Chapter 6 ( Unicode)

16.1K 1.4K 48
                                    

"အန်တီမြတ်ရေ ဖုန်းလာနေတယ်၊ အရေးကြီးလို့တဲ့ တောင်ငူကတဲ့"

တောင်ငူက ဆက်တာဆိုတော့ သားမြတ်သော်ပဲ ဖြစ်လိမ့်မယ်လို့ မြတ်စိတ်ထားက မှန်းကြည့်လိုက်သည်။ မနက်တုန်းက ခင်ပွန်းဆုံးသွားတော့ သားကိုဖုန်း‌ခေါ်ပြီး ဒေါသထွက်ထွက်နဲ့ ဆူပစ်လိုက်သည်။ အခုရော အဖေတစ်ယောက်လုံး ကွယ်လွန်သွားတာလောက် ဘယ်ကိစ္စက အရေးကြီးနေလို့ ရန်ကုန်ကို မလာနိုင်ဖြစ်ပြီး ဖုန်းဆက်နေရတာလဲ။

"ဟယ်လို မြတ်သော်လား"

"ဟယ်လို .. အဲ့ဒီဘက်က မောင်မြတ်သော် အမေလားရှင့်"

"ဟုတ်ပါတယ်၊ ကျွန်မ မြတ်စိတ်ထားပါ၊ မြတ်သော်အမေပါ၊ အခုပြောနေတာ ဘယ်သူပါလဲ"

"ကျွန်မက မြတ်သော်ရဲ့ယောက္ခမပါ၊ မြတ်သော်တို့လင်မယား accident ဖြစ်ပြီး ဒီနေ့ပဲ ဆုံးပါးသွားလို့ အကြောင်းကြားပေးတာပါ"

"ကျွန်မသား .. ကျွန်မသား မြတ်သော်.. ဆုံးပြီ ဟုတ်လား"

မြတ်စိတ်ထား လုံးဝမကြားချင်သော သတင်းဆိုး။ ဒီမနက်ကမှ သားနဲ့ စကားပြောခဲ့သေးတာပဲ။ သားကို စိတ်တိုတိုနဲ့ အော်ဟစ်ခဲ့သေးတာပဲ။ အခုတော့ ဆုံးသွားပြီတဲ့။ မိဘစကားကို နည်းနည်းမှ နားမထောင် မလိမ္မာသော သားမိုက်လေး မြတ်သော် ဆုံးပြီတဲ့။

"ကျွန်မသမီး နွမ်ဂျာပါ ကွယ်လွန်သွားတာပါ၊ နောက် ၂ ရက်နေရင် မြတ်သော်ကို အသုဘချပါမယ်"

"ကျွန်မသိပြီ၊ ကျွန်မ လာခဲ့ပါမယ်၊ ကိုဆက်အောင်ရယ် ရှင်ကလေ နောက်ဆုံးအချိန်မှာ သားကိုမတွေ့လိုက်လို့ သားကိုပါ တမလွန်ခေါ်သွားတာလား ကိုဆက်အောင်ရဲ့"

သူဌေးမကြီး ဒေါ်မြတ်စိတ်ထား၏ မချိတင်ကဲ ငိုယိုသံကို ဒေါ်ခမ်းနွမ်သည် ဖုန်းထဲမှ ကြားလိုက်ရသည်။ အံ့သြခြင်းနှင့်အတူ ကြီးစွာသော စိတ်မကောင်းခြင်း လည်း ဖြစ်ရသည်။ လင်ရော သားကိုပါ ဆုံးရှုံးလိုက်ရသည့် မိန်းမတစ်ယောက်၏ ခံစားချက်ကို ကရုဏာသက်မိသည်။

"အဲ့ဒီဘက်က သူဌေးကြီး ဦးဆက်အောင် ကွယ်လွန်သွားပြီဟုတ်လား"

"ကျွန်မယောင်္ကျား ဒီမနက်ကမှ ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ကွယ်လွန်သွားတာ၊ အခု ကျွန်မသားပါ သူ့အဖေအနောက်ကို လိုက်သွားပြီ ..အီးဟီး ..မြေးရော ..ကျွန်မမြေးရော ..ကျွန်မမှာ မြေးပဲရှိတော့မှာပေါ့"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now