part 11

9.7K 878 81
                                    

Unicode

တောအုပ်မှ ပြန်ရောက်ရောက်ချင်းပဲ jungkook တို့ခမျာ တရားနာလိုက်ရတာ မိုးလင်းပေါက်ပါပဲ။
Hoseok ဘွားဘွားက လူကြီးဖြစ်တာကြောင့် စပ်စုတတ်လွန်းတဲ့ လူငယ်တွေကို သဘောမကျပါ။ ခုလိုကိစ္စမျိုးကလဲ အန္တာရယ်များတာ​ကြောင့် သူမကဒေါသထွက်မိသည်။

ကြိမ်လုံးတချောင်းနဲ့ ရှေ့မှ စကားတွေအများကြီးပြောနေတဲ့ ဘွားဘွားကြောင့် jimin တို့ တုတ်တုတ်တောင် မလှုပ်ရဲ။ အိမ်မှာဆို အဖေတစ်ယောက်သာ မျက်စိထဲ မြင်တဲ့သူတွေလေ။ ကိုယ့်အမှားနဲ့ကိုယ်မို့ စကားတခွန်းမှ မဟရဲ။

Hoseok မှာ သူ့အဘွားအကြောင်း သူကောင်းကောင်းသိတာမို့ ဒူးထောက်လိုက်ထိုင်နေရတဲ့ ခြေထောက်အောက်ကို လက်ကလေးထိုးထည့်ထားလိုက်သည်။
အိမ်ပြန်ရောက်တာ တစ်နာရီထိုးတော့မယ် ။ ခုနာရီမော့ကြည့်တော့ မနက် သုံးနာရီကျော်နေပြီ။

ရောက်ထဲက ဒူးထောက်ထိုင်ပြီး ရှေ့ကတရားကို နားကြားနေရတာ ။ ခြေထောက်တွေလဲ ထိလို့မရအောင် ကျဥ်တတ်နေပြီ။ Jimin မျက်နှာကလဲ ပြိုတော့မယ့်မိုးလိုပဲ မဲသဲနေပြီ။ Jungkook က Jimin ဘေးနားကပ်လျက် အဆင်ပြေရဲ့လား မေးဖော်တော့ရပါရဲ့ ။ သူကိုယ်တောင်ကတော့အဆင်မ​ပြေဘူးပေါ့ ။

သူ့အမေးကို ခေါင်းလေးယမ်းပြလာတော့ သူ့အသဲတွေ ထပ်နာရပြီလေ ။ နာနေလဲ ဘာမှ မတတ်နိုင် သူကိုယ်တိုင်တောင် မလှုပ်ရဲလို့ ထိုင်နေတာလေ။

ချစ်ပေမယ့်လဲ မကယ်နိုင်ဘူး ပိစိရယ် ငါလဲ မင်းလိုဘဝပဲ

ဆိုတဲ့ အကြည့်လေးဖြင့်သာ Jungkook ကြည့်နေမိသည်။

Jin မှာတော့ ဘယ်ယိမ်းလိုက်ညာယိမ်းလိုက်နဲ့ မသိရင် ဝါးပင်ကြီး လေတိုက်လို့ ယိမ်းနေသလိုပဲ။ ဘေးက joon ကလဲ ဘွားဘွားကြီးစကားတွေကို Rap စာသားပြောင်းရန် တွေးနေသည် ။

Yoongi ကိုကြည့်အုန်းမလား ။ တစ်ဂီ ထဲ ရှိတဲ့ yoongi ဟာ အိမ်မက်ကမ္ဘာထဲသို့ ရောက်ရှိနှင့်ပါပြီ။ အနေအထားမျိုးစုံနှင့် အိပ်တတ်အောင် လေ့ကျင့်ထားတာ အလကားမဟုတ်ကြောင်း Yoongi မှ သက်သေပြလိုက်ပြီဖြစ်ပါသည် ။

ဘွားဘွားကြီး စကားကို ဖြတ်ပြောလိုက်သည်မှာ
Taehyung သာ

"ဘွားဘွား မနက်မိုးလင်းတော့မယ်နော်

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now