part 6

9K 913 16
                                    

Unicode

ထိုနေ့ညမှာတော့ jiminတို့အဖွဲ့ဟာ တယောက်အကြောင်းတယောက်ပြောရင်း သံယောဇဥ်တွေ ပိုလာခဲ့ကြတယ်။ တောင်အောက်မှာတော့ ရွာသားတွေက အိမ်ထဲကနေတောင် ဂရုတစိုက်နေနေရရှာသည် ။

အိမ်ပြန်ရောက်တော့ jungkook ဖုန်းတခုကို လက်ခံလိုက်ရတယ်။ ဖုန်းပြောနေရင်းနဲ့တောင် သူ့အပြုံးလေးက တောက်ပနေတော့ ဘေးကJimin တောင်ငေးလိုက်မိသေးသည် ။  သူတခါမှအဲ့လို မပြုံးဖူးဘူးမလား? ဘယ်သူမလို့ အဲ့လောက်ပြုံးဖြီးနေရတာလဲ ။

ညစာစားကြရင်းနဲ့ appa က jungkook ကို company မှာ အလုပ်သင်အနေနဲ့ လာလုပ်ဖို့ ပြောတယ်။ jungkook သိလိုက်ပီ။ Hyung ပြသာနာရှာထားတာကို appa သိသွားလို့မလား။ သူကျောင်းမပီးသေးတာတောင် အလုပ်ဝင်ခိုင်းနေပီဆိုတော့ appa က Hyung ကိုတော်တော် စိတ်ပျက်နေပုံရတယ်။ Jungkook ကတော့ နှစ်ခါစဥ်းစားစရာတောင်မလိုဘူး။  ကျောင်းမတက်ရလေ ပိုပျော်လေပဲ။ နောက်ပီး Hyung နဲ့ တွေ့ဖို့လဲ အချိန်တန်ပီလို့ သူထင်သည် ။

နက်ဖြန်က စပီး အတန်းချိန်အပြည့်မတက်နိုင်တော့တဲ့ jungkook ကို jimin က အိမ်မှာ စာပြန်ပြပေးရန် appa က တာဝန်ပေးလိုက်သည်။ jeon appa ကလဲ သဘက်ခါဆို Japan သွားရတော့မည်။ ဒီအိမ်ကြီးမှာ Jungkook နဲ့ jimin သာကျန်ခဲ့မှာဖြစ်သည် ။ Jungkook ရဲ့ တဦးတည်းသော အကိုဆိုတာကလဲ တအိမ်ထဲမှာ အတူတူနေပေးရလောက်အောင် သူ့ပေါ် မေတ္တာမရှိပေ ။
Jungkook က ဒီလိုအခြေအနေကို ပိုတောင် ကြိုက်သေးသည် ။

.........

အတန်းပိုင်ဆရာမက ဒီနေ့လဲ ကျောင်းသားသစ်ထပ်ခေါ်လာသေးတယ် ။ ဒီနှစ်ငါတို့အတန်းက ကျောင်းသားသစ်တွေအပေါဆုံးပဲနေမှာ ။ Jimin ကတော့ ရောက်လာတဲ့ ကျောင်းသားသစ်ကို စူးစမ်းဆဲ ဘာလို့လဲမသိပေမယ့် ဒီအသစ်ကိုတော့ စတွေ့ထဲက သဘောမကျနေမိ ။ ရောက်လာထဲက စပ်ဖြီးဖြီးနဲ့ သူက ဂျပန်ကဆိုပဲ ။ jungkook လဲ ဂျပန်ကပဲလေ။ သူ့ကိုမြင်မှ jungkook အလုပ် ပထမဆုံးနေ့မှာ  အဆင်ပြေရဲ့လားမသိဘူး။ စိုးရိမ်တာ မဟုတ်ပေမယ့် ကိုယ့်အိမ်က သူဆိုတော့ ဒီတိုင်းစိတ်ပူပေးရမယ့် တာဝန်ရှိလို့ပါ ။

Hs " jimin yoongi ဟျောင့်တွေထတော့ မင်းတို့ကလဲ စာသင်ခန်းကို မင်းတို့ အိပ်ခန်းများထင်နေလား အားနေအိပ်နေတော့တာပဲ ထတော့ နေ့လည်စာသွားစားမယ်

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now