.. ၁၃၃ ..
16.7K 1.5K 75
《Zawgyi》
အပိုင်း - ၁၃၃
[ရင်းနှီးသော - ၄]
ထိုညတွင် ချန်းစီနျန်က ချင်းစုယွဲ့၏ အိပ်ခန်းထဲတွင် အိပ်ခွင့်ရဖို့ ဇွတ်ကိုပြောလေပြီး သူမ သဘောမတူတာကို လျစ်လျူပင်ရှုလိုက်သေး၏။ နောက်တစ်နေ့ ချင်းစုယွဲ့ နိုးလာချိန်မှာ သူမ မျက်နှာနှင့် နီးနီကပ်ကပ်ကြီး ရှိနေသည့် ချန်းစီနျန်၏ ချောမောခန့်ညားလှသော မျက်နှာအား တွေ့လိုက်ရသည်။ ချင်းစုယွဲ့မှာ မတတ်သာပဲ ချန်းစီနျန်၏ ရုပ်ရည်သွင်ပြင်၌ နစ်မျောနေမိလေသည်။ သူ နိုးလာတော့မည့် ပုံ ပေါ်မှ ချင်းစုယွဲ့လည်း မျက်နှာသစ်ဖို့ ထတော့၏။
ချင်းစုယွဲ့က အလုပ်သွားရမှာ ဖြစ်၏။ ချန်းစီနျန်က သူမကို ရုပ်သံလွှင့်ရုံသို့ လိုက်ပို့ပေးပြီးနောက် နေ့လည်စာ အတူစားဖို့ ပြောလိုက်သည်။ ချင်းစုယွဲ့ကလည်း နဂိုထဲကကို အတူစားဖို့ လက်ခံလိုက်တာပင်။ ချင်းစုယွဲ့က အလုပ်ဆင်းမည့်အချိန် အနီးစပ်ဆုံးကို ပြောပြလိုက်ရင်း ပြုံးလျက် သူ့ကို နှုတ်ဆက်လိုက်သည်။
ချင်းစုယွဲ့ဟာ ဒီအခြေအနေလေးကြောင့်မို့ စိတ်ကြည်နေရ၏။
ညနေခင်း အလုပ်ပြီးတော့ ချန်းစီနျန်က ချင်းစုယွဲ့အား အထူးတလည်ကို လာကြိုလေသည်။ လမ်းတစ်ဝက်မှာတော့ နှစ်ယောက်သားဟာ ညစာချက်ဖို့အတွက် ဟင်းချက်စရာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
ချင်းစုယွဲ့က သူ့ကို မေးလိုက်သည်။ "ရှင် ဘာစားမလဲ?"
ချန်းစီနျန်ကလည်း ပြန်မေးလိုက်၏။ "မင်း ဘာစားချင်လဲ?"
ချင်းစုယွဲ့က သူမ အကြိုက်ဆုံး ဟင်းလျာအမည်တွေအား ရွတ်ပြလိုက်တော့ ချန်းစီနျန်က ခေါင်းတဆတ်ဆတ် ညိတ်နေ၏။ "အဲ့တာဆို ကိုယ် အဲ့ဟင်းတွေကို အခု ဒီညအတွက် ချက်လိုက်မယ်လေ" အဲဒီနောက်မှာတော့ ချန်းစီနျန်ဟာ ခေါင်းငုံ့လျက် ဟင်းချက်ရာမှာ လိုအပ်မယ့် ပါဝင်ပစ္စည်းတွေအား အာရုံစိုက်၍ ရွေးချယ်နေလေသည်။
ချင်းစုယွဲ့မှာ အလွန်ပင် အံ့ဩသွားလေတော့သည်။ အဲတော့ ဆိုလိုချင်တာက သူ ဒီည ဟင်းချက်မယ်လို့ ပြောချင်တာပေါ့? ချင်းစုယွဲ့မှာ သူမရဲ့ နှလုံးသားထဲမှနေ တော်တော်လေးကို စိတ်လှုပ်ရှားသွားရလျက် သူ့လက်မောင်းကို ခိုတွဲလိုက်ရင်း ပြုံးရွှင်နေတော့၏။ "ရှင် ဟင်းချက်တတ်မှန်း ကျွန်မ မသိခဲ့ဘူး!"