အပိုင်း(၃)

348 31 0
                                    

<<အမှတ်မထင်တွေ့ဆုံခြင်း>>

ထယ်ယောင်းက ရေကိုကုန်အောင်သောက်ပြီးနောက်
လက်ပတ်နာရီကိုကြည့်လိုက်သည်။
ပြီးမှ စကားတစ်ခွန်းပြောကာထွက်သွားတော့သည်။
ထိုစကားတစ်ခွန်းကား
"ငါ အစည်းအဝေးရှိလို့သွားပြီ"
ဟူ၍ ဖြစ်သည်။

ကျန်ခဲ့သော သုံးကောင်သားကတော့
ထူးဆန်းထွေလာနေစဲ။
ပြီးမှ ဂျယ်ဟီးလည်း ထလိုက်ကာ
ပြောသည်။
"ကျွန်မ ယွန်းဂျူဆီသွားလိုက်ဦးမယ်
သွားခွင့်ပြုပါဦး"
ဂျယ်ဟီးလည်း ထွက်သွားပြီ။

ဂျောင်ကွတ်က ဂျီမင်းဆီလှည့်လိုက်ပြီးမေးလိုက်သည်။
"အကို အခုကျွန်တော်မြင်နေရတာတွေက
အမှန်တွေပါနော်"

"အေး"

"အကိုထယ်ယောင်းက ဒီနှစ်အတွင်း
တော်တော်ပြောင်းလဲလာတာပဲ"

"အင်း"

"သူ ကျွန်တော်တို့ကို စကားကောင်းကောင်းလည်းမပြောတော့ဘူး
ထားလိုက်ပါတော့ ကိုယ်ပိုင်ကုမ္ပဏီထူထောင်ထားတဲ့
စီအီးအိုက အလုပ်တွေများမှာတော့ အမှန်ပဲ
အလုပ်တွေပိ စိတ်ပင်ပန်းတော့ စကားလည်းကောင်းကောင်းမပြောနိုင်တော့ ထားလိုက်ပါတော့ ဒါပေမယ့် အခုဟာက.."

ဂျီမင်းကလည်းမေးထောက်လိုက်ကာပြောသည်။
"ခါတိုင်းဆို မိန်းကလေးတွေကို အရေပြားတောင်အထိမခံတဲ့
ဂင်ထယ်ယောင်းက သေချာပေါက်တစ်ခုခုတော့ရှိနေပြီ
အဲ့ဒါကိုငါတို့သိအောင်လုပ်ရမယ်"

ဂျောင်ကွတ်လည်း ခေါင်းငြိမ့်ပြလိုက်လေသည်။
နှစ်ယောက်သား
ထယ်ယောင်းလုပ်ပုံကို အဖြေရှာရင်းကျန်နေခဲ့တော့သည်။

ခုံတန်းလေးတစ်ခုပေါ်တွင် ယွန်းဂျူငြိမ်သက်စွာထိုင်နေသည်။
ရင်ဘတ်ကိုဖိကြည့်လိုက်သော် နှလုံးမှာ ဒုန်းစိုင်းခုန်နေသည်။
'ငါ အဲ့ဒီလောက်တောင်ကြောက်သွားတာလား'

"ယွန်းဂျူ! "
ဂျယ်ဟီးအသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။

ယွန်းဂျူက ဂျယ်ဟီးကို မျက်နှာငယ်လေးဖြင့်ပြောသည်။
"ငါကြောက်တယ်"

ဂျယ်ဟီး သူ့သူငယ်ချင်းမကိုကြည့်ရင်း
တစ်မျိုးကြီးခံစားမိသည်။
ယွန်းဂျူထွက်သွားပြီးနောက်ပိုင်း အဖြစ်အပျက်ကို
ပြောရကောင်း မပြောရကောင်းစဉ်းစားနေစဉ်
ယွန်းဂျူက မေးလာသည်။
"နင်ဘယ်လိုဖြစ်ပြီး သူတို့နဲ့အတူထိုင်နေတာလဲ"

ငါ.မင်း.နောက်.လိုက်.နေ.မယ်Where stories live. Discover now