ်​ခဲ့တယ်​ ။ ဒီဆိုင်မှာ ရှိသမျှစာအုပ်​​တွေထဲမှာ မဖတ်​ဖူးတဲ့ စာအုပ်​မရှိသ​လောက်​ကို ဖြစ်​​နေပြီ ။ ထို​ကောင်​​လေးနဲ့လဲ ရင်းနှီးလို့​နေပြီ​ပေါ့ ။

📚 Oh My ! Book Store 📚 (YiZhan or ZhanYi) (Complete)Where stories live. Discover now