Part(1)

3.9K 187 10
                                    

မတူညီခြင်းတွေကို ညီမျှခြင်းချကြည့်ဖို့ ကြိုးစားကတည်းက မှားနေမှန်းသိပြီးသား......မှားယွင်းခြင်းတွေနဲ့သာ ခင်ဗျားအနားကပ်တွယ်နေနိုင်မှာမို့ နောင်တမရကြေး အလျော်အစားနဲ့ ကျွန်တော်တို့ အဆုံးထိဆက်သွားရအောင်.......ကိုကို ပျော်တယ်မဟုတ်လား......

ကမ်းစပ်တစ်ခုမှာ ထိုင်ရင်း...ခြေထောက်ကို သဲထဲမှာခပ်ဖွဖွထိုးထည့်ရင်း.....ခပ်ဝေးဝေးက လိုက်ဖက်တဲ့နှစ်ယောက်သားကို ငေးကြည့်ရတာလည်း သူ့အတွက်တော့ အခွင့်အရေးတစ်ခုပါပဲ။သူ့ချစ်ရသူရဲ့လက်မောင်းတစ်ဖက်ကို တစ်ခြားတစ်ယောက်က ခပ်တင်းတင်းဆုပ်ကိုင်ထားတာကို မမြင်လိုပေမယ့် အနည်းဆုံးတော့ ကိုကို့ရဲ့ဘေးတစ်စောင်းမျက်နှာလေးကို သူမြင်နိုင်ပါသေးသည်။

"ရိပေါ်ရေ....ငါတို့ပြန်ကြရအောင်"

"Ok"

ဘောင်းဘီအိတ်ထဲလက်နှိုက်ရင်း
ချစ်ရသောသူ၏အနောက်ကို အမှီလိုက်ရသည်။ရေကူးဝတ်စုံနဲ့ခါးသွယ်သွယ်လေးကို ဖက်ထားတဲ့ လက်တစ်စုံကို အနောက်ကနေစူးစိုက်ကြည့်ရင်း မလိုတမာအတွေးကြောင့် နာကျင်မုန်းတီးမိပြန်သည်။ကိုကို....ဒီတစ်ယောက်နဲ့တွဲနေတာ အတော်ကြာပြီ။

အကျီဗလာနဲ့မိန်းမတွေကို သူစိတ်မဝင်စားတတ်မှန်းသိနေတဲ့ ကိုကိုဟာ အိပ်ခန်းထဲထိ ဖုန်းဆက်ခေါ်တတ်ပြန်သည်။သူကလည်း မက်မက်မောမောကို သွားတတ်ပြန်သည်။အနည်းဆုံးတော့ ချွေးစိုနေတဲ့ ကိုကို့ရဲ့ ခန္ဓာကိုယ်ကို သူမြင်နိုင်သေးသည်မဟုတ်လား။

ခုလည်း ညဥ့်နက်သန်းခေါင် ခေါ်ပြန်ပြီ။လော့မချထားတဲ့ အခန်းကို နှစ်ခါလောက်ခေါက်ရင်း ဝင်သွားတော့ ဆီးကြိုတဲ့မြင်ကွင်းကြောင့် လန့်ဖျန့်သွားရသည်။တစ်ကိုယ်လုံးအဝတ်မဲ့နေတဲ့ ကိုကိုက အဲ့မိန်းမရဲ့အနောက်ပိုင်းနဲ့ တစ်သားတည်းကျနေတဲ့ ပုံစံက သူ့ကိုလောင်ကျွမ်းစေသည်။ညည်းညူသံတွေနဲ့ သူ့ကိုအာရုံမရောက်နိုင်သေးတဲ့ တောက်လောင်နေတဲ့ ကိုကို့မျက်နှာကို ရပ်ငေးရင်း သူ့ရပ်တည်ချက်ကိုသာ ပြန်သုံးသပ်နေမိသည်။သူဟာ ကိုကို့အတွက်ဘာလဲ.......။

"အာ...ရောက်နေပြီလား.....ထိုင်ဦး"

"လီလီ...မင်းသွားတော့"

Side Effects Donde viven las historias. Descúbrelo ahora