အပိုင်း(၁)

8 0 2
                                    

"သား.... အဖေတို့ မွေးရပ်မြေသွားလည်ရအောင်" 
ဟာ ဒီနွေကျောင်းပိတ်ရက် သူငယ်ချင်း ကျော်စွာဆီ လိုက်လည်မို့ကို အဖေက အစီအစဉ် ဝင်ဖဖျက်နေပြန်ပီ။
"အဖေကလည်း ကျော်စွာဆီလိုက်လည်မယ်လို့ ကျောင်းမပိတ်ခင်ထဲက ပြောတယ်လေ"
"ဟုတ်ပါတယ်သားရယ် အခုဟာက မင်းအကြီး ငါ့အဒေါ်အသည်းအသန်ဖြစ်နေလို့ပါ အဲ့တာသွားကြည့်မို့ မင်းပါလိုက်ခဲ့မှ ဖြစ်မှာ"
အဖေနဲ့တော့ ခက်ပီ သာရေးနာရေးဆိုတော့လည်း မငြင်းအပ်။ ကိစ္စတော့ ကွိုင်တက်ပီကွာ။
ကျွန်တော်ပြန်မဖြေတော့ပါ အဖေအိမ်ရှေ့ထွက်သွားပီ...။
.......
"တီတီ...."
အဲ့ကောင်ကျော်စွာ အမြဲတမ်း ဖုန်းကိုင်နောက်ကျတယ်...။
" hello ..."
"အေး ကျော်စွာ ငါမင်းနဲ့မလိုက်ဖြစ်တော့ဘူးနော် အိမ်မှာ fatherကြီးက ငါ့အကြီးအသည်းအသန်ဖြစ်နေလို့တဲ့ နယ်သွားရမယ်"
"ဟဟ အိမ်မပိုင်တဲ့ကောင် အစောကြီးထဲငါသိသားပဲ သွားခါနီးဆိုရင် မင်းဒီအတိုင်းပဲလုပ်လိမ့်မယ်လို့ "
"အေးပါကွာ ဖဲ့ထားပေါ့ အဲ့ဆိုဒါပဲကွာ ဆုကိုမင်းပဲပြောလိုက်ကွာ"
"အေး ပြောလိုက်မယ် မင်းအဲ့လိုကျက်ကျက်လုပ် ဆုက မင်းနဲ့မငြားပဲ ငါနဲ့ငြားတော့မယ်"
"မင်းက အစထဲက ဆုကို crushနေတာ မဟုတ်လား ဟဟ"
"အေး ဆုကလည်း မင်းကို crushနေတာလေ"
"မင်းဂျီးတော် ဒါပဲ "
"အေ သူဘက်လှည့်တော့ phချပီ ဟဟ"

ဟူး...ပြောပီးသားကြီးဖျက်ရတဲ့အတွက် ဒီကောင်ကိုအားတော့နာတယ် အခုတော့ သူငယ်ချင်းနဲ့လည်း မလည်ရ။ ဘာမှမရှိတဲ့ တောသွားရအုံးမည် ဪ...မောင်လရောင်တို့ဘဝက အိမ်မပိုင်တဲ့ တောဂေါ်လီဖစ်ပီ....
..........
"ကဲ ရောက်ပီ မင်းကြီးကြီးအိမ်"

အိမ်ကတော့ နှစ်ထပ်အိမ်ဆိုတော့ အနေအထိုင်တော့ နည်းနည်းလွတ်လပ်ပီ... အင်း ဒီလှာကာ ရွာလေးက အေးအေးချမ်းချမ်းလေးပဲ... ဒါပေမဲ့ ပျင်းစရာတော့ကောင်းမှာသေချာပါတယ်....
ဟင်... ဟိုနားက ဘာကောင်လေးပါလိမ့်...ခြံစည်းရိုး နားရောက်တော့ ယုန်လေးပါလား..
"ဝုတ်ဝုတ်...."
ခွေးတစ်ကောင် ခြံထဲကနေသူဆီပြေးလာတယ်
"Wtf...ခွေးလိုက်ဆွဲပီဟ "
ခွေးကကျွန်တော်ဆီပြေးတာ အတော်မြန်တယ်... ပြေးဖို့အလှည့် ခဲလုံးကိုခလုတ် တိုက်ပီးချော်လဲသွားတယ်... ခွေး ကျွန်တော်ဆီရောက်နေပီဆိုတာ ကျွန်တော်သိလိုက်တယ်... ရုတ်တရက် တစ်ခုခုကိုကိုက်ခဲလိုက်တဲ့ အသံကိုကြားလိုက်တယ်..။ မျက်လုံး ဖွင့်ကြည့်လိုက်တော့... ကောင်မလေးတစ်ယောက် ဟုတ်တယ် ကောင်မလေးတစ်ယောက် သွေးလက်မှာသွေးတွေကျနေတယ်။
"ဟာ...."
ကျွန်တော်မတ်တပ်ရပ် ထကြည့်လိုက်တော့ ကောင်မလေးရဲ့လက်ကိုခွေးက ခဲထားတယ်။ ကျွန်တော်ခွေးကို အနီးနားက တုတ်နဲ့ရိုက်ပီးမောင်းထုတ်လိုက်တယ်။ ကောင်မလေးကို ကြည့်လိုက်တော့ ငိုလည်းမငို ပြုံးနေတယ်။ သူပုံက နာနေပုံမပေါ်ဘူး။ ဘေးနားမှာ စာအုပ်လေးတစ်အုပ်ကျနေတယ်။
"သားဘယ်လိုဖြစ်တုံး "
အဖေကအသံကြားလို့ ပြေးလာတယ် ထင်တယ်။
"အဖေ ကျွန်တော်ကို ခွေးကိုက်ခါနီး သူဝင်ခံပေးတာ"
"ဟုတ်လား... အေးပါကွယ် မိန်းကလေးကယောကျာ်းလေးကိုပြန်ပီး ကာကွယ်ပေးရတယ်လို့  လာလာသမီး ဦးနောက်လိုက်ခဲ့ ဆေးထည့်ပေးမယ်လာ"
"ရပါတယ်ဦး သမီးမနာပါဘူး ဒီထပ်လည်း နာဖူးပါတယ် ပြီးတော့ အခုလို ဦးတို့ကို အကျိုးပြုခွင့်ရလို့ဝမ်းသာပါတယ် သမီးကိုသွားခွင့်ပြုပါအုံးနော်"
သူက ကျွန်တော်လက်ထဲက စာအုပ်ကိုဆွဲယူတယ်။ သူပုံစံက တစ်ခုခုကိုကျေနပ်နေတဲ့ပုံ။
"သမီး ခွေးကိုက်တယ်ဆိုတာ အန္တရာယ်ရှိလာနိုင်တယ် သမီး ကာကွယ်ဆေးလည်း ထိုးထားသင့်တယ် လာပါကွယ် ဆေးခန်းပါသွားရအောင်"
"ရပါတယ်ဦး သမီးမှာအချိန်မရှိလို့ လုပ်စရာလည်းရှိလို့ ခွင့်ပြုပါအုံး"
သူမလမ်းလျှောက်ထွက်သွားတယ်....
အဖေရော ကျွန်တော်ရော သူမကိုကြည့်ရင်းနားမလည်ပါ။ သို့သော် ကျွန်တော်ကတော့ သူမကိုကြည့်ရင်းသနားမိ၏။

You've reached the end of published parts.

⏰ Last updated: Apr 21, 2020 ⏰

Add this story to your Library to get notified about new parts!

နွေခြွေတဲ့ရွက်Where stories live. Discover now