part 1

23.8K 1.1K 20
                                    

Unicode

"ဒီနေ့ကျမှ ရာသီဥတုကလဲ ဆိုးနေလိုက်တာများ ...

Seoul ရဲ့တထောင့်တနေရာမှာကျဆင်းနေတဲ့ မိုးစက်လေးတွေကြောင့် တစုံတယောက်ကတော့ သက်ပြင်းတချချနှင့် ငြီးတွားလျက် ။

12 Aug 2017
Namchang-dong

"Park jimin yarr Park Jimin! နင်ငါခေါ်နေတာမကြားတာလား? မကြားချင်ယောင်ဆောင်နေတာလား?

မီးဖိုချောင်မှာ အလုပ်များနေတဲ့ သူက အပြင်က အသံခပ်စူးစူးကြောင့် ပြာပြာနဲ့ပြန်ထူးရှာတယ်

"ကြားပါတယ် ဒေါ်လေးရဲ့...ကျွန်တော် ပန်းကန်တွေဆေးနေလို့ပါ

"ပြောလိုက်ရင် ဆင်ခြေကြီးပဲ
သွား မနက်စာပြင်ပေးတော့ ငါအလုပ်နောက်ကျနေပီ

"ဟုတ်ကဲ့

ခေါင်းငုံ့ကာ ပြန်ဝင်သွားတဲ့ Jimin ကို ကြည့်ကာ
နှာခေါင်းရှုံ့လိုက်သေးသည် ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးဆိုရင်တောင် ကျွေးရကျိုးနပ်အောင် ခိုင်းမှ ရမယ်မလား ဟမ့် ။

ဒါက Jimin အတွက်တော့ အစဥ်အလာတခုလိုပါပဲ။ သူ့တွက်က ဘာမှ ထွေထွေထူးထူး မခံစားရတော့ဘူး ။ ပြောစရာထပ်မဖြစ်ဖို့သာ ကြိုးစားနေထိုင်ရမည် ။

Final year ရောက်နေတဲ့ သူ့အတွက် စာကတဖက် အိမ်မှုကိစ္စကတဖက် ကျောင်းစရိတ်အတွက် အလုပ်ကတဖက် တနေ့တနေ့ ဘယ်လိုကုန်နေမှန်း သူ့ကိုယ်တိုင်တောင် သတိမထားမိတော့ပေ။

လွန်ခဲ့တဲ့ သုံးနှစ်က မိဘတွေ မတော်တဆမှုကြောင့် ဆုံးရှုံးခဲ့ရပီးနောက် တဦးတည်းသော ဆွေမျိုးရင်းချာ ဖြစ်တဲ့ ဒေါ်လေးနောက်ကို လိုက်လာခဲ့သည် ။  မိဘတွေရှိစဥ်ထဲက ဒေါ်လေးက အမြဲ အိမ်ကိုဝင်ထွက်နေကြပင် ။

တခြားတော့မဟုတ် Ommaဆီက ပိုက်ဆံချေးဖို့ တွက်ပဲလာတတ်တာလေ ။ ရောက်လာရင်လဲ Ommaက ညီမရင်းချာဖြစ်​နေတာကြောင့် ကြည်ကြည်ဖြူဖြူပေးရှာတယ် ။
Appaက ကားမောင်းတော့ မိသားစုစိုစိုပြေပြေလေးနေနိုင်တာပေါ့.... Appaကလဲ ဒေါ်လေးကို မငြိုငြင်ခဲ့ပါဘူး။

ငွေမျက်နှာပဲသိတဲ့ ဒေါ်လေးက ဘာလို့ သူ့ကိုခေါ်လာလဲ ဆိုတာ Jimin ကောင်းကောင်းနားလည်သည်။ Ommaတို့ကျန်ထားပေးခဲ့တဲ့ အိမ်နဲ့ ဘဏ်စာအုပ်ကို သူမျှော်လင့်နေပုံပဲ။ အမြဲ မခံနိုင်တဲ့ စကားတွေနဲ့ ထိုးနှက်တတ်ပီး  အမြဲဆူပူခံရလဲ Jimin လို ခေါင်းမာတတ်တဲ့ သူတယောက်က လွယ်လွယ်တော့ ဘယ်အရူးလုပ်ခံမလဲ ။

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now