6 ||

3.3K 414 33
                                    

[ Zawgyi ]

မနက်ခင်း ~~
မိုးတဖျောက်ဖျောက် မနက်ခင်းက
ဂျီမင်းရဲ့ မျက်လုံးအစုံတို့ကို ဖွင့်၍
မရစေရန် အတင်းညှိယူ နေကြသည်
မသိစိတ်ထဲ ယွန်းဂီသာ စိုးမိုးနေခဲ့သ
လို အသိစိတ်ထဲလည်း ယွန်းဂီသာ....
မနက်မိုးလင်းတိုင်း အနားမှာ အတူ
ရှိစေချင်သည့် သူ... အခုရော အခု
ရော သူအနားမှာ ရှိနေမလား ...

ဂျီမင်း အသိစိတ်ကပ်သည်နှင့် ငေါက်
ခနဲ ထထိုင်ပြီး ဘေးဘီကို ၀ဲကြည့်မိ
သည် ။ ချက်ချင်းဆိုသလို ရင်ထဲမှာ
စို့နင့်လာပြီး မျက်ဝန်းအိမ်ထဲ မျက်ရည်
စ တစ်ချို့က ၀ဲတက်လာခဲ့သည်...

" ယွန်းဂီ ... ယွန်းဂီ ... "

ထိုင်နေရာမှ ချက်ချင်းထလိုက်ပြီး အခန်း
တွင်းက ရေချိုးခန်း အပြင်ဘက်က လေ
သာဆောင် ၊ ဧည့်ခန်း မီးဖိုဆောင် ထဲ ၀င်
ပြီး သူ့နာမည်ကိုသာ တ ,လျက် အကြိမ်
ကြိမ်ခေါ်ကာ လိုက်ရှာနေခဲ့သည် ......
သို့ပေမယ့် တစ်အိမ်လုံး ဂျီမင်း တစ်ယောက်
တည်းသာ ရှိနေခဲ့သည် ။ ဧည့်ခန်းထဲက
couch ပေါ် ထိုင်ချကာ ရှေ့မှ စားပွဲကို
တဒုန်းဒုန်း ထိုးနေတော့သည် ။

" ဘာလဲဗျာ... ခင်ဗျား !!!
ကျွန်တော်က ~~ "

စိတ်ရှုပ်စွာ ပွနေသော ဆံပင်တွေကြားထဲ
လက်ထိုးထည့်ပြီး ငူငူငိုင်ငိုင်သာ ထိုင်နေ
ရင်း တစ်စုံတစ်ခုကို သတိရသွားမိသည်
ဂျီမင်း အိပ်ခန်းအတွင်း အပြေးအလွှား သွား
ရင်း စားပွဲပေါ်ကို ကြည့်မိတော့ ထုံးစံအတိုင်း
အ၀ါရောင် စာရွက်အပိုင်းလေးကို ခေါက်လျက်
အနေအထားဖြင့် တွေ့လိုက်ရသည် ။

* ကိုယ်ဒီည မကာအိုကို သွားမှာမို့လို့
၃ ရက်လောက်တော့ကြာမယ်... ကိုယ့်ကိုကိုယ်
ဂရုစိုက်... *
- ဂျီမင်းနီး -

" ကိုယ့်နေရာကိုယ်မသိ ပဲ အဆင့်ကျော်
ချင်နေခဲ့မိတာ ဆောရီး... ယွန်းဂီ "

- သုံးကြိမ်ပဲ တွေ့ဖူးသေးတဲ့ ခင်ဗျား ရဲ့
မျက်နှာကို အသွေးထဲ အသားထဲအထိ
သောက်ကျိုးနည်းအောင် မှတ်မိနေခဲ့
တာတော့လည် မတတ်နိုင်ဘူး -

LEWD DESIRE || YM° [completed]Where stories live. Discover now