part 13

9.3K 798 71
                                    

Unicode

မနက်အစောပြန်ဖို့စီစဥ်ထားတာမို့ အထုတ်ကိုယ်စီသိမ်းဆည်းနေကြတဲ့ထဲ အလုပ်ရှုပ်ဆုံးမှာ Yoongi သာဖြစ်သည် ။
သူ့မှာ ဒုတ်ချိုချဥ်လေး ပါးထိုးပြီး သစ်သားခုံပေါ်မှာထိုင်လျက်ဖြင့် သူလိုရာစေခိုင်းနေတော့သည် ။

" ဟျောင့်တွေ မြန်မြန်သယ်ကြစမ်းပါ လိပ်တွေကြနေတာပဲ

Joon "  ယား မင်းလဲ ထလာဖို့စိတ်ကူးမရှိတော့ဘူးလား ထိုင်နေပြီးလျှာဝင်ရှည်နေတယ်

Hoseok" ဟုတ်တယ် မင်းလဲ လာကူသင့်တယ်နော် ဒိီမှာ မင်းအထုတ်တွေလဲ ပါတယ်

Yoongi " ဟေ့ကောင်တွေ ငါလဲ လာကူချင်ပါတယ် ဒါမယ့် ငါမနေ့ညက အိပ်ရေးမဝတော့ အားမရှိဘူးကွ သဘောထားကြီးကြစမ်းပါ

Yoongi ​အပျင်းတစ်မှုကြီးကြားပြီး အားလုံး မျက်နှာရှုံ့မဲ့သွားရသည်  ။ အဆိုးဆုံးကတော့ Hoseok သာ ။ အဖွဲ့ထဲမှာ အတတ်ကြွဆုံးဘွဲ့ရထားတဲ့ သူကတော့ ဟိုအထုတ်ပြေးဆွဲရ ဒီအထုတ်​ပြေးသိမ်းရနဲ့ စီးထားတဲ့ ဖိနပ်တောင်ပျောက်လို့ ။

ပျောက်ရတဲ့ဖိနပ်အ​ကြောင်းကလဲ ပြောမပြီး ။
အိပ်ယာထထဲက ဒီခြေထောက်မှာကပ်နေတဲ့ ဖိနပ်က ဘယ်အလစ်မှာ ပါသွားလဲမသိ ။
ခုသူ့နေကြာပွင့်ပါကာတွန်းဖိနပ်လေးက Taehyung ခြေထောက်မှာ စွတ်လို့ ။

ဂယောင်ဂရမ်းအိပ်ချင်မူးတူးနဲ့ Taehyung ကတော့ မျက်နှာလေး မပွင့်တပွင့်နဲ့ လောကကြီးကို ​အပြည့်အဝတောင်မကြည့်နိုင်သေး ။ သူများ ဖိနပ်တရံကိုတော့ ခိုးထားပြီးပြီ ။

ခုနက Hoseok က သူ့ခြေထောက်ကို လာဆွဲပြီး
သူ့ဟာ သူ့ဟာနဲ့ သူများဖိနပ်ကို လာဆွဲချွတ်နေတာ ။ တော်သေးတယ် သူက ခြေသိုင်းသုံးလေးကွက်လောက်ပြလိုက်တာ Hoseokie က လန့်ပြီးပြေးသွားလို့ ။ မဟုတ်ရင် မနက်စောစော ဖိနပ်လုခံရတော့မို့ ဟူးးး ။

အထုတ်တွေကလဲ လာတုန်းက အဲ့လောက်မများဘူး ။ ခုပြန်မယ်ဆိုတော့ ဘွားဘွားကြီးရော ဦးလေးတို့ လင်မယားကပါ ဟင်းနစ်တွေ မုန့်တွေထည့်ပေးလိုက်တာ အထုတ်ပေါင်းစုံနဲ့ ။ နောက်ပြီး ရှိသေးတယ် မနက်က ရွာသားတချို့ရောက်လာပြီး

No Reason || 𝕮𝖔𝖒𝖕𝖑𝖊𝖙𝖊 ||Where stories live. Discover now