part 9

8.7K 848 46
                                    

Unicode

Hoseok ကပြောတယ်။ Sunset ကအရမ်းလှတယ်တဲ့ ။သူ​​လိုက်ပြရမလား ဆိုတော့ ဘယ်သူမှ အဖတ်ပြန်မလုပ်ကြ။ သူ့မှာ သူနေခဲ့တဲ့ ကျွန်းကြီးအကြောင်းကြွားချင်တာကို ဟိုကောင်တွေက မသွားချင်ဘူးပျင်းတယ်ဆိုတာကြီးပဲ ။ နောက်ဆုံးတော့ hoseok ကပဲ ထားလိုက်ပါတော့ နောက်နေ့လဲ လိုက်ပို့လို့ရတာပဲ။
ထိုအချိန်၌

"Hopie သူငယ်ချင်းတွေကို လိုက်မပို့ဘူးလား သူတို့ ကမ်းစပ်မှာ လျှောက်သွားနေကြတယ်

အဒေါ်ဖြစ်သူစကားကြောင့် hoseok ကိုယ်လေးမတ်လာပြီး.. ဘာ ကမ်းစပ်ကိုသွားတယ် ခုနက ငါသွားမယ်ပြောတော့ မလိုက်ချင်ဘူးငြင်းတာ ဘယ်သူတွေမို့လဲ ခုကျ ငါ့ကိုထားပီး သွား​ကြတယ်ပေါ့ ။ hoseok ဘေးကိုကြည့်လိုက်​တော့ Yoongi မှ လွဲ၍ ကျန်တာအားလုံးမရှိ။ Hoseok လေးမှ ㅅပုံစံ နှုတ်ခမ်းလေးဖြစ်သွားရှာတော့သည်။

သူငယ်ချင်းဖြစ်သူကို ပစ်ပြီး မိုးမမြင်လေမမြင် ချစ်ကြည်နူးနေသော Jimin တို့အတွဲ ၊ တယောက်ထဲလေ့လာရေး ထွက်လာတဲ့  taehyung လေး ၊ ငြိမ်းချမ်းရေးယူဖို့ ထွက်လာကြတဲ့ Kimအတွဲ တို့သည် Hoseok လေးပြောသည့် နေဝင်ချိန်ဆည်းဆာကို ကြည့်ရင်း

"Jimin shii

"Nae

"Seoul ကိုပြန်ရောက်ရင် ငါ အလုပ်တွေအများကြီး လုပ်ရတော့မယ်

Jungkook က ရှေ့က နေဝန်းနီနီကြီးကို ငေးမောရင်း ပြောလိုက်သည်။
Jimin လေးက Jungkook မျက်နှာကို လှမ်းကြည့်လိုက်ပြီးမှ

"အလုပ်လုပ်တာကောင်းပါတယ် ဒါမယ့် အလွန်အကျွံတော့ မလုပ်ပါနဲ့ မင်းကိုမင်း ဂရုစိုက်ရမယ်လေ

Jungkook က ခြေထောက်အောက်က ကျောက်စရစ်ခဲလေးကို ကောက်ယူလိုက်ပြီး ရေထဲသို့ လှမ်းပစ်လိုက်သည်။ ပြီးမှ jimin နားကိုတိုးလျက်

"ငါပြောချင်တာက အလုပ်တွေများပြီး မင်းကို အချိန်မပေးနိုင်တော့မှာကို ပြောနေတာ အရူးရဲ့

"Haha.....  အဲ့လိုလား? မင်းဘာလို့ အဲ့လိုတွေးနေတာလဲ ငါတို့ အိမ်မှာ နေ့တိုင်းတွေ့နေရတာကို

"ဒါမယ့် ငါလဲ မင်းနဲ့ ကျောင်းတက်ချင်တယ်လေ

"Jungkook မင်းဘယ်တုန်းက အဲ့လောက်ထိငါ့ကို ဂရုစိုက်သွားတာလဲ

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Opowieści tętniące życiem. Odkryj je teraz