.. ၁၃၇ ..
18.7K 1.6K 225
《Zawgyi》
အပိုင်း - ၁၃၇
[သိပ်မကြာခင် ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် ရလာမှာ - ၂]
ချန်းစီနျန် ရွေ့လိုက်တိုင်း ချင်းစုယွဲ့ကပါ လိုက်ရွေ့လာပြီး ထိုရွေ့လျားမှုနှင့်အတူ သူတို့၏ ခန္ဓာကိုယ် အောက်ပိုင်းတွေကပါ ထိပွတ်မိကြ၏။ ချန်းစီနျန်ကတော့ သူ့ကိုယ်တွင်းမှ မီးတောက်နေသကဲ့သို့ ပူလောင်လာသည်အား ခံစားလိုက်ရသည်။
သူက အသက်ကို ခပ်လေးလေး ရှူလျက် ချင်းစုယွဲ့အား အသေအချာ စိုက်ကြည့်လိုက်သည်။ "မင်း ထပ်ပြီး လှုပ်လိုက်ရင် ကိုယ်မင်းကို ဂရုစိုက်မိလိမ့်မယ်ဆိုတာ ယုံလား?!"
ချင်းစုယွဲ့ဟာ ထိုခြိမ်းခြောက်သံကို ကြားလိုက်ရတော့ ခဏလောက် အေးခဲသွားမိပြီး သူ့အပေါ်မှ အလျင်အမြန် ဖယ်ပေးလိုက်၏။ ဒါပေမယ့် ချင်းစုယွဲ့ရဲ့ သတိမထားမိပဲ လှုပ်ရှားလိုက်မှုက မတော်တဆ မီးပွားများ တောက်လောက်သွားသည်။ သူမက မထိသင့်ဘူးလို့ ထင်ရတဲ့နေရာကို ထိခဲ့မိလိုက်တယ်
ချင်းစုယွဲ့၏ မျက်နှာမှာ ရှက်ရွံ့မှုတို့နှင့်အတူ နီမြန်းသွားလေတော့လျက် ရှင်းပြရှာသည်။ "ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး .. ကျွန်မက ....." သူမ စကားဆုံးသွားတဲ့ထိ မစောင့်တော့ပဲ ချန်းစီနျန်က ချင်းစုယွဲ့အား သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ညွှန်ပြလိုက်၏။ "ကိုယ်ကတော့ မင်း တမင် လုပ်တယ် ထင်တာပဲ!"
ချင်းစုယွဲ့မှာ ပြောစရာစကားပင် မရှိရှာ။ "အဲဒါက အဲဒါက ..."
ငါလေး တစ်ကယ်ကို မရည်ရွယ်တာပါဆိုနေ။
ချန်းစီနျန်၏ ချိုးနှိပ်ထားရသော လိုအင်ဆန္ဒ အားလုံးတို့အား ဒီမတော်တဆ အထိအတွေ့ တစ်ခုက ရုတ်တရက် ဖြေလွှတ်ပေးလိုက်သလို ဖြစ်သွားသည်။ အကယ်၍ သူ့ဆန္ဒတွေ အကုန်လုံးကို မပွင့်ထွက်စေနိုင်ရင်တောင်မှ အတိုးချပြီး နည်းနည်းလောက်တော့ ပြန်ယူသင့်တယ်လို့ ထင်တာပဲ။
ချန်းစီနျန်က ချင်းစုယွဲ့အား ဆိုဖာထက်တွင် ပိတ်ထားလျက် သူမ၏ နှုတ်ခမ်းတွေမှာတော့ သူနမ်းထားသဖြင့် ထုံတောင်ထုံကျင်နေလေ၏။ ချင်းစုယွဲ့မှာ သူမ၏ နှုတ်ခမ်းအား ချန်းစီနျန်က အလွန် ပြင်းပြင်းထန်ထန် စုပ်နေသည်ဟု ခံစားနေရသဖြင့် မတတ်သာတော့ပဲ သူ့ကို တွန်းထုတ်ရသည်။ "အရမ်း ကြမ်းကြမ်းတမ်းတမ်း မနမ်းနဲ့လေ! အိမ်ပြန်ရအုန်းမှာ!"