9

1.7K 252 6
                                    

<< Unicode>>

ဂျီမင်နဲ့ ယွန်းဂီကြားက ပတ်သက်မှုဟာ အဲ့ဒီနောက်မှာတော့ သဘာဝကျစွာ ပြောင်းလဲသွားတော့တယ်။
ယွန်းဂီကလည်း ဂျီမင်ဆွဲဆောင်မှုတွေကို တောင့်ခံထားစရာမလိုတော့တာကြောင့်စိတ်လိုလက်ရပင် ကျဆုံးလေတယ်

" ကောင်ဆိုးလေး... "

ထိုကောင်လေးဟာ ဘာမှမပါတဲ့ ကော်ဖီခွက်တစ်ခုကိုယူဆောင်လာပြီး သူအလုပ်လုပ်နေတဲ့စားပွဲပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်ရင်းမျက်လုံးများပိတ်သည်အထိ ပြုံးပြလာတဲ့အခါယွန်းဂီ ထိုင်ခုံမှထကာ ကောင်လေး၏မေးဖျား
လေးကို အသာဆွဲယူလိုက်တယ်။

သူထင်တဲ့အတိုင်း ဂျီမင်နှုတ်ခမ်းမှ လက်ကျန်
ကော်ဖီအရသာကို ခံစားမိလိုက်တော့
ဒီကောင်ဆိုးလေးဟာ သူ့ကော်ဖီကို အကုန်
သောက်လိုက်မှန်း နားလည်လိုက်တယ်။

" မင်းတော်တော်မျက်နှာပြောင်တတ်လာတာပဲ "

သူကောင်လေး၏ အင်္ကျိထဲ လက်ဝင်လိုက်တဲ့အခါ ကောင်လေးကလည်း သူ့ဘောင်းဘီဇစ်ကို အသာလာဆွဲလေသည်။

တစ်ဆက်တည်းခံစားမိတာက သူ့နှုတ်ခမ်းပေါ်က ကောင်လေးနှုတ်ခမ်းတစ်စုံ။
မွတ်သိပ်နေသည့်အနမ်းများကြောင့်သူအသာပြုံးကာ အလိုက်သင့်စီးမျောနေလိုက်သည်။

" ဒီစားပွဲပေါ်မှာ လား ?"

" အွန်း... "

ကုန်လွန်လာတဲ့ရက်တိုင်းမှာ ဂျီမင်ဟာယွန်းဂီထံမှ အချစ်တွေကို ခံစားလာရသည်။
အခုဆို ယွန်းဂီဟာ သူ့ကိုထိတွေ့ဖို့ သူ့ကိုယ်သူမထိန်းချုပ်တာကြောင့် ယွန်းဂီမျက်လုံးထဲက လိုချင်တပ်မက်စိတ်နဲ့ ချစ်မြတ်နိုးစိတ်ကို အပြည့်အဝ ဂျီမင်မြင်သွားခဲ့ပြီ။

" လှတယ် " ယွန်းဂီဟာ သြရှရှ အသံနဲ့ ရုတ်တရက်ဆိုလာလေသည်။

" ကျတော်ကလှတယ် ယောက်ျားလေးတယောက်ကို လှတယ်ဆိုတဲ့စကားလုံးကမသုံးသင့်ဘူးလေ "

" မဟုတ်ဘူး မင်းကချွင်းချက်ပဲ "

" လူလိမ် တကယ်သာလှရင် အရင်တုန်းကဘာလို့ တစ်ချက်လေးတောင် လှည့်မကြည့်ရတာလဲ? "

𝐂𝐢𝐭𝐲 𝐎𝐟 𝐒𝐢𝐧✓𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾✓Where stories live. Discover now