part 10

8.9K 901 103
                                    

Unicode

" Hoseok ကြောင့်သာ မဟုတ်ရင် ငါတို့ ဒီနေရာလေးကို လာဖြစ်မှာ​တောင် မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ကျေးဇူးပါကွာ
Jin မှ စကားဆိုလိုက်ခြင်းဖြစ်သည်။

ဘယ်လိုအကြောင်းကြောင့်ပဲရောက်လာ ရောက်လာ သူတို့ ဒီနေရာကိုအမှန်တကယ် သဘောကျတာကြောင့် Hoseok ကိုကျေးဇူးတင်လိုက်သည်။

Taehyung လဲ စကားဝိုင်းသို့ဝင်လာပြီး
"Hoseok ငါကြားခဲ့တာရှိတယ်

"ဘာကြားခဲ့တာလဲ

"ကျွန်းတောင်ဘက်မှာ အိမ်ကြီး တလုံးရှိတယ်ဆို

"ဟုတ်လား ငါမသိဘူး

Hoseok မှာ သိပါသော်လဲ ဘူးခံငြင်းလိုက်သည်။ သူသိတာပေါ့ အဲ့အိမ်ကြီးရှေ့ သူယောင်လို့တောင် ဖြတ်မလျှောက်တာ ။နောက်ပြီး ထူးဆန်းတဲ့ စကားတွေကြောင့် အဲ့အိမ်အကြောင်း ပြောတောင် မပြောရဲဘူးလေ။

"မင်းမသိဘူးလား ဒီကလူတွေအားလုံးသိပြီး မင်းက ဘာလို့မသိတာလဲ

"ငါ မသိချင်လို့မသိတာပေါ့ကွာ ငါက ဒီက ရွာသူကြီးလဲ မဟုတ်တာ အားလုံးသိစရာလိုလို့လား

Jin မှ

" ဟျောင့် hoseok မင်း ဘာလို့ စိတ်ဆိုးသွားတာလဲ Taehyung မေးတာ အမှားမှ မပါတာ

Jin အပြောကို jimin နဲ့ joon ကလဲ ထောက်ခံသဖြင့် ခေါင်းလေးညိမ့်ပြလိုက်သည်။ yoongi မှ

"မင်းကြည့်ရတာ မူမမှန်ဘူးလို့ ငါဘာလို့ခံစားနေရတာပါလိမ့်

"မင်းတို့ ဘာဖြစ်နေတာလဲ ငါ့ကိုဝိုင်းပြောနေကြတာ ငါတကယ် မသိပါဘူးဆို

Jin " taehyung မင်းညနေက ဘာကြားခဲ့တာလဲ ဆက်ပြောကြည့် hoseok ကမသိဘူးဆိုတော့မင်းပဲဆက်ပြောလိုက်

"အာ ဒီလို....
ကျွန်းတောင်ဘက်မှာ အိမ်အိုကြီး တလုံးရှိတယ်ဆိုပဲ
အဲ့အိမ်ရောက်ဖို့ကလဲ တောအုပ်ကြီးကို ​ဖြတ်ဖို့လိုတယ်တဲ့ အရင်က အဲ့အိမ်က သူဌေးတယောက်ရဲ့ အပန်းဖြေစံအိမ်တလုံးပဲ
လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူ့သမီးငယ်လေးက အဲ့အိမ်ရဲ့ တောင်ကုန်းပေါ်က လှိမ့်ချပြီး သေဆုံးသွားခဲ့တယ် ။
ကောင်မလေးသေဆုံးပြီးနောက်ပိုင်း အဲ့အိမ်ကြီးမှာ ထူးဆန်းတာတွေ မျိုးစုံ ကြုံလာခဲ့ရတယ်တဲ့ ။
အိမ်ကြီးက အလုပ်သမားတွေပြောကြတာက ကောင်မလေးက ညညဆို အိမ်ရှေ့ ဒါန်းလေးမှာ သီချင်းညည်းတတ်ပြီး သီချင်းပြီးတာနဲ့ တောအုပ်ထဲကို ဝင်သွားတတ်တယ်တဲ့ ။
သူအသက်ရှင်စဥ်တုန်းက တောအုပ်ကြီးထဲမှာ အလုပ်သမားတွေနဲ့ တူတူပုန်းတမ်း ကစားနေကြမို့ သူကအဲ့ဒါကို စိတ်စွဲပြီး တောအုပ်ထဲမှာ ကစားနေတုန်းပဲတဲ့။

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Onde histórias criam vida. Descubra agora