📚 Oh My ! Book Store 📚
(YiZhan or ZhanYi)စာအုပ်အကြောင်းတွေနဲ့ပတ်သတ်လာရင် ကျွန်တော် ဘာတခုမှမသိခဲ့တာ ။ ဒါပင်မယ့် ဒီ စာအုပ်ဆိုင်လေးကိုတော့ ကျွန်တော် တနှစ်နီးပါး နေ့တိုင်းလိုလိုရောက်ဖြစ်နေတယ် ။ ဘာလို့လဲ .......
လွန်ခဲ့တဲ့နှစ် .....
တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် အိမ်အပြန်လမ်းမှာ မိုးလေးတွေ တဖွဲဖွဲကျနေခဲ့တယ် ။ မိုးလေဝသသတင်းကို မကြည့်ဖြစ်ခဲ့သည့် အပြစ်ကြောင့် လက်ဆွဲအိတ်ကလေးက မိုးစိုသွားခဲ့ရတယ် ။
တဖြေးဖြေးသည်းလာတဲ့ ဒီမိုးကြောင့်ပဲ ကျွန်တော် စာအုပ်ဆိုင်လေးတဆိုင်ကို အပြေးဝင်မိခဲ့တယ် ။
မိုးခိုချင်ရုံပါပဲ ။
အဲ့အချိန်မှာ နားလည်လိုက်တာက ဘယ်အရာမှ အလကားမရဘူးဆိုတာကိုပဲ ။ တခြားသောစိတ်မရှိပဲ မိုးလေးခိုရုံလေးပါ ။ ဒီဆိုင်အတွက်ဘာမှမဖြစ်သွားပင်မယ့် ပြန်ပေးလိုက်ရတာတော့ ရှောင်းကျန့်ရဲ့နှလုံးသားလေး ။
ဘယ်လောက်ကဗျာ ဆန်လိုက်သလဲ ..... ။
မိုးပွားလေးတွေကြားမှာ ရင်ခုန်သံကို စတင်ခဲ့တယ် ..... ။ Romance drama တွေထဲကလို နောက်ခံတေးဂီတသံ ခပ်ငြိမ့်ငြိမ့်လေးသာ ပါလာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ။
ရှောင်းကျန့် ရင်ခုန်မိခဲ့တာ ဆံပင် ရွှေအိုရောင်လေးနဲ့ ကောင်လေးတယောက်ဖြစ်နေခဲ့တယ် ။ ဘေးတစောင်းပြုံးရယ်နေပုံလေးက ဆွဲဆောင်မှုရှိလွန်းတယ် ။ ထိုကောင်လေးက စာကြည့်တိုက်မှူးလေးတယောက်လိုပဲ ။
ထိုနေ့ကစလို့ ရှောင်းကျန့် ဒီဆိုင်လေးကို တနေ့တခေါက်တော့ရောက်ဖြစ်ခဲ့တယ် ။ ဒီဆိုင်မှာ ရှိသမျှစာအုပ်တွေထဲမှာ မဖတ်ဖူးတဲ့ စာအုပ်မရှိသလောက်ကို ဖြစ်နေပြီ ။ ထိုကောင်လေးနဲ့လဲ ရင်းနှီးလို့နေပြီပေါ့ ။
YOU ARE READING
📚 Oh My ! Book Store 📚 (YiZhan or ZhanYi) (Complete)