.. ၁၃၆ ..
14.9K 1.4K 47
《Zawgyi》
အပိုင်း - ၁၃၆
[သိပ်မကြာခင် ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် ရလာမှာ - ၁]
ချန်းစီနျန်က ချင်းစုယွဲ့ကို လာခေါ်ပြီး သူ့တိုက်ခန်းသို့ နှစ်ယောက်အတူတူ သွားကြ၏။
ချင်းစုယွဲ့အား လူတွေအများကြီး ရှိသည့် နေရာသို့ မခေါ်သွားသည့် ချန်းစီနျန်၏ ဆုံးဖြတ်ချက်မှာ ချင်းစုယွဲ့ရဲ့အတွေးနှင့် လုံးဝကို တူညီလှသည်။ ဒီနေ့ ကျုံးချင်းနှင့် ရှောပင်ထွက်တုန်းကလိုမျိုး လူအုပ်ကြီးထဲ သွားလာနေရင်းမှ အခြားလူတွေနှင့် ပုခုံးချင်း တိုက်မိသည့် ခံစားချက်ကြီးကို ချင်းစုယွဲ့က မကြိုက်ပေ။ သူတို့ ဘယ်နေရာသွားသွား လူတွေက အများကြီး ဖြစ်နေတာပင်။
ချင်းစုယွဲ့က ချန်းစီနျန်၏တိုက်ခန်းကို ရောက်ဖူးပီးဖြစ်သဖြင့် ရင်းနှီးနေ၏။
သူ တံခါးဖွင့်ပြီးတာနှင့် ချင်းစုယွဲ့က သူ့ဘေးမှဖြတ်ပြီး တိုက်ခန်းထဲသို့ အရင်ဆုံး ဝင်သွားလိုက်သည်။ သူမက ကိုယ်ကိုကိုင်း၍ ဖိနပ်ငုံ့ချွတ်လိုက်ရင်းမှ အပြုံးတစ်ခုနှင့် မေးလိုက်လေ၏။ "အဲဒါဆိုရင် စီအီးအိုချန်းရှင့် .. ဒီည ညစာကို ရှင့်ဘာသာရှင် ချက်ဖို့ စီစဉ်ထားတယ်မလား?"
ချန်းစီနျန်က ချင်းစုယွဲ့မှာ စွတ်ပြုတ် လုပ်ရာမှာသာ တော်သည်ကိုသာ သိရှိပြီး ဟင်းချက်ရာတွင်လည်း ပါရမီပါပြီး ကောင်းမွန်လှသည်ကိုတော့ မသိချေ။
ချင်းစုယွဲ့၏ မေးခွန်းကိုကြားတော့ ချန်းစီနျန်က ဤသို့ တွေးမိလေ၏။ : သူမက ဟင်းဘယ်လိုချက်ရမလဲ မသိပေမယ့် ငါတို့နှစ်ယောက် အတူတူ နေကြမယ်ဆိုရင်တော့ ဘယ်လို ချက်ပြုတ်ရမလဲဆိုတာ သိဖို့လိုလိမ့်မယ်
ချန်းစီနျန်က ထိုသို့ တွေးလိုက်မိပြီးနောက် သူ့ရဲ့ အနက်ရောင် အနွေးထည် အထူ အရှည်ကြီးအား ချွတ်လိုက်ပြီးနောက် မီးခိုးရောင် အစင်းလေးတွေပါသည့် သူ့လက်ရှည်အင်္ကျီကိုတော့ အပေါ်သို့ပင့်တင်လိုက်၏။ "ကိုယ် ချက်လိုက်မယ်"
ချင်းစုယွဲ့ဟာ ချန်းစီနျန်၏ "သေရမှာကို မကြောက်ရွံပဲ ရင်ဆိုင်တော့မည်" ဟူသည့်နှယ် အမူအယာကြောင့် သဘောတကျ ဖြစ်သွားရသည်။ "ရှင်က ဟင်းလေးပဲ ချက်ရမှာပါ .. ဘယ့်နှယ် ရန်သူနဲ့ စီးချင်းထိုးရမှာလဲ မဟုတ်ပဲနဲ့ .. အဲ့လောက် အလေးအနက်ကြီး လုပ်စရာ လိုလို့လားလို့?"